Tuesday, June 5, 2012

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများနဲ့ ပတ်သက်၍ထုတ်ပြန်ကြေငြာချက်များ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..


“၀ီရသူ” သဘောထား (၃/၇၄)

by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 9:24pm ·
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော် ကြေငြာအပ်ပါသည်။ (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

          (ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။

          (ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။

          (ဃ) 2-6-2012 ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခွါလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက ၀ိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။

          (င) ထိုသို့ သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။

          (စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။

          (ဆ) ဤဖြစ်စဉ်တွင် အမှားကို အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန် ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက် လက်တုံ့ပြန် သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။

          (ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။ ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။

          စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘော ကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့် ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင် မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့ မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။

          (ဈ) ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။

          (ည) ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊ ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊ ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလိုက်ကာ မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည် အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစားရမည် ဖြစ်ပါသည်။

          မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။

          ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ၀ိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံ တောင်းပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့)
Email- wirathu2012@gmail.com 

 

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်လျှက်ရှိသော အခြေအနေများနဲ့ ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများနှင့် ပြန်ကြားရေး ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ကြေငြာချက်..


စစ်တွေမြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူငယ်တဦး (Reuters) 

၈၈မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံကြေညာချက်ထုတ်ပြန် 
(ဇွန်လ၊ ၄ရက်၊ ၂၀၁၂ခုနှစ်)
စာအမှတ် - ၂၅/၂၀၁၂ (၈၈)
ရက်စွဲ - ၄ ၊ ၆ ၊ ၂၀၁၂

၈၈ မျိုးဆက်ကျောင်းသားများ

၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊

သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ

ဖုန်း - ၀၁ - ၅၇၇ ၆၅၆

Email - 88generation@gmail.com

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ မေတ္တာရပ်ခံ ကြေညာချက်

၁။ ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊  ဉ်ကျေးမှုစုံလင်စွာ ဖြင့် အေးချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော  လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။

၃။ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ၊ အဓိကရုဏ်းများ ဖြစ်ပွားနေကြောင်း ကြားသိရပါသည်။

၎။ စင်စစ်အားဖြင့် မတရားပြုကျင့်၍ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာမရှိသည့်အပြင် မည်သည့် ဘာသာတရားကမှလည်း လက်သင့်ခံနိုင်မည် မဟုတ်ပါ။

၅။ ၄င်းပြင် ထိုအခြေအနေဆိုးများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှ မက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက် များသာဖြစ်သည်ကို သတိပြုမိစေချင်ပါသည်။

၆။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ဋ္ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံး အနေဖြင့် မေတ္တာကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့ “၈၈ မျိုးဆက်ကျောင်းသားများ”မှ အလေးအနက် မေတ္တာရပ်ခံ အပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်တွေဆေးရုံကြီးမှ ဒဏ်ရာရရှိသည့်လူနာများ မြင်ကွင်း (Reuters) 

အထူးသတင်းထုတ်ပြန်ချက် 
(ပြန်ကြားရေး ၀န်ကြီးဌာန)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော်အစိုးရက တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း အစီအစဉ်တွင် လည်းကောင်း၊ ဇွန်လ ၅ ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ရှားကြပါရန်နှင့် ဥပဒေနှင့် အညီ နေထိုင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ Website စာမျက်နှာတွင် လွန်ခဲ့သောမိနစ်ပိုင်းအတွင်းက သတင်းထုတ်ပြန် လိုက်သည်။


link-

http://www.ministryofinformation.gov.mm/index.php?option=com_content&view=article&id=137%3A2012-06-04-08-20-12&catid=1%3Alocal-news&Itemid=58&lang=en

No comments: