လွန်ခဲ့သော
နှစ်နှစ်ခန့်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး
ရှာဖွေ တွေ့ရှိခဲ့သည့် ရောဂါပိုး တစ်မျိုးသည် ခုခံအားကျဆင်းမှုကို
ပို၍ ဖြစ်ပွားနိုင်ခြေရှိကြောင်း US National Coalition of STD Directors အဖွဲ့မှ William Smith က သတိပေး ပြောကြားလိုက်သည်။
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ် တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးအဖြစ် AIDS ရောဂါပိုးထက်ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာရှိကြောင်း ယခုအခါ အဆိုပါ ဗိုင်းရပ်စ်ပိုးအား ဟာဝိုင်အီ ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေး နိုင်ငံများတွင် စတင် ပျံ့နှံ့နေသည်ကို တွေ့ရှိရကြောင်းလည်း အမေရိကန် ပြည်ထောင်စုမှ ဆရာဝန်များက သတိပေး ပြောကြားထားသည်။ ၎င်းရောဂါ ပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် ကုသရန် အမေရိကန်ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ် ရှိကြောင်း လိုအပ်ကြောင်း ပြောကြားထားသည်။
http://www.scienceworldreport.com/articles/6672/20130506/gonorrhea-ho41-...

No comments:
Post a Comment