Saturday, May 11, 2013

မုန်တိုင်း သတိပေးချက် သတင်း

မုန်တိုင်းသတင်း

၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

မေလ(၁၆)ရက်နေ့နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ
(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)
ကမ်းခြေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်း

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး
ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများ အနေဖြင့်မုန်တိုင်း အန္တရာယ်ရှောင်ရှား ရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်ပိုမို
အားကောင်းလာကာဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)အဖြစ်သို့
ရောက်ရှိခဲ့ပြီးမြန်မာနိုင်ငံ(ကော့သောင်းမြို့)၏အနောက်တောင်ဘက်
မိုင်(၅၁၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြု နေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊မုန်တိုင်းဗဟိုချက် အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်း မှာမိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။

မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်တိုင်း သည်နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး၊အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တကွေ့၊မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန် ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီးလှိုင်းကြီးမည်။ 

မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်
လေသည်တစ်နာရီ လျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအ၀ါရောင်အဆင့်သာရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီးအရှေ့မြောက်ဘက် သို့ကွေ့လျက်မေလ(၁၆)ရက်နေ့နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)

ကမ်းခြေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများဆီသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန
မုန်တိုင်းသတင်း
၂၀၁၃ခုနှစ်၊ မေလ(၁၁)ရက်နေ့မြန်မာစံတော်ချိန်
(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
မေလ(၁၆)ရက်နေ့နံနက်ပိုင်းခန့်တွ
င်မြန်မာနိုင်ငံ

No comments: