ဦးသိန်းစိန်အပါအဝင်ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုသောအစိုးရနှင့်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်
ပန်းတောင်းတောင်စုံစမ်းစစ်ဆေးရေးကော်မရှင်တို့က
မြန်မာပြည်နှင့်ကမ္ဘာမှဘယ်ကနေအမြတ်ပေါပေါထုတ်ရရ လူထုသေ ကြေမှုကို
ဘယ်တုံးကမှဂရုမစိုက်ပဲ
လူသတ်အာဏာရှင်များကိုလက်နက်တပ်ပေးပြီးလိုတရဘို့အတွက်လုပ်လေ့ရှိသော
တရုတ်တို့နှင့် မည်သည့်နည်းနှင့်မျှ လူထုကိုအကျိုးကျေးဇူးမပြုသော
ဥိးပိုင်အတွက် ကြေးနီစီမံကိန်းကို ဘက်လိုက်ပြီး လူထုမျက်နှာကို
ဖင်လှန်တံတွေးထွေးကာ ဆက်လုပ်ရန်အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကော၊
ပြောင်းလဲရေး လုပ်ပြီးလူထုအတွက်ဖြစ်စေချင်ပါတယ်ဆိုသော ဦးသိန်းစိန်တို့ကော
ထိုကြေးနီစီမံကိန်းက မည်သည့်နည်းနှင့်များတိုင်း ပြည်နှင့်လူထုကို
အကျိုးပြုနေသည်ကိုတော့ ရှင်းရှင်းလင်းလင်းဖြေကြားပြောဆိုနိုင်မှုမရှိခဲ့ပေ။ ထို့အပြင်
လူထု၊ တိုင်း ပြည်နှင့်သဘာဝပါတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးစေပြီး
လူထုနှင့်တိုင်းပြည်ကို နောင်လာနောက်သားများဘဝအထိ ညစ်
ညမ်းမှုအမျိုးမျိုးဖြင့်ဒုက္ခပေးမည့်အကြောင်းအရာများကို
ထည့်သွင်းစဉ်းစားခဲ့ခြင်းသေသေချာချာ မလုပ်ခဲ့ကြပေ။ သမ္မတ
ဖြစ်ချင်လွန်းအားကြီးပြီး ကျွန်မသမ္မတဖြစ်ချင်ပါတယ်၊
ဖြစ်ချင်ပါတယ်တအော်ထဲအော်ကာ ရူးသွပ်သွပ်ဖြစ်သွားပြီး လူထု အတွက်ကို တကယ်ကို
သောက်ဂရုမစိုက်တာပဲလား၊ ဒါမှမဟုတ် သူမပြောသော
လူထုနှင့်နိုင်ငံကောင်းကျိုးဆိုတာက ဒီ လိုမျိုးလားဆိုတာ
သူ့ဘာသာသူဖြေရှင်းရန်၊ မေးခွန်းထုတ်ရန်လိုလာပါပြီ။
ဒေါက်တာဘွဲ့ရပြီးသူတယောက်ဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်သည်
သတ္တုမိုင်းများ (အထူးသဖြင့် သဘာဝပါတ်ဝန်း
ကျင်ထိမ်းသိမ်းရေးဘာအဆင့်အတန်းမျှမရှိသောတရုတ်အရင်းအမြစ်တူးဖေါ်မှုများ)က
နိုင်ငံအတွက် လူမျိုးအတွက် နောင်နှစ်ဆယ်စုပေါင်းမည်မျှကြာအောင်
ထိခိုက်နစ်နာစေမှုများဖြစ်နေစေလိမ့်မည်ကို သိရှိနိုင်လိမ့်မည်ဟု မျှော်လင့်ရ
ပါသည်။ အမေရိကန်တွင်
တချိန်ကကုမ္မဏီကြီးများကညစ်ညမ်းမှုဖြစ်စေခဲ့သောနေရာများကို
နိုင်ငံအစိုးရနှင့်လူထုမှ ဒေါ် လာသန်းပေါင်းများစွာအကုန်အကျခံ၊
နှစ်ကာလကြာရှည်စွာပြန်လည်ထိမ်းသိမ်းရေးလုပ်ငန်းများ လုပ်နေခဲ့ရသည်။ ထိုနေ ရာများကို မီလီနီယမ်နေရာများဟု အမေရိက သဘာဝထိမ်းသိမ်းရေးဌာနမှသတ်မှတ်ထားသည်။ ထိုသို့နေရာမျိုးထပ်မဖြစ်
အောင်ယခုအခါ ညစ်ညမ်းမှုလုပ်သူကတာဝန်ယူသန့်စင်ရသောအလုပ်ကို
လုပ်စေမည့်စည်းကမ်းအရေးယူမှုများဖြင့် ကာကွယ်စောင့်ရှောက်လာကြပြီဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင်တော့
ဒေါ်အောင်ဆန်းစုကြည်ကော၊ ဦးသိန်းစိန် အစိုး ရကောက
အနာဂတ်တွင်နိုင်ငံ၊လူထုအတွက်နှင့် မျိုးဆက်သစ်များအတွက်
သဘာဝပါတ်ဝန်းကျင်လွန်စွာထိခိုက်မည့်ကိစ္စ ကိုအားပေးအားမြှောက်ပြုခြင်းမှာ
အလွန်ရှက်စရာကောင်းလှသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင်
ယခင်ကတူးဖေါ်မှုလုပ်ခဲ့သောသတ္တုတွင်းတူမှုလုပ်ငန်းများကြောင့် အထက်ပါနေရာမှာ
သစ်တောများအလယ်တွင်ရှိနေလင့်ကစား ယခုအချိန်အထိ
အပင်များပြန်မပေါက်နိုင်တော့ပဲ သဲကန္တာရကဲ့သို့ဖြစ်နေဆဲ ဖြစ်သည်ကို
တွေ့ရပါလိမ့်မည်။ ထိုနေရာများတွင် သစ်တောများပြန်မပေါက်ကြတော့ပါ။ အောက်ပုံတွင်အသေးစိတ်ပိုမြင် ရပါလိမ့်မည်။
သစ်တောအတွင်းတွင်ပင် သတ္တုမိုင်းတူးဖော်မှုကြောင့်သဲကန္တာရအသွင်ပြောင်းလဲသွားခဲ့သည်။ နောက်ထပ်မြောက်ဖျားနေ
ရာတခုမှ ပြောင်းလဲမှုကိုလဲ အောက်ပုံတွင်မြင်ရနိုင်ပါသည်။
ထိုနေရာမှဧရာဝတီမြစ်စအတွင်းသို့ဝင်ရောက်သောရေများက
နို့နှစ်ရောင်အရည်များအဖြစ်စီးဝင်ပြီး မြန်မာပြည်သားအများစုမှီခိုနေရသော
ဧရာဝတီမြစ်ကြီး၏ရေအရည်အသွေးကို ထိ ခိုက်ပျက်စီးစေပါသည်။
ထိုနေရာများယခုထက်ထိလဲ အပင်များပြန်လည်ပေါက်ရောက်နိုင်ခြင်းမရှိတော့ပါ။ ထိုလုပ်ငန်းများကြောင့်
ဧရာဝတီမြစ်ရေ ကိုမှီခိုသုံးစွဲနေရသူမည်မျှ
ကျမ်းမာရေးဆိုင်ရာဒုက္ခများရောက်ခဲ့ရသည်ကို အစိုးရကော၊
မည်သူကမျှမှတ်တမ်းပြုစုထားခြင်း မရှိသောကြောင့်မသိနိုင်ပါ။
ထိုသို့နှစ်ရည်လများသဘာဝပါတ်ဝန်းကျင်ထိခိုက်မှုကြီးမားပြီး
ပြန်လည်ပြုပြင်ထိမ်းသိမ်းရန်အချိန်နှင့်ငွေအလွန်အကုန်အ ကျခံလုပ်ရသည့်
ဆိုးကြိုးများကို လက်ပန်းတောင်းတောင်စီမံကိန်းက
အောက်ပါအတိုင်းလုပ်နေခြင်းများတို့အား မည်သို့
ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်နိုင်မည်ကို
ဒေါ်အောင်ဆန်းစုကြည်စဉ်းစားကြည့်စေချင်သည်။ သမ္မတရာထူးရူးသည်နှင့်
လူမျိုးကော၊ တိုင်းပြည်ကော၊ အနာဂတ်နောင်လာနောက်သားများကော
ထိခိုက်မှုဖြစ်စေမည့်ကိစ္စများကို မလဲလှယ်သင့် ပါ။
အောက်တွင်လက်ရှိဖြစ်နေသည့်ယခုကာလအထိသဘာဝပါတ်ဝန်းကျင်နှင့်လူသားတို့၏ကျမ်းမာရေးထိခိုက်စေမှုများကို
မဟာမဟာတရုတ်ကြီးများက မည်သို့လုပ်ဆောင်ပေးကြမည်ကိုလဲ
မေးမြန်းကြည့်စေချင်သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်
မြန်မာ့ရေမြေတောတောင်သဘာဝများနှင့်လူသားများကို
တရုတ်များ၏ငွေမည်မျှနှင့်ဈေးဖြတ်သည်ကို လက်ခံ သင့်မသင့်လဲ
တော်တော်စဉ်းစားသင့်သည်။ အကယ်၍သာ ထိုသို့မစဉ်းစားပဲ
လူတွေနှင့်သဘာဝပါတ်ဝန်းကျင်ဖြစ်ချင်ရာ ဖြစ်၊
သမ္မတရာထူးလေးရပြီးရောလုပ်လျှင်တော့
ထိုလိုလူမျိုး၏လူထုအပေါ်ထားသောစေတနာမည်သို့ဖြစ်သည်ကို လူထု
ကဆုံးဖြတ်ကြလိမ့်မည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းလဲ သေရာဘဝက ရှက်ရှက်နှင့်ကိုယ့်မျက်နှာကိုယ်ဓါးနှင့်လှီးဖြတ်ချင်အောင် ခံစားမှုမျိုးမဖြစ်စေလိုပါ။
လက်ပန်းတောင်တောင်မှအစွန်းအဖျားဖျက်စီးမှု
ဤမြေကိုမည်သို့မည်ပုံပြန်လည်စိမ်းလမ်းစိုပြေအောင်ပြုလုပ်ပါမည်လဲ။
တရုတ်တို့ကတော့
အမြတ်ထုတ်လို့ရပြီးရင် ထားသွားမှာသေသေချာချာပင်။
ပြန်လည်ထိမ်းသိမ်းလုပ်ရသည့်လုပ်ငန်းဆို လျှင်လဲ တရုတ်က ဘယ်တော့မှမလုပ်ပါ။ အာဖရိကမှာလဲ ဒီလိုဖျက်စီးမှုတွေဒုနဲ့ဒေးတရုတ်တွေကလုပ်နေသည်။
ရေဆိုးရေညစ်များကိုလဲ
မြေဆီလွှာထဲဝင်ရောက်ပြီးပါတ်ဝန်းကျင်လူထုများ၊
သဘာဝမြေအောက်ရေကြောများမထိခိုက် အောင်တရုတ်များက မည်သို့လုပ်ပေးမည်နည်း။
သေချာတာကတော့ ဖျက်ဆီးပြီးသည့်နေရာတွေကို ထိုသို့စွန့်ပစ်တာမျိုးပဲ တရုတ်တွေက လုပ်လေ့ရှိသည်။
တရုတ်ကို
ကြောက်ပြီးသူတို့လုပ်ချင်ရာလုပ်ခွင့်ပြုရမည်ဆိုလျှင်တော့
မြန်မာ့တပ်မတော်သားတွေ ထမိန်ဝတ်ထားကြဘို့ လိုပါမည်။
ထိုသို့ပျက်စီးမှု၊ဖျက်ဆီးမှုများက
တိုင်းပြည်နှင့်လူမျိုးအတွက်မည်မျှနစ်နာစေကြောင်းဒေါ်အောင်ဆန်းစုကြည် ကော၊
ဦးသိန်းစိန်ကော တွက်ဆကြည့်သင့်သည်။ တရုတ်ကရသည်နှင့်
တိုင်းပြည်ရေရှည်နစ်နာမှု၊ လူထုများရေရှည် ထိခိုက်ခံရမှုများတို့
ထည့်တွက်ပြီးမြတ်သည်ပြောရဲလျှင်လူသိရှင်ကြား ပြောပြစေလိုသည်။ ကမ္ဘာတရပ်လုံးက ထိုသို့ ပြောသူများသည်မည်သို့သောအရူးများဖြစ်သည်ကို ဝိုင်းမှတ်တမ်းတင်နိုင်ကြပေလိမ့်မည်။
No comments:
Post a Comment