Thursday, May 9, 2013

မိုးသီးဘာလို့ကြွေလဲ


မိုးသီးဘာလို့ကြွေလဲနည်းနည်းလေ့လာကြည့်တာပါ


ရာသီဥတု ပြောင်းလဲမှုနှင့် ဒေသခံ အစုအဖွဲ့များ -ကျော်ဦး

မိုးလေဝသ အခြေအနေ များသည် ဒေသခံ အစု အဖွဲ့များ အတွက် ယင်းတို့၏ ဘဝနှင့် ယဉ်ကျေး မှုပင်ဖြစ်သည်။ နေဝင်နေထွက် လေတိုက်ခြင်း မိုး ရွာသွန်းမှု ပမာဏ နွေမိုးဆောင်း ပြောင်းလဲမှု စ သည်တို့ အားလုံးသည် သူတို့ အတွက် အဓိပ္ပာယ် ရှိပြီး သူတို့၏ ဘဝနှင့် ဆက်စပ်နေသည်။ မကြာ သေးမီ အချိန်က စ၍ မိုးလေဝသ ပုံစံများ ပြောင်း လဲမှုသည် ပို၍ ပြင်းထန် လာကြောင်း တွေ့မြင် ကြရသည်။

ယင်း ပြောင်းလဲမှု များသည် တစ်ဖန် တော ရိုင်း တိရစ္ဆာန် များ၏ ဘဝ၊ အပင်များ ကြီးထွားမှုကို သက်ရောက်ပြီး ဒေသခံများ၏ ဘဝ ကို လွှမ်းမိုးသည်။ မိုးလေ ဝသ အခြေအနေ များသည် အချိန်တို အတွင်း ပြောင်းလဲ တတ်သည်။ တစ်နေ့တာ အတွင်း၌ပင် နံနက်ခင်းတွင် နေသာ နေသော်လည်း နေ့လယ်တွင် မိုးရွာ ချတတ်သည်။ ရှည်လျားသော ကာလ ဥပမာ နှစ်ပေါင်း ၄၀ ခန့် အတွင်း၌ ဒေသ တစ်ခုတွင် မိုးလေဝသ ပုံစံ တစ်ခုကို တွေ့ရှိ နိုင်သည်။ အဆိုပါ "ပျမ်းမျှ" မိုးလေဝသ ပုံစံကို ရာသီ ဥတုဟု ခေါ်သည်။ ယင်းတို့၏ ကွဲပြား ခြားနားမှုကို အလွယ် မှတ်ရန်မှာ ရာသီဥတုသည် သင်မျှော်လင့် ထားသည့် အခြေအနေကို ခေါ်သည်ဟု မှတ်သား နိုင်သည်။ ဥပမာ နွေအခါတွင် အလွန် ပူမည်ဟု မျှော်လင့် ထားခြင်းမျိုး ဖြစ် သည်။

မိုးလေဝသမှာမူ အမှန်တကယ် တွေ့ကြုံ ရသည့် အခြေအနေ ဖြစ်သည်။ ဥပမာ ပူပြင်းသော နေ့ တစ်နေ့ တွင် မိုးရွာ ချခြင်းမျိုး။ ယခုအခါ ရာသီဥတုသည် လူတို့၏ အဓိက အားဖြင့် လုပ်ဆောင် ချက်ကြောင့် ပြောင်းနေ သည်။ ပြောင်းလဲနှုန်းက မြန်ဆန်လွန်း နေသည်။ နေသည် ကမ္ဘာကို လှည့်ပတ် သွားလာ နေသည်။ ကမ္ဘာကို ပတ် ရံထားသော လေထုသည် နေ၏ အနွေးဓာတ်ကို ရသည်၊ ထို့ကြောင့် မတူညီသော ဒေသ များတွင် မတူညီသော ရာသီဥတုများ ဖြစ်ပေါ် နေသည်။ ကမ္ဘာ့ လေထုတွင် ဓာတ်ငွေ့ မျိုးစုံ ပေါင်းစပ် ပါဝင်သည်။ အချို့ ဓာတ်ငွေ့များ သည် ကမ္ဘာ့ ရာသီဥတု အပေါ်တွင် အားကောင်းစွာ လွှမ်းမိုးသည်၊ ဤနေရာတွင် အထူးပြု ဖော်ပြမည့် ဓာတ်ငွေ့ အချို့ ရှိရာ ယင်းတို့ကို ဖန်လုံအိမ် ဓာတ်ငွေ့ များဟု ခေါ်သည်။

အဓိက ဖန်လုံအိမ် ဓာတ်ငွေ့ များမှာ ရေငွေ့၊ ကာဘွန်ဒိုင် အောက်ဆိုက်၊ မီသိန်းနှင့် နိုက်ထရပ်စ် အောက်ဆိုက် စသည့် ဓာတ်ပေါင်းများ ဖြစ်ကြသည်။ ယင်း ဓာတ်ငွေ့ များသည် အအေးပိုင်း စိုက်ခင်း များတွင် သုံးသည့် ဖန်လုံအိမ် နံရံနှင့် အပူဓာတ်ကို ထိန်းအုပ် ထားသည့် နေရာတွင် တူသည်။ နေရောင် အချို့ကို ဖြတ်သန်း ဝင်ရောက်ခွင့် ပေးသော်လည်း အပူဓာတ် များကိုမူ ပြန်ထွက်ခွင့် မပေးဘဲ လှောင်အုပ် ထားသဖြင့် ကမ္ဘာသည် သက်ရှိတို့ နေနိုင် လောက်အောင် နွေးနေသည်။ ယင်း သို့သာ မဟုတ်ပါက ကမ္ဘာသည် သက်ရှိတို့ မရှင်သန် နိုင်လောက်အောင် အေးမြ နေမည်။ အဆိုပါ သဘာဝ ဖြစ်စဉ်ကို ဖန်လုံအိမ် အာနိသင်ဟု ခေါ်သည်။ လူတို့သည် စက်ရုံများကို လည် ပတ်ရန်၊ စွမ်းအင် ထုတ်လုပ်ရန်၊ သယ်ယူ ပို့ဆောင်ရန်၊ သို့မဟုတ် စိုက်ပျိုး ထွန်ယက်ရန် စသည်တို့ အတွက် ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝ ဓာတ်ငွေ့ များကို လောင်မြှိုက် ခြင်းဖြင့် ဖန်လုံအိမ် ဓာတ်ငွေ့ လေထုတွင်း အတိုင်းအဆ မရှိ လွှတ်သွင်း နေကြသည်။ ထို့ကြောင့် ဖန်လုံအိမ် အာနိသင်သည် ပို၍ အားကောင်း ပြင်းထန် လာသည်။ ရလဒ် အဖြစ် ကမ္ဘာကြီး ပိုမို ပူနွေး လာသည်။

ကမ္ဘာကြီး အပူချိန် တက်လာ သဖြင့် ရာသီဥတု ပြောင်းလာပြီး အောက်ပါ ဆိုးကျိုး များကို စတင် ခံစား နေကြ ရသည်။ မိုးရွာခြင်း၊ ဆီးနှင်း ကျခြင်း၊ မိုးသီး ကြွေခြင်း ပုံစံ များ ပြောင်းလဲ နေသည်။ ကမ္ဘာ့ အချို့ နေရာ များတွင် ပုံမှန်ထက် မိုးပိုရွာ နေသည်။ မိုးရွာလျှင် ပို၍ ပြင်းထန် နေသည်။ အချို့ နေရာ များတွင်မူ မိုးရွာ သွန်းမှု ပုံမှန်ထက် ပိုနည်းသွား သည်။ ပိုမို အားကောင်းသော မုန်တိုင်းများ၊ မိုးခေါင်မှုများ၊ အပူလှိုင်းများ၊ မိုးရွာသွန်းမှု တို့သည် ခါတိုင်းထက် ပို၍ စိပ်စိပ် ဖြစ်ပေါ် နေသည်။ မြင့်မားသော တောင်တန်းများ ပေါ်ရှိ ဆီးနှင်း ဖုံးလွှမ်းမှုသည် လျော့ပါးလာ နေသည်။ ရေခဲမြစ်များ အလွန် မြန်ဆန်စွာ အရည်ပျော် နေသည်။ ကမ္ဘာ့ ဝင်ရိုးစွန်း အရပ်များရှိ အပူချိန် တက်လာကာ ရေခဲများ အရည် ပျော်သဖြင့် ပင်လယ် ရေပြင် မြင့်တက် လာကာ ကျွန်းနိုင်ငံ အများအပြား ရေအောက် ရောက်မည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသည်။

သမုဒ္ဒရာ ရေထု အပူချိန် တက်ကာ အက်စစ်ဓာတ် များလာနေ သောကြောင့် သန္တာ ကျောက်တန်းများ အရောင် ပျက်ယွင်းလာ နေသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများ ဖြစ်သည့် မြောက်အမေရိက နိုင်ငံများ၊ ဥရောပ နိုင်ငံများနှင့် ဩစတေးလျ တို့သည် ဖန်လုံအိမ် ဓာတ်ငွေ့ အများစုကို ထုတ်လွှတ်မှု အတွက် တာဝန် ရှိသည်။ ယင်း နိုင်ငံများရှိ လူနေမှု စနစ်သည် စွမ်းအင် သုံးစွဲမှု အပေါ် တည်မှီ လွန်းနေပြီး အလေအလွင့်လည်း များလှသည်။ သို့သော် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုကို အတိမ်းအစောင်း မခံသော၊ အန္တရာယ် ဖြစ်လွယ်သော ဒေသများက ဦးစွာ ခံစား နေကြရသည်။ ယင်းတို့မှာ အတိတ်က ဖန်လုံအိမ် ဓာတ်ငွေ့ များစွာ မထုတ်လွှတ် ခဲ့သော၊ ယခုလည်း များစွာ မထုတ်လွှတ် သေးသော ကျွန်းငယ်များ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ဒေသခံ အစုအဖွဲ့များ ဖြစ်ကြသည်။ ဒေသခံ အစုအဖွဲ့ များသည် သဘာဝ ရေမြေ တောတောင် တို့နှင့် နှစ်ထောင်ပေါင်း များစွာ နီးကပ်စွာ ယှဉ်တွဲ နေထိုင် လာခဲ့ ကြသည်။ သူတို့ ပတ်ဝန်းကျင်ရှိ အပင်နှင့် သတ္တဝါ များသည် သူတို့၏ အစား အစာများ၊ ဆေးဝါးများ၊ နေထိုင်စရာ များပင် ဖြစ်ကြသည်။

သဘာဝ ပတ်ဝန်းကျင် သယံဇာတ များကို သူတို့ အတွက် သာမက သူတို့၏ မျိုးဆက်သစ်များ အတွက်ပါ ဖြစ်စေမည့် နေထိုင်မှု ပုံစံများနှင့် သုံးစွဲလာခဲ့ ကြသည်။ ဤသည်ကိုပင် ရေရှည်ခံ သုံးစွဲမှုဟု ယနေ့ ခေါ်ဝေါ် နေကြသည်။ ကမ္ဘာ တစ်ဝန်းရှိ ဒေသခံ အစုအဖွဲ့ များသည် စက်ကိရိယာကို များစွာ မသုံးကြပါ၊ ရုပ်ကြွင်း လောင်စာကို များ စွာ မလောင်မြှိုက်ပါ၊ သူတို့သည် တောတွင်း၌ အမဲလိုက်ခြင်း၊ ဆိုင်ရာ ဒေသများတွင် စိုက်ပျိုး မွေးမြူခြင်း တို့ဖြင့် အသက်မွေး ကြသည်။ သူတို့သည် မော်တော်ကားနှင့် လေယာဉ် စီးရန် မတတ်နိုင်၊ အိမ်တွင် အနွေး ပေးစက်နှင့် လေအေးစက် မရှိ သော်လည်း ရာသီဥတု ပြောင်းလဲ ခြင်း၏ ဆိုးကျိုး များကို အဦးဆုံး ခံနေ ကြရသည်။

ဒေသခံ အစုအဖွဲ့တွင် ပါဝင် နေထိုင်သူ များသည် သဘာဝ ပတ်ဝန်းကျင်နှင့် နီးစပ်စွာ ဆက်နွယ် နေခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို မှီခို နေရခြင်း တို့ကြောင့် ရာသီဥတု ပြောင်းလဲ မှုသည် အခြား သူများ ပေါ်တွင်ထက် သူတို့အ ပေါ်တွင် ပို၍ အကျိုး သက်ရောက်သည်။ ဥပမာ ကမ္ဘာ့ ပျမ်းမျှ အပူချိန် ၁ ဒီဂရီ စင်တီဂရိတ်မျှ တက်လျှင်ပင် သစ်တောများ တွင်းရှိ သစ်ပင် ပေါက်ရောက် မှုများ၊ ပင်လယ်ထဲတွင် ငါးများ နေထိုင် ရှင်သန်မှုများ ပြောင်းလဲ သွားလိမ့်မည်။ ၂ ဒီဂရီ တက်လျှင် တွေ့နေကျ အပင်နှင့် သတ္တဝါများ သေဆုံး သို့မဟုတ် နေရာ ပြောင်းရွှေ့ သွားကြပြီး အပင်သစ် အကောင်သစ် များကို တွေ့လာ ရမည်၊ ထို့ထက် ပိုတက်လျှင် ရေပိုကြီးမည်၊ မိုးပိုခေါင်မည်၊ ရောဂါပို၍ ထူပြောလာမည်၊ ယခုပင်လျှင် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ လယ်ကွက် များတွင်းသို့ ဆားငန်ရေ များ ဝင်ခြင်း၊မြေအောက် ရေပြင် နိမ့်ဆင်း သွားခြင်း စသည် တို့ကြောင့် အချို့ဒေသခံ အစုအဖွဲ့ များသည် မိမိတို့ နေရင်း ဒေသ များမှ စွန့်ခွာ ထွက်ပြေး နေကြ ရပြီ။

ယင်းတို့၏ ပြဿနာ များကို ကိုယ်ချင်းစာ၍ ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းမှုများ ရှိနေရာ တစ်ခုမှာ ရက်ဒ် REDD (Reducing Emissions From Deforestation and Forest Degradation in Developing Countries) ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် သစ်တော ပြုန်းတီးမှုနှင့် အရည်အသွေး ကျဆင်းမှု များမှ ထွက်သော ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေး ဖြစ်သည်။

Source : အောင်ပင်လယ် လူမှုဝန်းကျင် မဂ္ဂဇင်း

------------

Hail stones start as water drops. A strong wind updraft blows the drops up above the freezing level in the clouds and the drops freeze. When they get heavy enough, they fall. When they fall, one of three things can happen; the hail stone will melt and fall as rain, the hail stone won’t melt and will fall as a hail stone or the updraft will be strong enough to blow the hailstone back above the freezing level and the stone will get bigger.
By Dr. Gary Arbuckle
ဒါလေးကတော့ မန္တလေးမှာရွာလိုက်တဲ့ မိုးနဲ့ မိုးသီးတွေကျနေတုန်း အကိုကြီးတယောက် ရိုက်ထားတဲ့ မြင်ကွင်းလေးပါ
မန္တလေးမှာကျသွားတဲ့မိုးသီးတွေပါ

No comments: