မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
“မန္တလေး မာဖီးယားဂိုဏ်းသားများ ငြိမ်းချမ်းရေးတည်ဆောက်မှု ပဏာမအဆင့် အောင်မြင်”
“မန္တလေး မာဖီးယားဂိုဏ်းသားများ ငြိမ်းချမ်းရေးတည်ဆောက်မှု ပဏာမအဆင့် အောင်မြင်”
================================================
“မန္တလေး မာဖီးယား” အမည်ဖြင့် fb တွင် အခန်းဆက်တင်ပြခဲ့သော မန္တလေး နေ
ကဖေး၊ စန်း ကဖေး (ညဆိုင်) တို့၏ အမုန်းသံသရာသည် ယနေ့ (၁၁-၅-၂၀၁၃) ညနေ ၅း၀၀
တွင် လုံးဝ ချုပ်ငြိမ်းကာ ငြိမ်းချမ်းရေးအဆင့်သို့ ရောက်ရှိခဲ့ပါတယ်။
အခမ်းအနားတွင် ဆင်ဖြူမယ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ ဥတ္တရနှင့် ဦးဝီရသူတို့က
သြဝါဒပေးကာ ကိုနေဝင်း၊ ကိုစန်းမောင်၊ မဇာခြည်အောင်တို့က ဦးသုစိတ္တကို
တောင်းပန် လျှောက်ထားခဲ့ပါသည်။
ထို့နောက် (၂၀၀၈)ခုနှစ်မှ စ၍
အမှုအခင်းဖြစ်နေကြသော မွတ်ဆလင်အချင်းချင်း အပြန်အလှန် တောင်းပန်ကြကာ
အမှုများပြန်လည်ရုပ်သိမ်းရေး၊ ငြိမ်းချမ်းရေးနှင့်
ချစ်ကြည်ရင်းနီးရေးတို့အတွက် အသီးအသီး ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ပါသည်။
၎င်းနောက် စုပေါင်းဓာတ်ပုံရိုက်ကာ ပဏာမအဆင့် အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။
အခမ်းအနားမှူးအဖြစ် ကရဝိတ်မောင်မောင် (မွတ်ဆလင်)က ဆောင်ရွက်ကာ အသိသက်သေ အဖြစ်လည်း လက်မှတ် ရေးထိုးခဲ့ပါသည်။
(၁၃-၅-၂၀၁၃)ရက်နေ့တွင် တရားရုံး၌ အပြန်အလှန် ကြေအေးလက်မှတ်
ရေးထိုးပြီးပါက (၅)နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ရန်မီးများ
လုံးဝငြိမ်းချမ်းကာ ကိုယ့်အိုး ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနှင့်အတူ အေးအတူ
ပူအမျှ အတူတကွ နေထိုင်ကြရတော့မည် ဖြစ်ပါသည်။
“အမှုဖြစ်စဉ် အကျဉ်း”
============
နေ ကဖေး၊ စန်း ကဖေးဆိုင်မှာ အလုပ်လုပ်သော မြန်မာ ဗုဒ္ဓဘာသာ
ကလေးလုပ်သားလေးများ၏ အခက်အခဲကို ဒေါ်မိုးမိုး၊ ကိုဇော်မျိုးအောင်တို့
မွတ်ဆလင်များက ကူညီမိလိုက်သည်။
နေ ကဖေး၊ စန်း ကဖေးပိုင်ရှင်
ကိုနေဝင်း၊ ကိုစန်းမောင်တို့ အိုးဖိုထောင် ရောက်သွားသည်။ ဒေါ်မိုးမိုးနှင့်
ကိုဇော်မျိုးအောင်တို့က အစိုးရသက်သေ ဖြစ်သွားသည်။
နေ ကဖေး၊ စန်း
ကဖေးတို့က သူ့နည်း သူ့ဟန်ဖြင့် ထောင်ထဲမှ ရုန်းထွက်လိုက်နိုင်သည်။ ထောင်မှ
လွတ်လာသည့်အခါ အစိုးရသက်သေများကို အမှုဆင် ထောင်ချပစ်သည်။ ဒေါ်မိုးမိုး
ထောင်ကျသွားသည်။ တစ်ခြားအမျိုးသမီးတွေရော အမျိုးသားတွေပါ ထောင်ကျသွားသည်။
ရှောင်ပြေးသူများ ဝရမ်းပြေးသတ်မှတ်ခံရသည်။
ဝရမ်းပြေးအသတ်မှတ်ခံရသူများတွင် အသက် (၇၀)ကျော် အမယ်အို မိခင်ကြီး ဒေါ်ရီရီ
ပါသည်။ သမီး ဒေါ်သင်းသင်းလှိုင် ပါသည်။ ဒေါ်သင်းသင်းလှိုင်၏ အမျိုးသားလည်း
ပါသည်။
ဒေါ်သင်းသင်းလှိုင်တို့အိမ်သည် ယခု အချိန်ထိ နေမည့် သူမရှိ။
ဒေါ်ရီရီ၊ ဒေါ်သင်းသင်းလှိုင်တို့သည် ဝရမ်းပြေး ဘဝဖြင့် ဖိနပ်မပါဘဲ ခြေကျင်
ထွက်ပြေး တိမ်းရှောင်နေရပြီး တောင်းရမ်းစားသောက်ခဲ့ရသည်။
ဘုန်းကြီးကျောင်းများမှာ ခိုလှုံနေရသည်။ ဆွမ်းကျန် ကွမ်းကျန် စားပြီး
အသက်ရှင်ရသည်။ အမရပူရမြို့၊ ဆင်ဖြူမယ်ကျောင်း ဆရာတော်များက
စောင့်ရှောက်ထားသည်။
ကိုဇော်မျိုးအောင်တို့က ရန်ကုန်ထွက်ပြေးသည်။ နေ
ကဖေး၊ စန်း ကဖေး မသိအောင် ခြေရာဖြောက် နေရာမှ (၂၀၁၂) ဧပြီလ တရုတ်ပြည်အသွား
အမရပူရမှာ တည်းခိုးသည်။ ခြေရာခံမိသွားသော နေ ကဖေး၊ စန်း ကဖေး မိသားစုက
အမှုဆင်ပြီး ရုံးတင်ပစ်သည်။
မဇာခြည်အောင်ကို ဗလက္ကာယ ပြုပါသည် ဆိုပြီး
လုပ်ကြံတိုင်ခြင်း ဖြစ်၏။ ဆင်ဖြူမယ် ဆရာတော်ကြီးနှင့် သံဃာများက
ကျောင်းမှာရှိကြောင်း သက်သေပြသော်လည်း ကိုဇော်မျိုးအောင်ရော မိခင်ပါ
တရားစွဲခံရသည်။
ရုံးချိန်းတိုင်းတွင် ဆင်ဖြူမယ်ဆရာတော်ကြီးက
ဦးသုစိတ္တနှင့် သံဃာ (၅)ပါး အမြဲထည့်ပေးသည်။ နေ ကဖေး၊ စန်း ကဖေးတို့က
နောက်ထပ်အမှုဆင်ပြီး ထပ်မံလုပ်ကြံမှာ စိုးသောကြောင့် ကာကွယ်ပေးခြင်း
ဖြစ်သည်။
ဒါကို ကိုနေဝင်း၊ ကိုစန်းမောင်၊ မဇာခြည်အောင်တို့က
မကျေမနပ်ဖြစ်ကာ ဦးသုစိတ္တတို့ကို ဆဲရေးစော်ကားခြင်း ဖြစ်သည်။
ဦးသုစိတ္တတို့က တရားပြန်စွဲသည့်အခါ နေ ကဖေး၊ စန်း ကဖေးတို့က
အမှုမမြောက်အောင် နည်းမျိုးစုံ သုံးသည်။ ရဲကို ပိုင်သည်။ ရဲက အမှုလက်မခံရဲ၊
တရားသူကြီးကို ပိုင်သည်၊ တရားသူကြီးက အမှုကိုလက်ခံပြီးမှ “တရားလို
ရုံးချိန်းမလာ” ဟု ဆိုကာ ပလပ် ပစ်သည်။
ပလပ်ပစ်သည့် အချိန်သည်
မိတ္ထီလာ၊ ပဲခူး မီးငြိမ်းစ အတိမ်းအစောင်း မခံနိုင်သည့် အချိန် ဖြစ်နေသည်။
ဆင်ဖြူမယ်ကျောင်းသံဃာများ မကျေနပ်၍ တရားရုံးထိ လိုက်လာသည်။
သာသနာရေးဝန်ကြီးက ကွင်းဆင်းလေ့လာသည်။ မန္တလေး အဓိကရုဏ်း မဖြစ်အောင်
အမှုပြန်တည်ဆောက်ဖို့ စည်းဝေးဆုံးဖြတ်သည်။ တရားရုံးက ဆင့်ခေါ်သည်။ နေ၊ စန်း
ညီနောင်တို့ မလာ။ နောက်ဆုံး ဖမ်းဝရမ်းထုတ်သည်။ ရဲက ဝရမ်းကိုင်ပြီး
မဖမ်းဘဲသိမ်းထားသည်။ သံဃာတွေကို လိုက်တောင်းပန်ခိုင်းသည်။ သံဃာတွေ
မကျေအေးသည့်အခါ ဦးဝီးရသူ တောင်းဆိုသမျှ လိုက်လျော လိုက်ရသည်။
ဦးဝီရသူက “အမှုရုပ်သိမ်းပေးမယ်။ ခင်ဗျားတို့ဘက်မှ ကိုဇော်မျိုးအောင်တို့ကို
တရားစွဲတဲ့အမှု ပြန်ရုပ်သိမ်းပေးပါ။ ဝရမ်းပြေး ကြေငြာ ခံထားရသူများကို
ဝရမ်း ပြန်ရုပ်ပေးပါ။ ထောင်ကျနေသူများကို ပြန်ထုတ်ပေးပါ။ ကိုယ့်အိုး၊
ကိုယ့်အိမ်နှင့် နေခွင့်မရဘဲ ခိုကိုးရာမဲ့ ဖြစ်နေတဲ့ မိသားစုတွေ
ကိုယ့်အိုး၊ ကိုယ့်အိမ် ပြန်နေတဲ့အခါ ပြဿနာမရှာပါနဲ့” ဟူ၍ ဖြစ်၏။
“လူ့ဘဝကို ရခဲလှပါတယ်”
ရခဲလှတဲ့ လူ့ဘဝလေးမှာ
လူသားအချင်းချင်း တရားစွဲတာ ဓားဆွဲတာတွေ လုပ်မနေဘဲ
ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်စီးပွားကိုယ်ရှာကာ
ကိုယ့်မိသားစုနှင့်ကိုယ် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း
အေးအေးလူလူ နေထိုင်သွားကြမယ် ဆိုလျှင်၊ ကိုယ့်တရားနဲ့ကိုယ်
နေထိုင်နိုင်ကြမယ် ဆိုလျှင် သင် လူဖြစ်ရကျိုး နပ်ပါပြီ
ဝီရသူ (မစိုးရိမ်)
No comments:
Post a Comment