Saturday, May 18, 2013

ဦးကျော်သူဦးဆောင်သောရန်ကုန်နာရေးကူညီမှုအသင်းအမှိုက်ကောက်ခွင့်မရ


ရန်ကုန် မေ ၁၈

ယနေ့တွင် ရန်ကုန်နာရေးကူညီမှု အသင်းမှ ရန်ကုန်မြို့တွင်း ၌ အမှိုက်ကောက်ခြင်း ပြုလုပ်မည်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တားဆီးလိုက်ကြောင်း ဦးကျော်သူက ပြောသည်။

“အမှိုက်ကောက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးတို့ ရော ၊ ရန်ကုန် စည်ပင်ကို ရော ခွင်းတောင်းထားတာ လွန်ခဲ့တဲ့ တစ်ပတ်က ခွင့်ပြုထားပြီးတာကို ဒီနေ့မနက် မှ မလုပ်နဲ့တော့လို့ ဖုန်းနဲ့လှမ်းပြောတယ်” ဟု ဦးကျော်သူက ပြောသည်။

ရန်ကုန် နာရေးကူညီမှု အသင်းအနေဖြင့် ရန်ကုန် မြို့တော်ကို စင်္ကာပူကဲ့သို့ ပြုလုပ်မည် ဆိုသော သန့်ရှင်းသာယာ လှပစေရေး အတွက် စည်းစနစ်တကျ အမှိုက် စွန့်ပစ်ရေး စံပြအနေဖြင့် အမှိုက်လိုက်ကောက် ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

အသင်းအနေဖြင့် မြောက်ဥက္ကာလာအ၀ိုင်း နှင့် ဗိုလ်တစ်ထောင် မြို့နယ်တို့တွင် အမှိုက်လိုက်ကောက်ပြီး ပြီဖြစ်ကာ ယခု အကြိမ်သည် တတိယအကြိမ်မြောက် အမှိုက်ကောက်ခြင်းဖြစ်သည်။ ယနေ့တွင် အမှိုက်ကောက်ရန် အတွက် ရန်ကုန်နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ ၊ စာပေနယ်မှ ပုဂ္ဂိုလ်များ နှင့် ဂီတနယ်ပယ်မှ ပုဂ္ဂိုလ် များ စုစုပေါင်း အယောက် ၈၀ကျော် မှ စုစည်း လာရောက်ခဲ့ကြသည်။

“အသင်းအဖွဲ့အနေနဲ့ မကောက်နဲ့လို့ပြောတယ် အဲ့တော့ ကိုယ်ဘာသာကိုယ် တစ်ယောက်စီ လိုက်ကောက်ရမလို ဖြစ်နေပြီ” ဟု ဦးကျော်သူက ပြောသည်။

ဝေယံမိုးမြင့်

အေးချမ်းမွန် Credit & Copy From > Popular Myanmar News Journal< Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

No comments: