ခွပ်ချိန်တန်ခွပ်
… ကချိန်တန်က ၁၄.၄.၂၀၁၂သင်္ကြန်အကြတ်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည်
နာရေးကူညီမှု လမ်းကြောင်းများအားနေ့စဉ်နေ့တို င်းနံနက် (၈း၃၀) နာရီအချိန်မှစ၍ ကူညီဖေးမသင်္ဂြိုလ်ပေးမှုများလုပ်ကိုင်ပေးသည့်အနက် နံနက် (၁၁း၀၀) နာရီအချိန်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက် ဇဋိလ (၁)လမ်းနေဒေါ်စိန်ညွန့် အသက်(၈၆)နှစ်၏ နာရေးလမ်းကြောင်းအားနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌဦးကျော်သူနှင့် အသင်းသား/ သူများသွားရောက်၍ ဒေါ်စိန်ညွန့်၏ ရုပ်အလောင်းအား ရေဝေးသုဿာန်သို့ ကူညီဖေးမကုသိုလ်ယူကာပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ သည်။ ယနေ့သင်္ကြန်အကြတ်နေ့ တစ်နေ့တာနာရေးကူညီမှုစုစုပေါင်း (၃၆) ကြောင်းအားကူညီဖေးမပေးရာတွင် ရဲမှုခင်းဆိုင်ရာလမ်းဘေးသေဆုံးမှု လမ်းကြောင်း(၃) ကြောင်းပါဝင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း ပရိဒေ၀သောက အပူမီးများနှင့်သာကြုံကြိုက်တွေ့ ဆုံနေရသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/ သားများ၊
ဝန်ထမ်းများအဖို့ ယနေ့သင်္ကြန်အကြတ်နေ့ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင်
အပူမီးများခေတ္တခဏပျယ်ပျောက်သွားမှုနှင့် ကြုံကြိုက်ခဲ့ရတော့သည်။
အကြောင်းမှာအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ BG သွေးလှူအဖွဲ့၏ အလှပြဖျော်ဖြေရေးမော်တော်ယာဉ်ကြီးသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၀င်ရောက်ခဲ့ကာ ဖျော်ဖြေသီဆိုမှုတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ “တို့တိုင်းဌာနီNLD၊
ဒေါင်းပျိုမာတာပိတောက်ဋိကာ၊ ခွပ်ဒေါင်းပြဌာန်းသစ်၊ ခွပ်ဒေါင်းသင်္ကြန်၊
အိုးဝေတွန်သံ၊ BG သင်္ကြန်အိုးဝေသံ၊ ကြည်မြစိမ်းစိုခွပ်ဒေါင်းပျို”
စသည့်သီချင်းများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားတို့၏
တောင်းဆိုချက်ကြောင့် “ခွပ်ဒေါင်းပြန်လာပြီ” သီချင်းအား
မြိုင်ဆိုင်သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
အသင်းသူ/ သားများ၊ ၀န်ထမ်းများသည်လည်း ၀မ်းသာကြည်နူးစွာဖြင့် ၀င်ရောက်ကပြကြသည်။နာရေးကူညီမှုအသင်း(ရန်ကု န်)မှ
အသင်းသားဦးဋ္ဌေးလွင်မှ ဂုဏ်ပြုငွေ (တစ်သောင်း)ကျပ်၊ အသင်းသူမပြားလီမှ
ဂုဏ်ပြုငွေ(နှစ်သောင်း)ကျပ်၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ
(ငါးသောင်း)ကျပ်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ
အလှူငွေ(တစ်သိန်း)ကျပ်တို့အားချီးမြှင့်ပေးကြကာအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေးအဖွဲ့သား/ သူအယောက်(၄၀)ကျော်တို့အားထမင်းဟင်းများဖြင့်ဧည့်ခံကျွေးမွေးခဲ့သ ည်။ထိုသို့သီဆိုဖျော်ဖြေမှုအားအသ င်းသား/ သူများ၊
ဝန်ထမ်းများအပြင် ပြင်ပမှဧည့်ပရိသတ်များပါ
လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။BG သွေးလှူအဖွဲ့
အလှပြဖျော်ဖြေရေးမော်တော်ယာဉ် ထွက်ခွာသွားစဉ်၌ အဖွဲ့သား/ သူများအတွင်းရေးမှူးဒေါ်ရွှေဇီးကွက်နှင့်နာရေးကူညီမှုအသင်း(ရန်ကုန် ) အသင်းသား/သူများတို့သည် BGအဖွဲ့သား/ သူများတို့အားသင်္ကြန်ရေပက်ဖျန်းလောင်းခဲ့သည်။ နေ့လည် (၃း၀၀)နာရီအချိန်တွင် နာရေးကူညီမှုလုပ်ငန်းများအားနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/ သားများ၊ ၀န်ထမ်းများတို့သည် လုပ်ကိုင်ဆဲအလုပ်တာဝန်များအားဆက်လက်လုပ်ကိုင်ပေးဆပ်နေစဉ် (၈၈)ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ဦးဆောင်၍ (၈၈)ကျောင်းသားများအဖွဲ့၏ သင်္ကြန်သံချပ်အဖွဲ့သားများသည်နာေ ရးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာသို့
ထပ်မံရောက်ရှိလာကြပြန်သည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့သည်
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကိုမင်းကိုနိုင်
အကျဉ်းထောင်ထဲတွင်ရေးစပ်ခဲ့သည့် သီချင်းများဖြင့် အဖွဲ့လိုက်သီဆိုဖျော်ဖြေခဲ့ရာမြ မင်မကြားရသည်မှာ နှစ်ပေါင်း(၂၀/ ၃၀)နှစ်ခန့်ရှိပြီဖြစ်သောသင်္ကြန်သံချပ်များဖြင့် (၈၈)အမျိုးသမီးအဖွဲ့၊ (၈၈)အမျိုးသားအဖွဲ့များမှ “မောင်မောင်ဆိုလေထီးရိုးရှည်သံချပ်အဖွဲ့”နှင့် ပူးပေါင်းဖျော်ဖြေခဲ့ကြသည်။ (၈၈)ကျောင်းသားများ၏မဟာသင်္ကြန်သံ ချပ်အဖွဲ့အားနာရေးကူညီမှုအသင်း(ရ န်ကုန်)မှ ဂုဏ်ပြုငွေ (တစ်သိန်း)၊ ဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်တို့မှဂုဏ်ပြုငွေ(တစ်သိန်း)၊ ဒုဥက္ကဋ္ဌ- ဒေါ်သန်းမြင့်အောင်မှ ဂုဏ်ပြုငွေ(သုံးသောင်း)ကျပ်တို့ အားဂုဏ်ပြုချီးမြှင့်ပေးအပ်ကာဒေါ်ရွှေဇီးကွက်နှင့် (၈၈)ကျောင်းသားအဖွဲ့တို့သည် အပြန်အလှန်သင်္ကြန်ရေပက်ဖျန်းလောင်းကာနေ့လည်စာရွှေရင်အေး၊
သာကူတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ယခု ၂၀၁၂ ခုနှစ်
မဟာသင်္ကြန်ပွဲတော်ရက်သည် အခြားသောမဟာသင်္ကြန်နှစ်များနှင့် မတူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် မြန်မာပြည်သူ/ သားများအတွက် မင်္ဂလာအရှိဆုံးမဟာသင်္ကြန်နှစ်ထူးနှစ်မြတ်ဖြစ်စေခဲ့တော့သည်။ အများပြည်သူလူထုတခဲနက် ထောက်ခံအားပေးမှုကိုခံခဲ့ရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုရရိှသော နှစ်ဖြစ်သလိုအကျဉ်းကျနိုင်ငံရေး အကျဉ်းသားများဖြစ်သော (၈၈)ကျောင်းသားများပြန်လည်လွတ်ေ မြာက်လာသောနှစ်လည်းဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း (၃၀) ခန့်မမြင်ရသည်မှာကြာပြီဖြစ်သောသံချပ်အဖွဲ့များ ပြန်လည်ပေါ်ပေါက်လာသော နှစ်သစ်လည်းဖြစ်ပေသည်။နာရေးကူညီ မှုအသင်း(ရန်ကန်)၏ နေ့စဉ်မွန်းကြပ်မှုများ၊ လှောင်ပိတ်မှုများနှင့် ကျွန်တော်တို့အားကူးစက်လွှမ်းခြုံခြင်းခံနေရသော ရောဂါဝေဒနာရှင်တို့၏ အပူမီးများ၊ နာရေးရှင်တို့၏ နာရေးပရိဒေ၀ အပူမီးများအားယခုကဲ့သို့ ခဏတာအတွင်းပြေပျောက်အေးချမ်းမှုကိုလာရောက်ဆေးကြောပေးကြသော NLD၊BG သွေးလှူအဖွဲ့၏ဖျော်ဖြေသီဆိုရေးအ ဖွဲ့နှင့် (၈၈)ကျောင်းသားများမဟာသင်္ကြန်သံချပ်အဖွဲ့တို့အားဝမ်းမြောက်ဝမ်းသာပီတိဖြစ်ကာ ကျေးဇူးအထူးတင်ရှိပါတော့သည်။ထို့ ကြောင့်ကျွန်တော်တို့လူမှုရေးသမားများသည် အများပြည်သူတို့၏ သောကအပူမီးများကိုလိုက်လံငြိမ်း သတ်ပေးနေရသကဲ့သို့ မိမိတို့တွင်စွဲကပ်နေသောသောကအပူ မီးများအားလည်းယခုကဲ့သို့ပြန်လည်၍ ငြိမ်းအေးစေသောအချိန်အခိုက်အတန့် အတွင်းတွင် ငြိမ်းအေးစေခြင်းသည် NLD၊ BG သွေးလှူအဖွဲ့၏ သီဆိုဖျော်ဖြေမှု အလှပြမော်တော်ယာဉ်အဖွဲ့သားများအားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သောဥက္ကဋ္ဌဦးကျော်သူ၏“ဒေါင်းဆိုတာ … ခွပ်ချိန်တန် ခွပ် ၊ ကချိန်တန် ကရတယ် ” ဟူသောစကားပမာပင်ဖြစ်တော့သည်။
By: Kyaw Thu
No comments:
Post a Comment