ခုလဲ ဒေါ်အောင်ဆန်းစုကြည်ကို ကျမပြောချင်ပါတယ်...သတိထားပါ ဂရုစိုက်ပါလို.... နအဖ ကိုလဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဘာအကြောင်းကြောင့်ပဲလွှတ်လွှတ် ကိုယ့်မျက်စိနဲ.ကိုယ်မြင်ချင်တဲ့သူကို ကျန်းကျန်းမာမာနဲ. မြင်ခွင့်ရတဲ့အတွက် ကျေးဇူးပါ.....
တချိန်တည်းမှာပဲ.... စိုးရိမ်စိတ်ကဝင်လာခဲ့ပါတယ်... ဟိုး ရွေးကောက်ပွဲမတိုင်ခင်က တနေရာမှာ ဖတ်လိုက်ရတဲ့ သတင်းတပုဒ်မှာ နယ်က တက္ကသိုလ်တခုမှာ လူကြီးတယောက်ပြောသွားခဲ့တဲ့ တကယ်လို.များ ဒေါ်အောင်ဆန်ုးစုကြည်ကို လွှတ်ပေးလိုက်လို. လုပ်ကြံခံရရင် ဒါဟာ အမေရိကန်လဲ ဖြစ်နိုင်တယ်..ဘယ်သူမဆို ဖြစ်နိုင်တယ်ဆိုတာရယ်... ပါကစ္စတန်က ရွေးကောက်ပွဲအပြီး လုပ်ကြံခံခဲ့ရတဲ့ Benazir Bhutto ရဲ့ အဖြစ်တွေကြောင့် ဒီလို လွှတ်ပေးလိုက်တာကို သံသယတွေ ဝင်လာခဲ့မိတယ်......
ဒါကြောင့် ဒီအချိန်မှာ ဒေါ်အောင်ဆန်ုးစုကြည်တို.အဖွဲ.အားနည်းချိန်မှာ လုံခြုံရေးဟာ အရမ်း အရေးကြီးပါတယ်...ဘေးနားမှာ ဝန်းရံနေတဲ့ လူကြီးတွေဟာ သူမကို မကာကွယ်ပေးနိုင်ပါဘူး...လူငယ်တွေ စိတ်ချ ယုံကြည် အားကိုး ရပြီး ဖျတ်လတ် တဲ့ ပါးနပ်တဲ့ ရဲရင့်တဲ့ လူငယ်တွေ ဝန်း၇ံကာကွယ်ကြဖို.လိုပါတယ်...
အမြဲ သတိရှိနေရပါမယ်... ခုအချိန်မှာ တန်ပြန်ဘက်တော်သားတွေကိုလဲ သတိထားရပါမယ်...ဘယ်သူ.ကိုမှ စိတ်ချလို.မရပါဘူး....တန်ပြန်တွေထဲမှာ မိန်းမလဲ ပါနိုင်တယ် ယောင်္ကျားလဲ ပါနိုင်တယ်...လူကြီးတွေ လို.မျှော်မှန်းထားလို.မရသလို လူလတ်ပိုင်းတွေ လူငယ်တွေလဲ ရောထည့်ထားနိုင်တယ်....သတိထားကြပါ..ဂရုစိုက်ကြပါ...ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ပေးကြပါ...
ကျမ ဘာမှ လုပ်မပေးနိုင်တာ အမှန်ပါ..ဒါပေမယ့် တကယ်လို.များ ဒေါ်အောင်ဆန်းစုကြည် တစုံတခု ဖြစ်ခဲ့သော် ဒါဟာ နိုင်ငံတော် အုပ်ချုပ်ရေးကို တာဝန်ယူထားသူများ၇ဲ့ အားနည်း ချို.ယွင်းချက် အပြစ်သာဖြစ်လိမ့်မယ်လို. ကြိုတင် သတိပေးနိုင်တာတခုပဲ လုပ်နိုင်တာပါ....
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ...ဘေးဘယာကင်းပါစေ...တိုင်းပြည်အတွက် ကြံ့ကြံ့ခံနိုင်ပါစေ..အောင်မြင်ပါစေ လို. ဆုတောင်းရင်း
http://www.simpleviewsonmyland.blogspot.com/
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ