Monday, November 22, 2010
ဒေါ်အောင်ဆန်းစုကြည် နှင့် သား ဖြစ်သူ ကိုထိန်လင်း ပြန်လည် ဆုံတွေ့ ပြီ update
အောင်မြင် ၊ ၊မြန်မာ့ဒီမိုကရေမိခင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ကျခံနေရက လွတ်ရက်စေ့ပြီး၁၀ရက်အကြာမှာတော့ သားဖြစ်သူကိုထိန်လင်းနှင့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ယနေ့မနက် ၈နာရီ၊ ၄၅မိနစ်မှာ
သားငယ်ဖြစ်သူကို ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း အေအက်ပီ
သတင်းထောက်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
အခုလို မိသားစုပြန်ပြီးတွေ့ရတာ ကျမတော်တော်ကိုဝမ်းသာရပါတယ် လို့ AFP သတင်းထောက်ကို
ဒေါ်အောင်ဆန်းကြည်ကပြော ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် ကိုထိန်လင်း ဟာ
ယမန်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက် သံရုံး ကနေ ပြည်ဝင်ခွင့် ဗီဇာရလို့  ရန်ကုန် မြို့ ကို ဒီနေ့ မနက်
အစော ပိုင်း မှာ ထိုင်းလေကြောင်း လိုင်း နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။




No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ