ရန်ကုန်၊ ဖေဖော်ဝါရီ-၃
ပြည်သိမ်း၊ ဥက္ကာကိုကို
၂၀၁၂ ခုနှစ်တွင် ကမ္ဘာကြီး၏တိမ်းစောင်းမှုသည် ၂၄ ဒီဂရီသို့ ရောက်ရှိမည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ်ဦးဇေယျာကိုကဆိုသည်။
ယင်းကဲ့သို့ တိမ်းစောင်းမှုကြောင့် ကမ္ဘာပေါ်တွင်ရာသီဥတုများ ဖောက်ပြန်ခြင်း၊ အပူချိန်လက်ရှိထက် မြင့်တက်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းကဆိုသည်။ ထို့အပြင်လူအများ၏ အသက်ရှင်နိုင်မှုသက်တမ်းမှာလည်း ယခုထက်ပိုမိုလျော့နည်းသွားမည်ဖြစ်ကြောင်းကို အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
၂၀၁၂ခုနှစ်နှင့်ပတ်သက်၍ နက္ခတ်ပညာရှင်များက ထင်ကြေးအမျိုးမျိုးပေး၍ ပြောဆိုနေကြသော်လည်း ခေတ်ပညာတတ်များကမူ ၎င်းတို့၏အဆိုကို လုံးဝယုံကြည်ခြင်းမရှိပေ။
“ကမ္ဘာကြီး ၂၄ ဒီဂရီ တိမ်းစောင်းမယ်ဆိုတာကို နက္ခတ်ပညာရှင်တွေအားကိုးရတဲ့ သူရိယသိဒ္ဓန္တကျမ်းမှာ အတိအလင်းဆိုထားတယ်”ဟု ဦးဇေယျာကိုက ဆိုသည်။
လက်ရှိ ကမ္ဘာကြီး၏ တိမ်းစောင်းမှုသည် ၂၃- ဒီဂရီတွင် ရှိနေပြီး လာမည့်နှစ်ပေါင်းနှစ်ရာ(၂၂၁၁ ခုနှစ်)တွင် ၂၇ ဒီဂရီထိ ရောက်ရှိမည်။ ယင်းမှတဖြည်းဖြည်း ပြန်လည်တည့် မတ်လာပြီး ၄၀၁၃ ခုနှစ်တွင်ပြန်လည်တည့်မတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအသင်းကဆိုသည်။
ကမ္ဘာကြီး၏ တိမ်စောင်းမှုကို နက္ခတ်သိပ္ပံပညာရှင်များက (အာယန)ဟုခေါ်ပြီး ၆၆နှစ် ၈လကြာလျှင် ၁ ဒီဂရီတိမ်းစောင်း ကြောင်း ၂၇ ဒီဂရီသို့ တိမ်းစောင်းသွားပါက ကမ္ဘာပေါ်ရှိလူများ၏ သက်တမ်းသည် ၃၀နှစ်ဝန်းကျင်ထိ ရောက်ရှိသွားနိုင် ကြောင်းဦးဇေယျာကိုက ဆိုသည်။

No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ