မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, December 29, 2011

ပေါက်ကွဲမီးလောင်မှု

ပေါက်ကွဲမီးလောင်မှုအတွင်း သေဆုံးသူနာမည်စရင်း နှင့် နောက်ဆုံးရ သတင်းဓါတ်ပုံများ
နောက်ဆုံးရ သေဆုံးသူများစာရင်း။
၁။ မောင်စိုင်းမောင်မောင် (၃) နှစ်
၂။ မောင်မောင်ကြီး (၁၀)နှစ်
၃။ မောင်သိန်းဇော် (၉) နှစ်
၎။ မစ၀်ခွန်ချို (၅) လ
၅။ မပုံ့ပုံ့ (၂၁) နှစ်
၆။ မယုဇအောင် (၂၃) နှစ်
၇။ ဦးသိန်းစိုး (၅၀) နှစ်
၈။ ကိုသန်းလှိုင် (၃၆) နှစ်
၉။ မယဉ်ယဉ်စန်း (၃၄) နှစ်
၁၀။ မရီလွင် (၃၃) နှစ်
၁၁။ မနွယ်လေးဟန်(၇) နှစ်
၁၂။ ဦးစိုင်းလင်း (၅၅) နှစ်
၁၃။ မောင်အောင်အောင်(၂၈)နှစ် (မီးသတ်)
၁၄။ မောင်မျိုးကျော်ကျော် (၂၀) နှစ် (မီးသတ်)
၁၅။ ဦးပြည်ဇော်ဌေး( ၅၀) နှစ် (မီးသတ်)
၁၆။ မောင်သော်ဇင်မျိုးထက် (၂၁) နှစ်(မီးသတ်)
၁၇။ ဦးတင်စိုး (၃၄) နှစ် (မီးသတ်)
၁၈။ PR (လူ့အသားစများ)

အထက်ပါစာရင်းမှာ တာမွေရဲစခန်းမှ နောက်ဆုံးရစာရင်းဖြစ်ပါသည်။
အမှတ်စဉ် ၁၃ မှ ၁၇ အထိ ၅ ဦးမှာ မီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။
နံပတ် ၁၈ မှာ ကောက်ယူရရှိသည့် လူ့အသားစများကို စုပေါင်းထားခြင်း ဖြစ်သည်။
နောက်ဆုံးအချက်အလက်များ ထပ်မံရရှိပါကလည်း ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းအရ လူနာစုစုပေါင်းမှာ ကျား- (၆၈) ဦး၊ မ- (၁၆) ဦး ဖြစ်ပြီး ယင်းလူနာများကို ရန်ကုန်ဆေးရုံကြီး အဆောင်(၅၊ ၆၊ ၇၊ ၈) ၊ ဦးနှောက်နှင့်အာရုံကြောဆေးရုံကြီး၊ အလုပ်သမားဆေးရုံကြီးတို့တွင် တင်ပို့ ကုသလျှက်ရှိသည်။
 
မီးဘေးကယ်ဆယ်ရေး စခန်းနေရာပြောင်းရွှေ့ 
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကူးတို့ဆိပ်ရပ်ကွက် ကူးတို့ဆိပ်လမ်းအတွင်းဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည့် ဒုက္ခသည်များကို ပထမထားရှိရာကယ်ဆယ်ရေးစခန်းဖြစ်သည့် သမိန်ပရမ်းလမ်းမပေါ်ရှိ မဟာဝိဇယဘုန်းကြီးကျောင်းမှ အနီးအနားရှိ အ.မ.က ၂၀ နှင့် ၂၄ တို့သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်သည်။

အဆိုပါဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း ၁၃၀ ခန့်သက်တမ်းရှိပြီဖြစ်သဖြင့် လူအုပ်ဒဏ်ကို မခံနိုင် မည်စိုးသဖြင့် ယခုကဲ့သို့ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေသည့် မီးသတ်ဝန်ထမ်းများထံမှသိရသည်။

ထို့အပြင် ဒုက္ခသည်များအတွက် အစားအသောက်၊ အသုံးအဆောင်ပစ္စည်း များကို ပုဂ္ဂလိကနှင့် အစိုးရဘက်မှ အများအပြားလာရောက်လှူဒါန်းနေကြသဖြင့် လိုအပ်ချက်များမရှိသလောက်ရှိကြောင်း ကယ် ဆယ်ရေးစခန်းရောက် ဒုက္ခသည်များထံမှသိရသည်။

"ပစ္စည်းတွေက သယ်လို့တောင်မနိုင်ပါဘူး။ နောက်နေ့အတွက် အစားအသောက်တွေတောင် ပိုလျှံနေပါတယ်။ အစစတော့ပြည့်စုံပါတယ်။ အိမ်တွေကိုလည်း ပြန်ချပေးမယ်ကြားနေတယ်" ဟု အဆိုပါရပ် ကွက်အတွင်းနေထိုင်သူ ကယ်ဆယ်ရေးစခန်းရောက် အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

ထူးကုမ္ပဏီအပါအ၀င် နာမည်ကြီးပုဂ္ဂလိကကုမ္ပဏီများကလည်း အစားအသောက်နှင့် အဝတ် အထည်များအပြင် ငွေကြေးများကိုပါ အများအပြားထည့်ဝင်လှူဒါန်းထားကြသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများထံမှသိရသည်။

သေဆုံးသွားသော မီးသတ်ဝန်ထမ်းငါးဦးအတွက် တစ်ဦးလျင် ကျပ် ဆယ်သိန်းစီ ထူးကုမ္ပဏီက လှူဒါန်းသွားမည်ဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေကြသည့် ဒုက္ခသည်များအတွက် သိန်းတစ်ရာ့ငါးဆယ်နှင့် ဆေးရုံများသို့ရောက်ရှိကြသည့် ဒဏ်ရာရသူများအတွက် ကျပ်သိန်း တစ်ရာကိုလှူဒါန်းထားကြောင်းသိရသည်။
 
» တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအတွက် ဂုဏ်ပြုဈာပနအခမ်းအနား (ဓါတ်ပုံ)




တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအတွက် ဂုဏ်ပြုဈာပနအခမ်းအနားကို ယနေ့ညနေ ၅ နာရီဝန်းကျင်တွင် ရေဝေးသုဿာန်၌ ကျင်းပနေစဉ်။
7Day News 
 
 

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ