မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, January 29, 2012

ပြင်သင့်တဲ့ ဥပဒေများကို ပြင်ဘို့ ကြိုးပမ်းမယ်


2012-01-29
မိမိ လွှတ်တော်ထဲကို ရောက်ရင် ပြင်သင့်တဲ့ ဥပဒေတွေကိုပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ကြိုးစား သွားမယ်လို့ ဒီကနေ့ တနင်္သာရီတိုင်း စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
DaweiMyoDaw Facebook Page
ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက် က ထားဝယ်မြို့ကိုလေယာဉ်နဲ့ ရောက်ရှိလာချိန်မှာ မြို့ခံ ပြည်သူလူထု သိန်းနဲ့ချီပြီး ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ လာရောက်အားပေးတဲ့ ပြည်သူတွေကို မိန့်ခွန်း ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်လို့ပြင်သင့်တာတွေကို လွှတ်တော်တွင်းမှာ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မောင်းမကန်ကမ်းခြေဘက်က ကျေးရွာတွေကိုလည်း သွားရောက်ခဲ့ပြီး လောင်းလုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးအတွက် စည်းရုံးဟောပြောခဲ့ပါတယ်။ ဒါ့အပြင် ထားဝယ်မြို့က NLD ပါတီတိုင်းရုံး ဆိုင်းဘုတ်တင်အခမ်းအနားကိုလည်းဖွင့်လှစ် ပေးခဲ့ပါတယ်။
တနင်္သာရီတိုင်း ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီဥက္ကဌအဖြစ် တာဝန်ယူပြီးတဲ့နောက် ပထမဆုံးနယ်စည်းရုံးရေးခရီးစဉ်လည်းဖြစ်ပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ