မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, January 28, 2012

အသဲကြားက မဲတပြား အပေးမမှာနဲ့


 ၂၀၁၂ခုနှစ်   ဧပြီ ၁-ရက်နေ့အတွက် ပြင်ဆင်လှဲ့
အသဲကြားက မဲတပြား
အပေးမမှာနဲ့

၈၈ကျောင်းသား လူငယ်များ
နိုင်ငံရေးသမားလို
ဟိုကစား ဒီကစား
ဥာဏ်တွေမများ။

အကောက်မကြံ မဖေါက်ပြန်
ဖြောင့်ဖြောင့်မှန်မှန် ဇွဲသန်သန်။

ဟိုမသိ ဒီမသိ
နိုင်ငံရေးသမားလို ပရိယာယ်မရှိ
သိပ်သိဖို့မလို စိတ်ရှိဖို့သာလို။

တိုင်းသူပြည်သား လူအများ
အကျိုးစီးပွားဖြစ်စေသား
ကျောင်းသားများကို အားကိုးထား။

ဟန်မလုပ် ပန်မလုပ်
လူထုတွေကို ဂုတ်သွေးမစုပ်။

    ၂၀၁၂ခုနှစ်  ဧပြီ ၁-ရက်နေ့အတွက် ပြင်ဆင်လှဲ့

အရိုးခံ အဆိုးမကြံ
ဒိလိုလူမျိုး အဖိုးတန်။

သင်၏အသဲကြား မဲတပြား
လွဲမှားမပေး အမှားမရွေး။

လူထုစိတ်ဝယ် အမြစ်တွယ်
မဲဆွယ်စရာမလို
သူ့နဂိုရ် အသိပို
ဒေါ်စုကိုသာအားထား
မဲပေးကြမှာတအား။

အများလူထု ကိုယ်စားပြု
ဒေါ်စုထပ်ညီ အင်အယ်လ်ဒီ(NLD)
အတည်စုဝေး မဲထည့်ပေး။

တခဏအရေးမဟုတ် တဘ၀အရေး
တခဏလုံခြုံရေးမဟုတ်
တဘ၀လုံခြုံရေး အဓိကတွေး
NLD (အင်အယ်လ်ဒီ)ကိုသာ မဲထည့်ပေး။

ကိုကိုအောင် (ခ)တက္ကသိုလ်ဘုန်းကြွယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ