မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, February 26, 2012

ပွဲတိုင်းမညှိုး စံချိန်ချိုး





မနောမြေက အပြောတွေမဟုတ်
ရက်ရောရွှင်ချို ကြိုဆိုကြတာ
လက်ကာကြည့်တောင်
မှောင်မှောင်တကြော
လူတောတွေဖုံး အဆုံးမရှိ
ကြည့်လို့ကိုပင် ၀မယ်မထင်။

အမြို့မြို့အနယ်နယ်ခြား
တိုင်းရင်းသားမျိုးစုံရဲ့ယုံကြည်မှု
အမေစုမှတပါး ရထားသူမရှိတော့ပါ။

မြန်မာရာဇ၀င်မှာ စာတင်ထားတာမရှိ
အမိအရ အဓိက တိကျတဲ့
လူထုထောက်ခံပွဲ ဘယ်လိုတွဲတွဲ
ဘယ်လိုနွှဲနွှဲ အမေစုပွဲလောက်
ကြောက်ခမန်းလိလိ ထောက်ခံထားတာမရှိ။

ဒီတခါဘော်လုံးပွဲ အနိုင်ကြဲပြီး
ဖလားပဲပေးမှာလား အလကားပြေးအုံးမှာလား
အကြွေးဆုံးခဲ့တဲ့၁၉၉၀-ပွဲမျိုး
အချိုးမခံနိုင်တော့ပါ။

ဆက်ကစားမှာလား ရပ်နားမှာလား
ဖလားကိုတော့ အတန်တန်ဆိုက်
အမှန်ပိုက်မယ့် အမေစု
လူထုရဲ့မီးရှူးတန်ဆောင်
ပြည်သူ့အလယ်မှာ တ၀င်းဝင်းပြောင်။

တက္ကသိုလ်ဘုန်းကြွယ်(၂-၂၃-၂၀၁၂)

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ