မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, February 29, 2012

လွှတ်သင့်တဲ့နိုင်/ကျဉ်းအမြန်လွှတ်






ပြည်သူရဲ့ပညာရေး
ကျန်းမာရေး စီးပွားရေး
ရေးပေါင်းများစွာ လိုအပ်ရာကို
အစိုးရမှာ တာဝန်သိသိ
တမ်းဆောင်ဘိ၏။

ခုနေအခါ  ၈၈-ကျောင်းသားများမှာ
သဘာဝထိန်းသိမ်းရေး
ပတ်ဝန်းကျင် သန့်ရှင်းရေး
လူလောကကိုကောင်းကျိုးပေးမယ့်
စွန့်ပစ်ပလပ်စတစ်ကောက်ရေးကမ်ပိန်းကို
မတိမ်းမစောင်း စေတနာကောင်းနှင့်
စုပေါင်းကာ အတွေးရောက်
လမ်းတလျှောက်ပစ်ထားတဲ့
ပလပ်စတစ်ကောက်လုပ်ငန်းကို
မန္တလေးတောင်ခြေတ၀န်း
ရွှန်လန်းအားရ စုစည်းကြပြီး
လမ်းစထင်ပေါ် အကောင်ထည်ဖေါ်ကာ
ရွှင်ပျော်စွာလုပ်ဆောင်ကြလေပြီ။

ပလပ်စတစ်ကောက်ရေး
သေးပင်သေးလည်း
အတွေးထိရောက်
ရည်ရွယ်ချက်မြောက်ကာ
ရှေ့လျှောက်မည့်လမ်း
ဒီမိုကရေစီစခန်းမှာ
ဝမ်းပန်းတသာ ပါဝင်လာမည့်
ညီညာထိန်ညီး လူအဖွဲ့စည်းလည်း
တနည်းအားကောင်းလာလိမ့်မည်။

လူထုအဖွဲ့အစည်း စုစည်းညီညာ
အားကောင်းလာမှ ကြည်သာတဲ့ဒီမိုကရေစီ
အလီလီတင့်ဆန်း ပွင့်လန်းလာပါလိမ့်မည်။

ဤသို့စေတနာ ထားတတ်ပါသော
၈၈-ကျောင်းသား အဖေါ်များမှာ
အတော်ကြာ အမှောင်ဆင်း
ထောင်တွင်း၌ ဒုက္ခစရိယ
ကျင့်နေရပါသေးသည်။

တိုင်းပြည်အကျိုး မြော်ကိုးပါလျှင်
လုပ်အားတိုးအောင် အမှောင်ကလူများ
လှောင်မထားဘဲ တတပ်တအား
လွှတ်လိုက်ပါတော့လား။

 တက္ကသိုလ်ဘုန်းကြွယ်(၁-၂၇-၂၀၁ ၂)

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ