မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, March 31, 2012

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်တွင် သံတမန်များလာရောက်လေ့လာစဉ်

"ကောင်းပြီး တိုးတက်တဲ့ အပြောင်းအလဲပဲ လိုချင်တယ်။ ဆိုးပြီး တိုးတက်တဲ့ အပြောင်းအလဲတော့ မလိုချင်ဘူး။ လူတွေအများစု ယုံကြည်တဲ့သူ နိုင်မယ်ထင်တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို ဘယ်တုန်းကမှ စိတ်မ၀င်စားကြတဲ့ သူတွေတောင် စိတ်ဝင်စားလာကြတယ်။ ခံစားချက်ကတော့ အကောင်းဘက်ကို ပိုများလာမယ်ထင်တယ်။ စိတ်တိုင်းမကျတာ နည်းနည်းတော့ ရှိတယ်။ တစ်ချို့ မဲစာရင်းမှာ နာမည်မပါတဲ့ သူတွေ ရှိတယ်။ ကော်မရှင်ရုံးမှာ သွားမေးတော့ မသိဘူး ပြောတယ်။ ၂၀၁၅ ကျမှ မဲပေးတော့လို့ ပြောတယ်။ မကျေနပ်ရင် ကြိုက်တဲ့နေရာ တိုင်လို့လည်း ပြောတယ်။ နောက်ပိုင်း နာမည်မပါတဲ့သူတွေကို သူတို့နဲ့ ကော်မရှင်ရုံးက ရင်းနှီးတဲ့သူတွေ ရှာပေးမှ ကတ်ပြားရတယ်။ ဒါကို ကြည့်မယ်ဆိုလို့ရှိရင် ကော်မရှင်မှာ လုပ်တဲ့သူတွေက ဒီလိုစကားမျိုး ပြောဖို့ မသင့်ဘူး။ အခုလိုမျိုး ပြောတဲ့ အတွက် ကော်မရှင်က လူကြီးတွေရဲ့ စေတနာနဲ့ အောက်ကလူတွေ လုပ်နေတာနဲ့ ရောင်ပြန်ဟပ်နေတယ်။ ဒီတစ်ချက်ပါပဲ” မရမ်းကုန်းမြို့နယ် ၇ ရပ်ကွက်၊ မဲရုံအမှတ် ၁၊ ၂ တွင် မဲပေးခဲ့သူ စာရေးဆရာ မောင်စံပေါက ပြောပါသည်။

တန့်ယန်းမြို့နယ် မြို့ပေါ်ရပ်ကွက် 10 ခု၊ မဲရုံ 12 ရုံရှိ
မဲပေးခွင့်ရှိသူဦးရေစုစုပေါင်း

16601 ဦး
ရပ်ကွက် 1 မဲပေးခွင့်ရှိသူဦးရေ- 970
ရပ်ကွက် 2 -3424
ရပ်ကွက် 3 - 1458
ရပ်ကွက် 4 -2946
ရပ်ကွက် 5 - 2468
ရပ်ကွက် 6- 1415
ရပ်ကွက် 7- 578
ရပ်ကွက် 8- 699
ရပ်ကွက် 10 - 1217
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်

 
 မြောင်းမြမြို့ မြင်ကွင်း


ပုသိမ်မြို့ အမှတ် ၁၁ ရပ်ကွက် မဲရုံအမှတ် ၁၃ တွင် မဲပေးခွင့်ရှိသူ ၂၆ ဦးရှိပြီး ပြည်ခိုင်ဖြိုးပါတီမှ ၂၆ မဲ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါမဲရုံတွင် မဲပေးခွင့်ရှိသူများမှာ တပ်စည်ပင် ၀န်ထမ်းလိုင်းမှ အိမ်ထောင်စုများ ဖြစ်ကြောင်း သိရပါသည်။
 
‎"ကြားဖြတ်ေ၇ွးကောက်ပွဲတွင် သံတမန်များ လွတ်လပ်စွာ စိတ်ကြိုက် လေ့လာခွင့်ရ" ကြားဖြတ်ေ၇ွးကောက်ပွဲတွင် သံတမန်များ အနေဖြင့် မိမိသဘော ဆန္ဒအလျောက် လွတ်လပ်စွာ သွားလာကြည့်ရှု စစ်ဆေးခွင့် ရရှိကြောင်း မြန်မာနိုင်ငံ အီဂျစ်သံရုံးမှ သံတမန် တစ်ဦးဖြစ်သည့် မစ္စတာ sherif abdelazi က ယနေ့နံနက် ၇နာရီ မိနစ်၂၀တွင်ပြောသည်။" ၂၀၁၀ ရွေးကောက်ပွဲနဲ့ အဓိက ကွာခြားတာကတော့ ဘယ်လို စည်းကမ်း ထိန်းချုပ်မှုမှ မရှိတဲ့အတွက် လွတ်လွတ် လပ်လပ်နဲ့ ကိုယ်ကြိုက်တဲ့ မဲရုံကို စိတ်တိုင်းကျ သွားနိုင်တယ်။ ကျွန်တော်တို့ ၀င်စစ်ဆေး တဲ့အခါမှာလဲ ကြည်ကြည်ဖြူဖြူနဲ့ ပျူပျူငှာငှာပါပဲ ၊ လွတ်လပ်မှု ရှိတယ်လို့ မြင်ပါတယ်" ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် သာယာကုန်း ရပ်ကွက် မဲရုံအမှတ်(၁)တွင် လာေ၇ာက် ကြည့်ရှုပြီးနောက် ၄င်းက ထပ်မံပြောသည်။၂၀၁၀ေ၇ွးကောက်ပွဲ ကာလတွင် သံတမန်များ အနေဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ဦးဆောင် မှု အောက်တွင်သာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ခရီးစဉ်များ သွားရောက်ခဲ့ ရပြီး ယနေ့တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အထက်ပါ အချက်မှာ အပြောင်းအလဲ တစ်ခုဖြစ်သည်။အထက်ပါ မေးမြန်းစဉ် အတွင်း ၄င်းအနေဖြင့် မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ မဲရုံ နှစ်ရုံအား လေ့လာပြီးပြ ဖြစ်ပြီး ဆက်လက်၍ ရန်ကုန်မြို့ရှိ မဲရုံးများအား တတ်နိုင်သမျှ ထပ်မံ လေ့လာဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
 

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ