MOETHIHAAUNG
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
Friday, March 30, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းစာရှင်းလင်းပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ယနေ့နံနက်ပိုင်း ကျင်းပခဲ့ပြီး ပြီးခဲ့သည့်လများအတွင်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားပါက လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည်ဆိုသည်ကို စဉ်းစားလို့ မရနိုင်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မှားယွင်းမှုများသည် ဒီမိုကရက်တစ်ကျသည့် ရွေးကောက်ပွဲတစ်ခုက လက်ခံနိုင်သည့်
ထက် ကျော်လွန်ကြောင်း၊ သို့ရာတွင် ကျွန်မတို့ပြည်သူများ လိုချင်သည့် အရာဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပါကြောင်း၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် နိုင်ငံတွင်း နိုင်ငံရေးအသိတရား နိုးကြားမှု တိုးမြှင့်ပေးပါကြောင်း၊ မိမိကျန်းမာရေးအနေဖြင့် သိပ်ကြီးတော့ နေမကောင်းသေးပါကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်မပူရန် ပြည်သူများကို ပြောကြားလိုပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ကိုယ့်လမ်းကို ကိုယ်ခင်းပြီး သွားရမှာဖြစ်ကြောင်း၊ မြစ်ဆုံရေကာတာ စီမံကိန်း ထာဝရရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ဂျာနယ်လစ်တစ်ဦး၏ မေးမြန်းမှုအပေါ် အားလုံးက လက်ခံနိုင်သည့် ထာဝရအဖြေတစ်ခုကို ရှာဖွေရမည်ဖြစ်ကြောင်း၊ စသဖြင့် ထည့်သွင်းဖြေကြားခဲ့ပါသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲသို့ လာရောက် စောင့်ကြည့် လေ့လာသူများအပါအ၀င် ပြည်တွင်း ပြည်ပ မီဒီယာ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
တနင်္ဂနွေနေ့တွင်ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဘယ်လောက်အထိ အနိုင်ရမည်ဟုမျှော်မှန်းထားပါသလ
ဲ ဟုမေးမြန်းမှုကို “ကျွန်မတို့ အနေနဲ့ များနိုင်သမျှများများ အနိုင်ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ဖြေကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သ
ည် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၄နေရာတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယနေ့နံနက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကချင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောပြဿနာများကို ယခုတိုင်မဖြေရှင်းနိုင်သေးသည်လဲ
ဆိုသည့်မေးခွန်း မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မမှာသာ မြန်မာနိုင်ငံမြောက်ပိုင်းက ကိစ္စတွေကိုဘယ်လိုဖြေရှင်းနိုင်မ
လဲဆိုတဲ့အဖြေရှိရင် ချက်ချင်းပေးမှာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ယုံကြည်ချက်အားနည်းနေလို့ဘဲ ဖြစ်တယ်။ တိုင်းရင်းသားတွေကြားမှာ ညီညွှတ်မှု့ရှိဖို့၊လေးစားမှု့ရှိဖ
ို့ဆိုရင် တစ်ဦးကိုတစ်ဦးလေးစားဖို့လိုတယ
်။ အခြေခံပင်လုံစိတ်ဓာတ်မွေးမြူဖို
့လိုတယ်” ဟုဖြေကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသေ
ာ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
ကျန်းမာရေးကြောင့် နေအိမ်တွင် ရက်အနည်းငယ်အနားယူခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်(၃၀-၃-၂၀၁၂)တွင်ပြုလုပ
်သောသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးခွန်းများကို တစ်နာရီကျော်ကြာ ဆက်တိုက်ဖြေကြားခဲ့ရသဖြင့် အနည်းငယ်ပင်ပန်းနွမ်းနယ်နေပုံရေ
သ်ာလည်း ကော့မှူးမြို့သို့ ဧပြီ(၁)ရက်နေ့တွင် သွားရောက်ကြည့်ရှုနိုင်ရန် ရန်ကုန်မြို့မှ မတ်လ၃၁ရက်နေ့ကတည်းကထွက်ခွာပြီး ၀ါးသိင်္ခရွာတွင် ညအိပ်မည်ဖြစ်သည်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ်(၅၄)တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူမနှင့်ပြည်တွင်းပြည်ပသတင်းထော
က်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဂျေမောင်မောင်၊အမရပူရ)
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ
‹
›
Home
View web version
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ