မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, March 31, 2012

ပြည်သူလူထုတွေကတာဝန်ကျေနေကြပြီ။

ပုခုက္ကူမြို့ ကျွဲပွဲကျေးရွာအုပ်စု ရွှေချောင်းရွာ မဲရုံအမှတ် (၉) တွင် မဲစာရင်းတွင် မပါဝင်သူများ ရှိနေကြောင်းသိရသည် “ကျမတို့က ရပ်ကွက်မှာ နေလာတာကြာပါပြီ။ ရပ်ရေးရွာရေးတွေကိုလည်း ခေါ်ခိုင်းတိုင် မငြီးမငြူ လုပ်ဆောင်ပေးခဲ့ပါတယ်။ အခု ကျမတို့ လင်မယားနှစ်ယောက်ရှိတာ ယောကျာင်္ပဲ မဲပေးခွင့်ရတယ်။ လာကောက်တုန်းကတော့ နှစ်ယောက်စလုံးနာမည် ပေးလိုက်တယ်။ အခုမဲပေးချင်တာ မဲပေးခွင့်မရတော့ဘူ။ မဲပေးခွင့်ရမယ်ဆိုရင် ခွပ်ဒေါင်းကို ပေးမှာပါ။” ပုခုက္ကူမြို့ ကျွဲပွဲကျေးရွာအုပ်စု ရွှေချောင်းရွာ မဲရုံအမှတ် (၉)မှ မဲပေးခွင့်မရသူတစ်ဦး
 
ပုသိမ်မြို့ ရပ်ကွက် ၁၁တွင် မဲပေးပိုင်ခွင့် ရှိသူ ၁၁၃၃၄ ဦး၊ ကြိုတင်မဲ ၁၉၃ ဦး၊ ပုသိမ်မြို့တွင် ပိတောက်မျာ တစ်မြို့လုံး ပွင့်နေကြောင်းသိရသည်။
  • "၂၀၁၀ ပြည့်နှစ်မှာ မဲထည့်ရပြီး အခုချိန်မှာ စာရင်း မပါတာတွေလည်း ရှိပါတယ်။ သေစာရင်းတွေ ရော ပါနေတာလည်း ရှိပါတယ်။ ရလဒ် အပေါ်မှာ အကောင်းဆုံး မျှော်လင့်ထားပါတယ်။ ၂၀၁၀ တုန်း ကတော့ မီဒီယာက အခုလောက် ပွင့်လင်းခွင့် မရခဲ့ပါဘူး။ အခု ချိန်မှာတော့ ပွင့်လင်းလာပါပြီ။ လူတွေလည်း အသိဝင်လာပါပြီ။ ၂၀၁၅ ဆိုရင် အခုထက် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ မဲရုံ ကိုယ်စားလှယ် မငှားနိုင်တဲ့ အတွက် မဲရုံတွေကို ကိုယ်တိုင် လိုက်ကြည့်နေပါတယ်" ဟု မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်သော အမျိုးသားဒီမိုကရေစီပါတီသစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိန်း (ခ) ရသ က ပြောကြားခဲ့ပါသည်။
    မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသူတစ်ဦးအား တွေ့ရစဉ်

 
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသူတစ်ဦးအား တွေ့ရစဉ်
 
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်ရှိ ရပ်ကွက် အမှတ် (၆) မဲရုံ (၂)သို့ မဲပေးရန် လာရောက်သောအဖွားအိုတစ်ဦးအား တွဲခေါ်လာစဉ်
 ပြည်သူလူထုတွေ အနေနဲ့ကတော့ ၉၀ ရလဒ်တုန်းကလဲ...
Myo Thant 9:58pm Mar 31
ပြည်သူလူထုတွေ အနေနဲ့ကတော့ ၉၀ ရလဒ်တုန်းကလဲ တာဝန်ကျေပြီးပြီ။ အခု ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှာလဲ မဲပေးခဲ့ပါတယ်။ ပြည်သူလူထု ကောင်းဖို့ တိုင်းပြည် တိုးတက်ဖို့အတွက် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် ၉၁ လမ်း မဲရုံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းကို မဲပေးခဲ့သည့် ပြည်သူတစ်ဦးဖြစ်သည့် ဒေါ်ခင်သီတာချော က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ