မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, March 31, 2012

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း

မကွေးမြို့ သိဂါင်္ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ အိမ်ထောင်စုများမှာ အိမ်ထောင်စု တစ်ခုချင်းစီ အလိုက် စာရင်းရှိလူဦးရေအတိုင်း မဲပေးခွင့် မရရှိခဲ့ကြောင်း သိရပါသည်။

" ခိုင်ရွေဝါလမ်းတို့၊ ခွာညိုလမ်းတို့၊ စပယ်လမ်းတို့က အိမ်ထောင်စုတွေမှာ အိမ်ထောင်စုဝင် စာရင်းအလိုက် မဲစာရင်းမှာ လူစုံ ပါမလာတာပါ။ ငါးယောက်ရှိရင် နှစ်ယောက်ပဲ ပါလာတာတို့၊ သုံးယောက်ရှိရင် တစ်ယောက်ပဲ ပါလာတာတို့ပါ။ လူတွေကလည်း ၂၀၀၈ တုန်းကရော၊ ၂၀၁၀ တုန်းကရော အိမ်တွေကိုလာပြီး စာရင်းလာကောက်တာမို့ ခုတစ်ကြိမ်မှာလည်း အိမ်ကို လာပြီး စာရင်းလာကောက်လိမ့်မယ်လို့ လူတွေက ထင်နေခဲ့တာပါ။ တကယ်တန်း လာမကောက်လို့ သွားပေးတဲ့ အခါကျလို့ အခုလိုမျိုး စာရင်းမှာ ပါမလာတွေ တွေ့ရတာပါ"ဟု မကွေးဒေသခံ တစ်ဦးက ပြောပါသည်။
 ပုခုက္ကူမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအများစုတွင် မဲစာရင်းတွင် မပါရှိသူအများအပြားရှိကြောင်း သိရှိရသည်။ တစ်ချို့မြို့နယ်ရပ်ကွယ်များတွင
် မိသားစုလိုက်၊ အိမ်ထောင်စုလိုက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရှိရသည်။ ရွှေချောင်းကွက်သစ်ရပ်ကွက်ရှိ မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများက complaint တက်သည့်အခါ ရာအိမ်မှုး၊ ဆယ်အိမ်မှုးအချို့မှ ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု သတင်းရရှိသည်။
 
 မရမ်းကုန်း ယိုးဒယားလမ်း (၉) မိုင် အမှတ် ၅ ရပ်ကွက်အတွင်းရှိ လူအတော်များများ မဲစာရင်းတွင် မပါရှိကြောင်း သတင်းရရှိသည်။ “အန်တီတို့ မိသားစုဝင် ၉ ဦးရှိပါတယ်။ ဒီရွေးကောက်ပွဲမှာ တစ်မိသားစုလုံးစာ မဲထည့်ချင်တဲ့အတွက် နယ်မှာရောက်နေတဲ့ သားတွေကိုတောင် ရန်ကုန်ကိုပြန်ခေါ်ထားပါတယ်။ မတ်လ ၁ ရက်နေ့ကတည်းက မဲစာရင်း ပါမပါသွားကြည့်ပါတယ်။ တစ်မိသားစုလုံး နာမည်မပါတဲ့အတွက် မတ်လ ၇ ရက်နေ့မှာ နာမည်စာရင်း ထပ်ပေးပါတယ်။ အဲဒီအချိန်မှာ ရုံးက ကောင်လေးတစ်ယောက် က အန်တီတို့ တစ်မိသားစုလုံးရဲ့ နာမည်မဲစာရင်းထဲ ပါသွားပါပြီလို့ ပြောတယ်။ ဒီနေ့မဲထည့်ဖို့သွားတော့ အန်တီတို့ တစ်မိသားစုလုံးရဲ့ နာမည်တွေ မဲစာရင်းထဲမပါတဲ့အတွက် မဲမထည့်ခဲ့ရပါဘူး။ နောက်ပြီး အန်တီတို့နေတဲ့ ယိုးဒယားလမ်းမှာ ဆိုရင် လူ ၂၀ လောက်ရဲ့နာမည်တွေ မဲစာရင်းထဲမပါလာပါဘူး။ ဘောဂလမ်းမှာ ဆိုရင်လည်း တစ်လမ်းလုံးနီးပါးရဲ့ နာမည်တွေ မဲစာရင်းထဲမပါလာပါဘူး။” ဟု ယိုးဒယားလမ်းနေ အမျိုးသမီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။
 
ဒဂုံဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက် သီရိကျော်ဇင်လမ်းအတွင်းရှိ အိမ်ထောင်စုများနှင့် အခြားလမ်းများမှ အိမ်ထောင်စုများမှာ ယနေ့မဲပေးရမည့် စာရင်း၌ ပါဝင်လာခဲ့ခြင်း မရှိကြောင်း သိရပါသည်။

“မဲပေးခွင့်မရလို့ စိတ်မကောင်း ဖြစ်ရပါတယ်။ သီရိကျော်ဇင်လမ်းမှာတင် မဲစာရင်းမပါလာတဲ့ အိမ်ထောင်စု တော်တော်များပါတယ်။ တခြားလမ်းက အိမ်ထောင်စုတွေ အပါအ၀င် ဆိ ရင် အိမ်ထောင်စု ၁၀၀ ကျော်လောက် မဲပေးရမယ့် စာရင်းမှာ ပါမလာပါဘူး။ လွန်ခဲ့တဲ့ ၈ ရက်လောက်ကတည်းက မဲပေးရမယ့် စာရင်းမှာ မပါတဲ့ အတွက် သန်းခေါင်းစာရင်းတွေ၊ မှတ်ပုံတင်တွေ သွားပေးပြီး ထည့်ခိုင်းထားပေမယ့် ဒီနေ့မှာလည်း ပါမလာ သေးပါဘူး။ နောက်ပြီး တစ်ချို့ဆိုရင်လည်း အိမ်ထောင်စု စာရင်းမှာ ငါးဦးရှိပေမယ့် နှစ်ဦးလောက်ပဲ မဲပေးရမယ့် စာရင်းမှာ ပါလာတာ တွေ့ရပါတယ်။ ကျွန်မတို့ကတော့ ဒီနေ့ မဲပေးခွင့် ရဖို့ ကြိုးစားနေပါတယ်”ဟု သီရိကျော်ဇင်လမ်းအတွင်းမှ အိမ်ထောင်စုဝင် တစ်ဦးက ပြောပြပါသည်။
မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်ရှိ ပြည်တော်သာ မဲရုံတွင် မဲစာရင်းတွင် မပါဝင်သူနှင့် မဲစာရင်းတွင် ပါဝင်သော်လည်း မဲပေးခွင့်မရသူ ၁၀၀ ဦးခန့် ရှိနေကြောင်း၊ ၎င်းတို့၌ အချို့မှာ မဲစာရင်းတွင် မပါဝင်သူများ ဖြစ်ပြီး အချို့မှာ မဲစာရင်းတွင် အမည်ပေါက် ပါဝင်သော်လည်း ဖခင်အမည် လွဲမှားနေခြင်းကြောင့် မဲပေးခွင့် မရရှိသူများ ဖြစ်ကြောင်း သိရသည်။
 
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၉၄ရပ်ကွက်၊ အထက ၂ ကျောင်းဝင်းအတွင်းတွင်ရှိသော မဲရုံများသို့ ဒေသခံမိသားစု တစ်စုမှ လာရောက်ပြီး မဲစာရင်းတွင် နာမည်မပါသောကြောင့် မဲပေးခွင့်ရရှိရေးအတွက် တောင်းဆိုလျှက်ရှိကြောင်း အဆိုပါ မိသားစုမှာ ၉၄ရပ်ကွက်၊ ၁၀နှစ်ခန့် နေထိုင်လာပြီး ယခုထိလည်း ပုံစံ (၁၀) ဖြင့် နေထိုင်လျက်ရှိသော မိသားစုဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြောင်း ယခုမဲပေးလိုသောကြောင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း ပြောဆိုလျှက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြေလည်အောင်ဖြေရှင်းပေးပါမည်ဟု ဆိုကာ ထိုမိသားစုအား ခေါ်ယူ ညှိနှိုင်းလျှက်ရှိကြောင်း မြစ်မခသတင်းထောက် အောင်ကိုကိုလတ်မှ သတင်းပေးပို့သည်။

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၈)
ဓါတ်ပုံ(NLD)
စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်မဲရုံတွင်မဲရုံ
ကိုယ်စားလှယ်များအားတစ်နေကုန်ထိုင်နေရမည်။ 
လမ်းလျှောက်ခွင့်မရှိကြောင်းမဲရုံမှူးက ခြိမ်းခြောက်မှုများရှိနေကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စ
စ်ကိုင်းရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
 မတ် ၃၁ ရက်ည ၈ နာရီက ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကြံ့ခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရာ၌ NLD ကသတင်းဓာတ်ပုံ ရိုက်ယူရာမှ နှစ်ဖက်ပဋိပက္ခဖြစ်ပွားပြီး ပြည်ခိုင်ဖြိုးပါတီမှ ဗီဒီယိုရုံပိုင်ရှင်၏သား ဓားထိုးခံရ၍ သေဆုံးသွားကြောင်းသိရသည်။
7Day News Journal
------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊
မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်


ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက
်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။
မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။
ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။
နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။
မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။
Yangon Press International 
 --------------------------------------------------------------------------------------

မရမ်းကုန်း ၉ ရပ်ကွက် မဲရုံ ၈ မဲစာရင်းစတင်ပိတ်၊ NLD တစ်မဲသာရ

 မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် မဲရုံနံပါတ် ၈ မဲစာရင်းကုန်သွားပြီဖြစ်သဖြင့် မဲရေတွက်ရာ NLD ပါတီမှ တစ်မဲသာရရှိခဲ့ကြောင်း weekly express times သတင်းထောက်က သတင်းပေးပို့သည်။
မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၂၇၃ ယောက်ရှိပြီး ကြိုတင်မဲ ၁၀၁ မဲရှိကြောင်း စုံစမ်းသိရှိရသည်။
လက်တလောစာရင်းအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ ၁၆၇ မဲ ၊ ပယ်မဲသုံးမဲ၊ မြန်မာကွန်ရက်မှ တစ်မဲ၊ NLD မှ တစ်မဲသာရရှိခဲ့ရာ ကြံ့ခိုင်ရေးပါတီမဆိုထားနှင့် ပယ်မဲပင်လျှင် NLD ကို ဖြတ်တက်သွားကြောင်း တွေ့ရှိရသည်။
 weekly express times

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၇)
 ယနေ့နံနက် ၈နာရီ ၄၅ ခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)နှင့်(၂)များသို့ NDF ကိုယ်စားလှယ်လောင်း ဦးရဲမင်းသိမ်း(အဆိုတော် ရသ)၀င်ခွင့်မရကြောင်းသတင်းရရှိ။

ယနေ့နံနက် ၈နာရီ ခွဲခန့်တွင် သိရသောစာရင်းအရ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူရထား မဲရုံအမှတ်(၁)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ သိမ်ဖြူရထား မဲရုံအမှတ်(၃)၀ယ် ကြိုတင်မဲ ၁၄ မဲ၊ ကန်မြောက် မဲရုံအမှတ်(၁)နှင့်(၂)တို့ဝယ် ကြိုတင်မဲ ၁၂၅ မဲ၊ သာယာကုန်း မဲရုံအမှတ်(၄)၀ယ် ကြိုတင်မဲ ၂၈ မဲတို့ရှိနေကြောင်းသိရသည်။


ပဲခူးတိုင်း သနပ်ပင်မြို့နယ်၊ ဘုရားကြီးပိုင်းရပ်ကွက်မဲရုံတွင


် အကျွေးအမွေးများပြုလုပ်နေသဖြင့် မဲဆွယ်စည်းရုံးမှုလေလောဟု စုံစမ်းကြည့်ရာ မဲရုံတာဝန်ရှိသူများက မဲပေးသူမျုားကိုကျွေးခြင်းမဟုတ်ကြောင်း မဲရုံအမှုထမ်းများကိုသာ ကျွေးခြင်းဖြစ်ကြောင်းသိရပါသည်။
 
ဒဂုံဆိပ်ကမ်းမြို့နယ် (၉၂)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်အမည်စာရင်းဝယ် နာမည်များထပ်နေခြင်းတွေ့ရှိရဟု မဲဆန္ဒရှင် တစ်ဦးကပြောသည်။
"ဒီလိုဗျာ... မဲစာရင်းမှာ အမှတ်စဉ် ၁ ကနေ ၁၀၀ အထိပါတယ်ဆိုပါတော့။ အဲဒီမှာ ကျွန်တော့် နာမည်က နှစ်နေရာတောင်ပါနေတာတွေ့ရတယ်။ ဒီတော့ ပေးလိုက်တဲ့မဲက ဘယ်လိုများဖြစ်သွားမလဲ။ ပယ်မဲများဖြစ်သွားမလားလို့ စိုးရိမ်နေတယ်ဗျာ။ ကျွန်တော့်လိုပဲ ကြုံတဲ့သူ နှစ်ယောက်လောက်ရှိတယ်လို့သိရတယ်
ဗျ"ဟု သူကပြောသည်။
 

ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီ သံတမန်များသွားရောက်လေ့လာမည် 
 
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် (ချင်းရွာ) ရှိ အမှတ် ၅၇ အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံသို့ မကြာခင်အချိန်အတွင်း သံတမန်များသွားရောက်လေ့လာမည်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီခန့်က သတင်းရရှိသည်။ ယင်းအချိန်အတွင်း ဇဗ္မူသီရိမြို့နယ် တွင်း၌ တရုတ် ဘရူနိုင်းနှင့် အမေရိကန် နိုင်ငံများမှ သွားရောက်လေ့လာနေပြီဟု သတင်းရရှိသည်။ ဥတ္တရ သီရိမြို့နယ်တွင်း၌ မဲပေးခွင့်ရှိသူဦးရေ ၅သောင်း ၆ထောင်ကျော်ရှိပြီး အထက်ပါ မဲရုံ၌ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ ၃ ထောင်ကျော်ရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ယင်းရပ်ကွက် ၌ မဲပေးခွင့်ရှိသူဦးရေမှာ ၈ ထောင်ကျော်ရှိသည်ဟု သိရှိရသည်။
ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံသို့ မကြာမီအချိန်အတွင်း သံတမန်များ သွားရောက်လေ့လာမည်
 Popular Myanmar News Journal
  ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၆)
လားရှိုးမြို့၊ ဗျုဟာလမ်းမကြီးပေါ်ရှိ အမှတ်(၁၆)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် နံနက် ၅ နာရီ ၅၀က မဲရုံအတွင်း ဖယောင်းတိုင်မီးများဖြင့် မဲရုံတာဝန်ရှိသူများ အလုပ်စနေကြပြီဖြစ်သည်။ မဲရုံကို ခြောက်နာရီတွင်စဖွင့်ပြီး ၁၀ မိနစ်အကြာတွင် ပထမဆုံးရောက်ရှိလာသူမှာ ရှမ်းအမျိုးသားဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းစံမင်းဖြစ်သည်။ ပထမဆုံးမဲပေးသူဖြစ်ပြီး မဲရုံတာဝန်ရှိသူများကိုလိုက်လံနှုတ်ဆက်ကာ ပြန်ထွက်လာသည်။ ““ကြိုတင်မဲ ၁၀ မဲရှိတယ်လို့ပြောတယ်။ ကျွန်တော် ကဒ်ပြား ကိုးခုပဲတွေ့ခဲ့တယ်”” ဟု မဲရုံပြင်ပရှိ သတင်းထောက်များအား ပြောသည်။ ထို့နောက် တခြားမဲရုံများသို့ လိုက်ခံကြည့်ရှုရန် စူပါရုဖ်ဗင်ကားလေးကို မောင်းနှင်၍ ထွက်ခွာသွားသည်။

ဓာတ်ပုံ- သန်းဌေး
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅)
မရမ်းကုန်းမြို့နယ်ရှိ မဲရုံတွင် လူအများလာရောက်မဲပေးစဉ်။
မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။
By: Popular Myanmar News Journal

မင်္ဂလာတောင်ညွန့်မြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊မဲရုံများမြင်ကွင်
By: National League for Democracy

မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးအရှေ့ရပ်ကွက်တွင် မဲရုံ ၄ ရုံ၌ လာရောက်မဲပေးသူ အမျိုးသမီး ၁၂ ဦးအား ကျပန်းမေးမြန်းရာ ၁၁ ဦးက NLD အားမဲပေးခဲ့သည်ဟု ဖြေကြားကြပြီး ကျန်တစ်ဦးက ပြည်ခိုင်ဖြိုးအား မဲပေးခဲ့သည်ဟု ဖြေကြားသည်။

နေပြည်တော်ခရိုင် ဇမ္ဇူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မဲရုံအမှတ်( ၂၇၊ ၂၈) နှစ်ရုံတွင် မဲပေးရမည့်သူများမှာ ACE ကုမ္ပဏီမှ ဖြစ်ပြီး၊ မဲဆန္ဒရှင် ၂၃၀၀ ရှိသည်။ ယနေ့နံနက် မဲပေးကြရာ၌ ကိုက် ၅၀၀ အကွာ၌ လာရောက်မဲပေးသူ ကုမ္ပဏီဝန်ထမ်းများအား တစ်ဦးလျှင် ငွေတစ်ထောင်၊ ရေသန့်တစ်ဗူးနှင့် ထမင်းတစ်ထုပ် ဝေငှကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ဒေါ်စန္ဒာမင်းမှ ယခုကဲ့သို့ မလုပ်သင့်ကြောင်း ပြောဆိုပြီး၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဝင်းဌေးကမူ "၄င်းကုမ္ပဏီက သူ့ဝန်ထမ်းတွေကို မနက်စာ ကျွေးနေကျမို့လို့ ကျွေးတာပါ"ဟု ပြန်လည်ဖြေကြားသည်။

ACE ကုမ္ပဏီမှ အသက် ၂၀ အရွယ် အမျိုးသားဝန်ထမ်း တစ်ဦးကမူ ပြည်ခိုင်ဖြိုးကို မဲပေးခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
 7Day News Journal

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ