April
27, 2012
Photo
& News By CJ-088
မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဦးတည်၍
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသရှိ
ရိုဟင်ဂျာဒုက္ခသည်များ ခိုးဝင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
"ကျွန်တော်တို့ ပုလဲမြို
့နယ် ရဲစခန်းမှာ ခုလောလောဆယ် ဖမ်းမိထားတာ ၄ ယောက်ရှိတယ်။ သူတို့ ကို ချင်းတောင်နဲ့ ကပ်နေတဲ့ ဂန့်ဂေါမြို့ နယ်နဲ့ မုံရွာခရိုင်၊ ပုလဲမြို့နယ် နယ်စပ်မှာ ဖမ်းမိခဲ့ တာပါ။ အရင်တုန်းက ဒီလိုမျိုးအမှု တော်တော်နည်းပါတယ်။ အခုနှစ်ပိုင်းအတွင်းမှာတော့ ၃
မှုလောက်ရှိပြီ။ သူတို့ ခိုးဝင်တာကို မိတာ။
လွတ်သွားတာတွေတော့ ဘယ်နှစ်ယောက်ရှိမလဲ မပြောတတ်ဘူး။ အရင်တုန်းကတော့ အခုလိုခိုးဝင်လာတဲ့ သူတွေကို လ.၀.က အက်နဲ
့အရေးယူပြီး
ထောင်ချလေ့ရှိပါတယ်။ အခုတော့ မူရင်းဒေသကို ရဲက တာဝန်ယူပြီး
ပြန်ပို
့ရမယ်လို့ ညွှန်ကြားထားတော့ ကျွန်တော်တို့  ရဲက ဘယ်လို
ဆက်လုပ်ရမယ်မှန်း
မသိဘူး"
ဟု ပုလဲမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ CJMyanmar သို့ ပြောပြပါသည်။
"ကျွန်တော်တို့လည်း အခုလို ရိုဟင်ဂျာတွေ ဖမ်းမိထားတယ်ဆိုတာ ကြားတယ်။ သူတို့ တွေက ဒီဘက်ကို ခြေကျင် တစ်လှည့် ဆိုင်ကယ်ကယ်ရီ တစ်လှည့်နဲ့
ခိုးဝင်နေကြတာ" ဟု ပုလဲမြို့ခံတစ်ဦးကလည်း
ပြောပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် နယ်စပ်ဒေသရှိ
ရိုဟင်ဂျာ
ဒုက္ခသည်များအရေးမှာ နှစ်နိုင်ငံအစိုးရများကြား ဖြေရှင်းရ
ခက်ခဲသော
အခြေအနေတွင်ရှိနေကြောင်း သိရှိရပါသည်။
(ယခုတင်ထားသောသတင်းသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လူဝင်မှုကြီးကြပ်ရေး ပြဿနာများဖြင့်သာ သက်ဆိုင်သောကြောင့် မလိုလားအပ်သော
ဘာသာရေး၊
လူမျိုးရေးမုန်းတီးမှု မှတ်ချက်များ မရေးသားကြပါရန်
ပန်ကြားအပ်ပါသည်)
CJ Myanmar
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ