မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Monday, April 23, 2012

ကြာလည်းမမေ့နိုင်သူ





ပျောက်သောသူ ရှာလျှင်တွေ့
သေသောသူ ကြာလျှင်မေဆိုတဲ့စကား
သာမန်လူသား ဆန်ကုန်စားပြီး
ကံကုန်တော့သွားတဲ့သူတွေအတွက်
မှန်လျက်နေပေမယ့်….။

လူသားအကျိုး လူမျိုးအရေး
ဦးစားပေးပြီး အသက်ပါစတေးခံသွားတဲ့
ထူးခြားတဲ့ဘာမထီ
အာဇာနည်တွေအဖို့တော့….။

ကြာလျှင်မမေ့နိုင်တဲ့အပြင်
သူရဲ့ဖြစ်စဉ်တွေကို သမိုင်းပေါ်တင်ပြီး
ဂုဏ်အင်ဖေါ်ကျူး အထူးအတုယူစရာ
လူ့တခွင်မှာအမှန်ထုဆစ် ကျန်ရစ်ခဲ့ပေတယ်။

သူ့အကြောင်း ပြန်ပြောင်းတွေးရင်း
ဆွေးတမြမြ လွမ်းတ သသနဲ့
မှန်းဆတမ်းတ သတိရသွားနေမှာပါ။

တက္ကသိုလ်ဘုန်းကြွယ် (ဧပြီ ၂၂ ၂၀၁၂)      
       

ဆွမ်းကျွေးမင်္ဂလာအထိမ်းအမှတ်ကို အမေရိကန်ပြည်ထောင်စု ဖရီးမောက်မြို့
ဓမ္မနန္ဒ၀ိဟာရကျောင်းတွင်ပြုလုပ်ခဲ့ကြတယ်လေ....။ မိတ်ဆွေရင်းကို တမ်းတ သတိရတာနဲ့
အထက်ပါကဗျာကိုကောက်ရေးပြီးသူ့ဇနီးသည် မမေရီအား …..ပေးအပ်ခဲ့ပါတယ်....။ 

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ