မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, May 1, 2012

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား



ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ရန် ထွက်အလာ
ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ 
(မေလ ၁ ရက်-၂၀၁၂)

 
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မေလ ၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပြီးနောက် ဘန်ကီမွန်းက သတင်းထောက်များနှင့် တွေ့ဆုံပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ၎င်းအနေဖြင့် အားရကျေနပ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ဆက်လက်ထောက်ပံ့မှု ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားလျှက်ရှိကြောင်းတို့ကို ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကုလ အထွေထွေ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂသို့ လာရောက်ရန် ဖိတ်ကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် သွားချင်စိတ်ရှိကြောင်းနှင့် ဆွေးနွေးပြီးနောက် အချိန်ကျလျှင် အကြောင်းပြန်ပါမည့်အကြောင်း ပြန်ကြားခဲ့သည်။

(သတင်းဓါတ်ပုံ-ကျော်စိုးလင်းYPI)

 Yangon Press International

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ