မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, May 30, 2012

"ကျောင်းပြန်တက်ခွင့် မရသည့် ကျောင်းသားသမဂ္ဂ ကျောင်းသား နှစ်ဦး ကျောင်းပြန်တက်ခွင့်ရ ပြီ"



ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်း

သားများဖြစ်ကြသည့် ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်းတို့ နှစ်ဦးအား နေ့ကျောင်းပြန်တက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦးအားနေ့ကျောင်းပြန်တက်ခွင့်ပြုကြောင်းကို အနောက် ပိုင်းတက္ကသိုလ် မော်ကွန်းထိန်းမှ ၄င်းတို့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါခွင့်ပြုချက်အား သမ္မတကြီးမှ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
““ ဒီနေ့ နေ့လယ် ၁ နာရီ ကျောင်းမှာလာတွေ့ဖို့ ပြောထားပါတယ်။ ကိုရဲမြတ်ဟိန်းကတော့ ခရီးသွားနေလို့ ကျွန်တော်တစ်ယောက်ပဲ သွားဖြစ် မယ်”” ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ ကိုဒီငြိမ်းလင်းကပြောသည်။
ကိုဒီငြိမ်းလင်းနှင့် ကိုရဲမြတ်ဟိန်း တို့သည် ၂၀၀၇ သံဃာအရေးအခင်းကြောင့် ယခင်စစ်အစိုးရဟောင်း၏ ဖမ်းဆီးထိမ်းသိန်းခြင်းခံခဲ့ရြ
ပီး အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံခဲ့ရပြီး ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက် ကနိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာ ခဲ့ခြင်းဖြစ်သည်။ ကိုဒီငြိမ်းလင်းသည် အနောက်ပိုင်းတက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသားဖြစ်ပြီး ကိုရဲမြတ်ဟိန်းသည် အနောက်ပိုင်း တက္ကသိုလ် သင်္ချာအထူးပြု ပထမနှစ်ကျောင်းသားဖြစ်သည်။

By: Popular Myanmar News Journal

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ