မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
Monday, May 28, 2012
အခုတလော ရောင်တော်ပြန်တွေ သိပ်များတယ်
by Saypaing Htut Pathein on Sunday, May 27, 2012 at 8:01am ·
ဒီမိုကရေစီက မြေစမ်းခရမ်းပျိုးတုန်း
အကျိုးအမြတ် လိုလားသူတွေ တာစူနေပြီ။
အမြန်...အမြန်....အမြန်တဲ့
သံချေးတက် မှိုင်းစွဲနေမည့် ဒယ်အိုးဟာ
လွယ်လွယ်တိုက်ချွတ်လို့တော့ မပြောင်ဘူး။
အားထုတ်...အားထုတ်...အားထုတ်
စုပေါင်း လက်ခုပ်တီးမှ အသံကျယ်ကျယ်ထွက်မယ်။
ကြားရတယ်...
"စ" လုံးရေ "စ" နေတုန်းမှာပဲ
မုသာဝါဒတွေ ပေါများသံ
ပုဂ္ဂိုလ်ကိုယ်စားပြု လုပ်စားသံ
လယ်သမား ငိုကြွေးသံ
မီးမမှန်လို့ ဆူပူသံ
စစ်ပွဲသံ
ညှိနှိုင်းမှု အဆင်မပြေသံ
အသံပေါင်းစုံ ရောလွှတ်
ယိမ်းကခြင်းဖြင့် တိုင်းပြည်ပြုစားတယ်။
ဟိုသတင်း၊ ဒီသတင်း ဟိုရက်ကွပ်၊ ဒီရက်ကွပ်
ရောင်တော်ပြန်တွေ ၀င်မွှေကြောင်းသိရ
ဝမ်းနည်းပါတယ်
မယောင်လည်း ဆီလူး၊ ယောင်လည်း ဆီလူးမယ်ဆိုတဲ့ လူတွေ
နည်းနည်းလျော့
အာဏာရှင် သေနတ်အမောက်ထောင်ပြတုန်းက မြွေဆိုးထက်
ခင်ဗျားတို့ ကြောက်လိုက်ကြတာ
ပြားပြားကို ၀ပ်လို့
ခုကျမှ မသိသူကို ရင်ကော့ပြ၊ မတတ်သူကို ခေါင်းမော့ပြ
သူ့ကိုသူတော့ အာဇာနည်ခေါင်းဆောင်လိုလို
နှာခေါင်းရှုံချင်စရာ
ဒါကြောင့်ပဲ စိတ်ကစော်ဖောက်သဖြင့် သိစိတ်အလျဉ် မသမုတ်လည်း
ရှိတဲ့အက္ခရာနဲ့ ရင်ဘတ်ဓာတ်ငွေ့ ကဗျာထုတ်လွှင့်တယ်
အချို့က ရှူရှိုက်ရန် မသင့်။
အဟုတ်ပဲ...
ခင်ဗျာတို့ ထင်သလို ခုတလော ရောင်တော်ပြန်တွေ သိပ်များတယ်။ ။
စေပိုင်ထွဋ်(ပုသိမ်)
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ