______________________________
ပထမပိုင်းမှာ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားတာတွေကတော့ …
Rule of Law က မြန်မာပြည်မှာ အရေးကြီးပါတယ်။ ဥပဒေနဲ့ စည်းကမ်းလိုက်နာခြင်းက အဓိကကျပါတယ်။ ပြီးတော့ အဲသည် ဥပဒေတွေနဲ့ စည်းကမ်းနည်းလမ်းတွေက ခေတ်နောက်ပြန်မဆွဲဖို့ လိုပါတယ်။ အနှစ်သာရတင်သာမက အကောင်အထည်ဖော်ပုံတွေက အရေးကြီးပါတယ်။ ဒါတွေကို ဖော်ဆောင်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ လိုအပ်မလား စဉ်းစားရပါမယ်။
နောက်အရေးပါတာတခုက နိုင်ငံသားဖြစ်တည်မှုဥပဒေဆိုတာ ဘာလဲ ရှင်းရှင်းလင်းလင်း၊ ပြည့်ပြည့်စုံစုံ ရှိရပါမယ်။ လက်ရှိဥပဒေတွေက ခေတ်မီသလား၊ တရားမျှတသလား၊ လူဝင်မှုကြည့်ကြပ်ရေးတို့၊ တရားရုံးတို့၊ လုံခြုံရေးအဖွဲ့တို့က ဘယ်လို အလုပ်နေကြသလဲ။ ဘာကြောင့် သည်လူတွေက နိုင်ငံမဲ့တွေ ဖြစ်နေကြရတာလဲ။ ဒါတွေကို ကြည့်ကြရမယ်။
တရားဥပဒေအတိုင်း လုပ်တယ်၊ လုပ်တယ်လို့ မြင်ရတယ်လို့ ဆိုတိုင်းလည်း မပြီးသေးဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆို
ဥပမာ မြစ်ဆုံရေကာတာကိစ္စကို ကြည့်ရင်၊ rule of law ရယ် good governance ရယ် နဲ့ ဆက်နေတယ်၊ ပတ်သက်နေတယ်လို့ ပြောနိုင်တယ်။ ဘယ်လိုသဘောတူညီချက်နဲ့ လုပ်ထားသလဲဆိုတာ အစကတည်းက မသိခဲ့ကြရဘူး။ အခုလည်း ၅ နှစ်တာ ရပ်ဆိုင်းထားတယ် ဆိုပေမယ့် အဲဒီ ၅ နှစ်ပြီးရင် ဘယ်လို ဆက်ဖြစ်မယ်ဆိုတာ ကျမတို့မသိကြရဘူး။ ဒါတွေဟာ transparency ရှိဖို့ လိုအပ်တယ်ဆိုတာ ပြတယ်။ ကျမက ဒီမိုကရေစီနဲံ့ လူ့အခွင့်အရေးကို အားပေးတဲ့ ရင်းနှီးမြုပ်နှံမှုကို ထောက်ခံတယ်၊ တိုက်တွန်းတယ်။ ရေရှည် အကျိုး ရှိရမယ်။ အလုပ်အကိုင် ဖန်တီးနိုင်ရမယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရမယ်။ ပညာရေးကို အားပေးရမယ်။ လေ့ကျင် သင်ကြားမှုတွေ ရှိရမယ်။
နိုင်ငံခြားမြုပ်နှံမှုကိုယ်တိ
ကချင်အမျိုးသားကိုခွန်နောင်းက မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းမှာ
ဖြစ်နေတဲ့ ကချင်ပြည်တွင်းစစ်မှာ စစ်အုပ်စုကို ကန့်ကွက်ရှုတ်ချဖို့ တွန့်ဆုတ်နေတာလဲ တဲ့။
ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုချက်ကို ကောက်နုတ်ပြရရင် –
ဘယ်နေရာမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှကို ကျမက ရှုတ်ချတယ်၊ ကန့်ကွက်ပါတယ်။ ကချင်ပြည်အရေးမှာ တကယ်တန်း ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး အဖွဲ့လိုအပ်တယ်။ အမျိုးမျိုးသော တဖက်နဲ့ တဖက် ပြောဆို စွတ်စွဲတာတွေ ထွက်ပေါ်နေတယ်။ ကျမတို့က ကချင်ပြည်သူတွေနဲ့ အတူတူ ရပ်တည်တယ်။ ကျမတို့ မြန်မာတိုင်းရင်းသားတွေ အားလုံးက ကချင်ဒုက္ခသည်တွေကို အားပေးကူညီနေကြတယ်။ ကျမတို့ ပါတီတင်သာမက အမျိုးသားတိုင်းက တဦးချင်းစီကိုယ်တိုင်က အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်မှုတွေ လှူဒါန်းမှုတွေ လုပ်နေကြတယ်။ ကန့်ကွက်ရှုတ်ချဖို့ ဆိုတာ သက်သက်ကိုသာ ကြည့်ကြမယ် ဆိုရင် အဖက်ဖက်က အခြေအနေအားလုံးကို ကျမတို့ ရှင်းရှင်းလင်းလင်း အရင်သိထားမှ ဖြစ်မယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ တဖက်တည်းက ဖြစ်နေတာ မဟုတ်ဘူး။ မြန်မာစစ်တပ်က ကေအိုင်အိုနဲ့ အရင်တုန်းက သတ်မှတ်ထားတဲ့ နယ်မြေတွေကို ၀င်ရောက်နေတယ်လို့ ဆိုတယ်။ ကျမတို့ ကုလသမဂ္ဂ တွေ့ရှိချက်တွေကို မေးတဲ့အခါမှာ သူတို့ကိုယ်တိုင်ကလည်း သဘောထားတိတိကျကျ မပြောနိုင်ဘူးတဲ့။ သူတို့ရဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေးအဖွဲ့တွေ သွားခွင့်မရဘူးတဲ့။ ဒီနေရာမှာ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် ကန့်ကွက်ရှုတ်ချတာချည်း သက်သက်နဲ့ သွားလို့ မရဘူး။ ကျမတို့က အခြေခံ အကြောင်းအရင်းခံကို ခြေခြေမြစ်မြစ် ရှာဖွေသိရှိဖို့လိုတယ်။ ပြီးတော့ ဒီပဋိပက္ခကို ဖြေရှင်းဖို့ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းရှာကြဖို့ လိုတယ်။
ရေချယ်ဂိုးလ်ဝင်း ၊ အင်းစိန်ထောင်ရောက် အကျဉ်းသားဟောင်းဆိုသူက မေးပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်တဲ့ လုံခြုံရေးကဏ္ဍတရပ်ရဲ့ နေရာကို ဘယ်လိုဖန်တီးကြမလဲ တဲ့။
ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုချက်ကို ကောက်နုတ်ဖော်ပြရရင် –
ဒါကတော့ အားလုံး ပြန်လည်ပြုပြင်ပြောင်းလဲရေးလု
လီနာဆိုတဲ့ ကျောင်းသူက မေးတာကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီလိုမျိုး တောက်လျောက် တိုက်ပွဲဝင်နေနိုင်ဖို့ ဒီလိုမျိုး ခွန်အားတွေ ရှိအောင် ဘယ်လိုများ လုပ်ထားသလဲတဲ့။
ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုချက်ကို ကောက်နုတ် ဖော်ပြရရင် -
နိုင်ငံတကာက အားလုံးသော လူထုရဲ့ အင်အားနဲ့ အားပေးမှု နွေးထွေးမှုကြောင့်ပါ။ ကျမ ခရီးထွက်တဲ့အခါမှာ ထိုင်းနိုင်ငံကစလို့ အခု အီးယူနိုင်ငံတွေက လူထုပရိတ်သတ်တွေရဲ့ နွေးထွေးမှုနဲ့ ကြိုဆိုမှုတွေကြောင့် ဖြစ်ပါတယ်။ ပြီးတော့ ကျမကိုယ်တိုင်ရဲ့ ခေါင်းမာတဲ့ အကျင့်စွဲနေတာကြောင့်လည်း ဖြစ်ပါတယ်။
______________________________
(မိုးမခမှ ကောက်နုတ် ဖော်ပြထားပါသည် )
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ