မျိုးဆက်သစ်
လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က ဦးဆောင်တဲ့ “ထာဝရ
ငြိမ်းချမ်းရေး 67” အမည်နဲ့ လက်မှတ်ရေးထိုး လှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့
နေရာအနှံ့မှာ မနေ့က စပြီး လက်မှတ်တွေ ကောက်ခံနေပါတယ်။
တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရည်ရွယ်ပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။
လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို ရည်ရွယ်ပြီး လူ ၆ သိန်း၊ ၇ သောင်း၊ ၆ ထောင် ၇ ရာ၊ ၆ ဆယ့် ၇ ဦးရဲ့ လက်မှတ်တွေကို စုစည်းနေတာ ဖြစ်ပါတယ်။
ကောက်ခံရရှိတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့နဲ့
ဒေါ်အောင်ဆန်း စုကြည် အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ ကုလသမဂ္ဂ အထိ ပေးပို့ပြီး မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး အတွက်
တောင်းဆို ဆန္ဒပြု သွားမယ်လို့ သိရပါတယ်။

No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ