Published On: Tue, Jun 5th, 2012
ရုပ်သံသတင်း | By Admin
သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံနေရတဲ့ ရွာများ
ဦးမြစိုးက တဧကကို ၄၅၀၀ ကျပ်နဲ့ ဧက ၂၀၀၀ ကျော်လောက်ရှိတဲ့ မြေပမာဏကို ဆိုင်းဘုတ်ထောင် ကြော်ငြာပြီး ရောင်းစား ခဲ့ပါတယ်။ အခု လက်ဝယ် ပိုင်ဆိုင်သူတွေက
အဲဒီ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေ အနေနဲ့ ထွန်ယက်စိုက်ပျိုး နေကြတယ်လို့ သိရပါတယ်။ စားကျက်မြေ ဒီရေတောတွေ ပြုန်းတီးသွားတာကြောင့်
အနီးဝန်းကျင်မှာရှိတဲ့ သပြုကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ မရမ်းကျေးရွာ အစရှိတဲ့ ရွာပေါင်း ၁၅ ရွာဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့
နေကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကျန်ရှိနေသေးတဲ့ ဒီရေတောတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်တဲ့ အနေနဲ့ ကာကွယ်ပေးဖို့
ညောင်လိမ်ကုန်း ကျေးရွာက ရွာသ ရွာသားတွေက တောင်းဆို နေကြပါတယ်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ