မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, July 1, 2012

ရခိုင်ပြည်သူများ ဘ၀လုံခြုံမှုကို ကာကွယ်ပေးရန် နယူးယောက် ကုလရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆို


အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အတိ ဒုက္ခ ရောက်ခဲ့ကြရသော ဒေသခံ ရခိုင် ပြည်သူများ၏ ဘ၀ လုံခြုံ ရေးကို လက်ရှိ အုပ်ချုပ်နေသည့် မြန်မာ အစိုးရအနေဖြင့် ထိထိ ရောက်ရောက် ကာကွယ် ပေးရန် နယူးယောက်မြို့ ကုလ သမဂ္ဂ ဌာနချုပ်ရုံးရှေ့တွင် မြန်မာနိုင်ငံသားများက ဇွန်လ ၃၀ ရက်နေ့က  တောင်းဆိုခဲ့ကြသည်။

“ ရခိုင်ပြည်သူတွေက အခုထက်ထိ မလုံခြုံမူတွေနဲ့ နေထိုင်နေကြရတယ်။ အခု လက်ရှိ အချိန်ထိ စိတ်ပူပင် သောကတွေ ရောက်နေကြရဆဲ ဖြစ်တယ်။ ဒီအတွက်  သူတို့ဘ၀ လုံခြုံရေးကို ထိထိ ရောက်ရောက် တာဝန်ယူပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။ ဒီလို ရခိုင်ပြည်သူတွေဟာ မိမိမြေပေါ်မှာ မိမိအေးချမ်းစွာ နေထိုင် နေကြပေမယ့် မလုံခြုံတဲ့ ဘ၀မျိုးနဲ့ နေထိုင်နေကြရတယ် ဆိုတာကို  နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေကလည်း  သိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကုလ သမဂ္ဂရုံးချုပ်ရှေ့မှာ ဆန္ဒလာပြရတာ ဖြစ်ပါတယ်” ဟု ဦးဆောင် လူပ်ရှားသူ တစ်ဦး ဖြစ်သည့် ခိုင်ဘခင်က ပြောသည်။
ဆန္ဒပြ တောင်းဆိုပွဲကို မြန်မာပြည် သွေးစည်းညီညွတ်ရေး (Solidarity Burma-USA) အမည်ဖြင့်  ပြုလုပ်ကြခြင်း ဖြစ်ပြီး တိုင်းရင်းသားလူမျိုး ပေါင်းစုံ လူပေါင်း ၁၀၀ ခန့်် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ဆိုသည်။
“ဒီနေ့ ရခိုင်တွေပိုင်တဲ့ နယ်မြေမှာ ရခိုင်ပြည်သူတွေ ဒုက္ခသည်တွေ အဖြစ်ကို ရောက်နေကြရတယ်။ ဒါဟာ ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အခုလိုဖြစ်ရတာဟာ တိုင်းရင်းသားဒေသတွေကို ကိုယ်ပိုင် ပြဌာန်းခွင့် မပေးတဲ့ အတွက် ဖြစ်တယ်” ဟု International Foundation for Burma National Congress (IFBNC) ဥက္ကဌ ကိုရဲထွတ်က ပြောသည်။

၎င်းပြင် သူက “ နောက်တခုက ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ ဟာ နိုင်ငံသား အဖြစ် တောင်းဆို နေကြတာ မဟုတ်ဘူး။ နိုင်ငံသား အဖြစ် တောင်းဆိုရင် ပြည်တွင်းမှာ နေနေကြတဲ့ တရုတ် လူမျိုးတွေ၊ အိန္ဒိယက ဟိန္ဒူတွေလို နိုင်ငံသား  အဖြစ် တောင်းဆိုလို့ ရတယ်။ အခုရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ တောင်းဆိုတာဟာ  ရခိုင်ပြည်ထဲက နယ်မြေ ဒေသ အစိတ်အပိုင်းတခု ကို အစ္စလာမ်မစ် နိုင်ငံ ထူထောင်ဖို့ အတွက် ဖြစ်တယ်ဆိုတာ လူတိုင်း သဘောပေါက် နားလည် သင့်တယ်။ ဒါကြောင့် ရခိုင်တွေသာမက မြန်ပြည်သူတွေ အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ကိုယ့်ပြည်ကို ကိုယ်ကာကွယ်ကြရမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။
ဆန္ဒပြပွဲသို့တက်ရောက်လာသူများထဲမှ ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးခိုင်အောင်ကျော်က “ဒီကနေ့ ဖြစ်ပျက်နေ တဲ့ အဖြစ်အပျက်ဟာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ကြားမှာ ဖြစ်ပျက် နေတာ မဟုတ်ဘူး၊ ဒီ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီကုလားတွေဟာ မြန်မာနိုင်ငံရဲ့ အနောက်တံခါးကို ဖြိုဖျက်ပြီး မြန်မာ တစ်ပြည်လုံးကို အစ္စလာမ်မစ်နိုင်ငံ အဖြစ်သို့ သွတ်သွင်းဖို့ ကြိုးစားရာကနေ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်” ဟု ပြောသည်။
ဒီအဖြစ်အပျက်ကနေ ရခိုင်လူမျိုးများ သာမက မြန်မာတစ်နိုင်ငံလုံး အမျိုးသားရေး စိတ်ဓါတ်နဲ့ သတိ ထားင်္ပြီး ကာကွယ်ကြရန် လိုကြောင်း၊  ကိုယ့်မြေ ကိုယ့်ဒေသမှာနေပြီး ယခုကဲ့သို့ အတိ ဒုက္ခရောက်နေကြခြင်းမှာ ရခိုင် တမျိုးသားလုံးကို နိုင်ငံရေးအသိ၊ တော်လှန်ရေးအသိရှိကြရန် တွန်းပို့လိုက်ခြင်းဖြစ်ကြောင်း သူက ပြောကြားသွားသည်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ