မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, August 29, 2012

ဦးသိန်းစိန်၏ BLACK LIST

ဦးသိန်းစိန်၏ BLACK LIST ၊ မဟူရာနှလုံးသားပိုင်ရှင်များနှင်. သူတို.၏ Black List

by Aye Aye Soe Win on Wednesday, August 29, 2012 at 12:47am ·

Black List    ဆိုတာကို ထုတ်ပြန်တဲ.မြန်မာအစိုးရနဲ.ပတ်သက်ပြီး ဒီစာရေးဖြစ်ပါတယ်။

အစိုးရအဖွဲ.က ပြောတော.ဒီမိုကရေစီကို ဦးတည်တဲ. ပြုပြင်ပြောင်းလဲရေးတွေဆိုပဲ။ ဒါမျိုးတွေ သူတို.မိန်.ခွန်းတိုင်းမှာ ပါတယ်။ သူတို. ရဲ. propagandists တွေက လဲ ဒီ လိုအပ်ချက်တွေ ကို မညင်းပဲ -ကြေမွ စုတ်ပြတ်သတ်နေတဲ. တိုင်းပြည်မှာလုပ်စရာတွေကများလွန်းလို.့  စောင်.ရင်း လုပ်သွားရမယ်ဆိုပဲ။ ဒီတော.- တိုင်းပြည်ကို မချစ်ပဲမနေနိုင်တဲ. အခြေခံအားတွေ က ဘယ်သူမှ မလုပ်ချင်တဲ. အခြေခံ တည်ဆောက်ရေးတွေ ကို ကိုယ်.စားရိတ်ကိုယ်စား လုပ် ရမယ် ဆိုတဲ. အသိကို ရနေပါတယ်လို. ဆိုရလေမလားပဲ။

သို.သော်-- နေပြည်တော်က တဖက်သတ်ဝါဒဖြန်.ချီရေး လူ လည်ကြီးများဟာ (ဒီမိုကရေစီနည်းမကျစွာ ကြွားဝါလို မှု အတွက်) သူတို. စကားလုံးသုံးနှုံးမှုတွေက ရင်.ရင်. လာတယ်။ မအပ်စပ်တာတွေကို မျက်နှာပြောင်တိုက်ပြီး ကြေငြာတယ်။ လိမ်တယ် ညာတယ်။ အသားယူတယ်။ သူတို.လိုပဲ လည်တဲ. ပြည်ပကလူလည်တွေနဲ. တပူးပူးလုပ်နေကြပြီး၊ human capacity တို. resource management တို.  capacity  buildingတို.၊  sustainable development တို.-ဒီ လို ပဲ ဂျာဂွန်တွေ ကို  ခုလောလောဆယ် မှာ ဆက်တိုက် ရှာအရိုးမရှိ ပြောနေကြတယ်။  လက်ရှိမြန်မာပြည်အခြေအနေ အရ ဘယ်လိုမှ မအပ်စပ်၊လက်တွေ.အရလည်း လုပ်ယူလို.လဲမရ တဲ. အသုံး အနှုံတွေနဲ. ပြည်တွင်းပြည်ပ က ကွန်ဆာ.လ်တန်.ဆိုတဲ. သူ တွေ ကပြဿနာကြီးတွေကိုရှောင်ပြီး အရေးမကြီး တဲ.ခေါင်းစဉ်တွေ၊ စစ်အစိုးရကို မထိခိုက်တဲ. နေရာတွေ မှာသာ ကိစ္စတွေကို  ပါးပါးလေးတွေပြောသွားကြတယ်။  ဒါကြောင်.- ဆင်မီနာတွေက  သူတို. စကားတွေထဲ မှာ အနှစ်သာရကို ရှာလေဝေးလေမို.- ကြားနေရတာတွေကို အော.နှလုံးနာလှတယ်။

ဆင်မီနာတွေကို ခေတ်ပြောင်းကာလရဲ. ပေါ်လစီ အုတ်မြစ်ချပွဲတွေ လို  ပုံဖမ်းပြီး ပေါက်တတ်ကရတွေ လုပ်ပြနေကြတဲ.သူတွေ နဲနဲရှက်သင်.ကြပါပြီ။ ။ သမ္မတဘေးက လူတွေက ပြည်ပမှာ ဒီ လေလှိုင်းတွေနဲ. အဆင်ပြေခဲ.တာကြာခဲ.ပြီ။ သမ္မတကိုပေးနေတဲ.သူတို.ဆေးက နိုင်ငံ ပဲဘေးသင်.နေဆဲဖြစ်တယ်။  ဒီလိုနဲ. ဗဟု ဂိုဏ်းသားတွေ ဆက်ကြီးစိုးထားတဲ. အချောင်သမား အုပ်စုကြီးက  မြန်မာပြည်ကို ဆင်မိနာ နိုင်ငံရေးက အလုံးတွေ သက်သက်နဲ.သာ ပဲ.ကိုင်သွားရမလိုလို ပုံဖမ်း လုပ်ပြထားတယ်။   အရပ်သားအုပ်ချုပ်ရေးပုံစံဟန်ဆောင်ထားတဲ.စစ်အစိုးရက ဗဟုအကျင်.တွေကို လက်မလွှတ်နိုင်ဘူး။ သူတို.အားလုံး ဒီ ၁နှစ် ၂နှစ် အတွင်းပြည်တွင်း  ပြည်ပ  မှာ capacity development ဆိုတာကို  (မရှက်မကြောက်)တော်တော်လေးပြောလာ နေကြတာကို တွေ.ရပေမဲ. ဗဟုအုပ်စု၏ နမူနာကို ၈၈၈၈ ကျောင်းသားကြီးတွေက ယောင်လို.တောင် လိုက် မပါသွားစေဖို. မိမိတို.နှလုံးသားတွေမှာခံတပ်တွေ ဆက်တည်ထားဖို. တိုက်တွန်းလိုပါတယ်။  ဗဟုလုပ်ခဲ.တဲ. ဆင်မီနာတွေဟာ အနောက်က လူဖြူလူလည် များ ဘော် ချက်နည်းတွေနဲ. သိပ်မကွဲပါ။ ဗဟု နည်းကတော.--ပညာရှင် ပညာတတ် အချို.သုံးပြထားပြီး ဂလမ်မာရှိ သူနံမယ်ရှိသူ နဲနဲပါးပါး ကို ပွဲတွေမှာရှေ.ကို တွန်း ပို.ထားပြီး ရုပ်ပြပွဲတွေ လုပ်နေတာသက်သက်ပါပဲ။

ဒီလိုနဲ. တိုင်းပြည်အ ပေါ်စေတနာ အနည်းဆုံး  မဟူရာနှလုံးသားပိုင်ရှင်များ (တနည်း) လူ လည်ကြီးများအသင်းဝင်တွေ ခဏခဏ တွေ.ဆုံပွဲတွေ ဖြစ်လာတယ်။ ဒေါက်တာ စင်သီယာဆေးခန်းကို ငွေ၁၀၀ ပေးပြီး နောက်ပိုင်း မှာ ဦးအောင်မင်း ကို မှ မတွေ.ရရင် ရင်တွေပူ စားမ၀င်အိပ်မပျော်တဲ. ရော ဂါတွေ ၀င်လာကြတယ်။  မဲဆောက် ချင်းမိုင် က ပရောဂျက် နိုင်ငံရေးသမားတွေက ဦးအောင်မင်း ရဲ. ကိုယ်ရေးအရာရှိစီ အီးမေးတွေပို. အလုပ်တွေရှုတ်၊ မရှက်မကြောက်နဲ. သူတို. မွေးဖခင်ကိုတွေ.ဖို.ထက် ဦးအောင်မင်းကို တွေ.ဖို. အ၀တ်အစားတွေရွေး၊ အပြုံးတွေ စကားလုံးတွေ လေ.ကျင်.နေကြနဲ.--သြ-ဘေးကကြည်.နေရသူတွေ အတွက်တော.-နောက်နေတယ်ပဲ အောင်.မေ.တယ်။

ဒီလိုနဲ.-  ဂုဏ်ယူစရာ နိုင်ငံရေးစံ ကင်းမဲ. တဲ.တွေ.ဆုံပွဲတွေ ရဲ. အသီးအပွင်. က နိုင်ငံရေးပွဲစား တွေကြားမှာ  ဒါတွေကို ဘယ်ပြည်သူ.မျက်နှာမှထောက်ထားစရာမလိုပဲ business အနေနဲ.  ခရီယာအနေနဲ.လုပ်လို.ဖြစ်တယ်ဆိုတဲ. အတွေးအခေါ် ဆိုး တရပ်ဖြစ်လာခဲ.တာပါပဲ။   ဒါဟာ-လူတွေကို မျက်စေ.စပါးမွှေးစူးစေတယ်။ သူတို.  ဒီလို  အနှစ်သာရမရှိတဲ. resource management၊    capacity building ဆိုတဲ. jargon  တွေကိုပြောတယ်။ ခေါင်းပေါင်းဝတ်တယ်။ ပွဲတွေများလာတယ်။  ငြိမ်းးချမ်းရေးတဲ. ။ ပူးပေါင်းဆောင်ရွက်ရေးတဲ.။ ဒီလို ပါးစပ်ကပြောပြီး  ကြွားနေကြပေမဲ. လက်တွေ.ကတော. ၊ဒိမိုကရေစီနည်းကျစွာ အားလုံးကိုဖိတ်ခေါ်နေမှု ကိုတော. အရိပ်အရောင်တောင် မတွေ.ရ သေးပါ။ သူတို.ပါးစပ်ကတော. ရ ရ သလို အရင်တုန်းကမြက်ခင်းသစ် ကာလကလို ပဲ  ပေါက်တတ်ကရနဲ.။

capacity building နဲ. black list  ၏ဆက်စပ်မှုကို တွေးမိပါတယ်။ sense of humour လည်း ရပါတယ်။ တနေရာတမျိုး မရိုးအောင် ပြောတတ်လေတဲ. အစိုး၇ရဲ.၀ါဒဖြန်.ချီရေးက amusing entertainment ရီစရာဖျော်ဖြေမှုတခုလို  တောင်ဖြစ်လာသလိုပဲ။  အပြစ်မရှိသူတွေကို black list  ဆိုပဲ။ ဒီစာရင်း ထဲက သူအချို. ကို သူတို. အဖြူရောင် စာရင်းဝင် အစိုးရကြီးက ခွင်.လွှတ်ထားရတာ ဆိုပဲ။  ဒီ လို တင်တင်စီးစီးနဲ.  (ဒီ မိုကေ၇စီနည်းမကျစွာ) ကြွားဝါ တင်စီးပြောဆိုနေဆဲဖြစ်တဲ.အစိုးရကို တကဲ. jerks ,  perhaps unrefined jerks ဂျာ.က်စ် တွေ လို.ပဲပြောရင် ရမယ်။

ခုံမြင်.အပေါ်မှာ ထိုင်နေကြသူတွေအတွက် ၀ါဒဖြန်.ချီရေး ပြန်ကြားရေး လုပ်နေသူတွေကလည်း ၊ လူလိုသူလို  သံတမန်နည်း လူ ကြီး နည်းတွေ သုံးပြီး မလုပ်တတ်လို. မလုပ် တာလား။  မလုပ်ချင်တာလား။ ဒါမှ မဟုတ် နဲနဲလေးဖြစ်ဖြစ်အသားမယူရရင် ထုံးစံတွေပျက်သွားမှာစိုးလို.လား။   အုပ်ချုပ်ရေးဖက်မှာလဲ  ဘာမှ နိုင်ငံတကာအထင်ကြီး ပြည်သူတွေ အားကိုးလာအောင်  မလုပ်တတ်၊ မလုပ်ပေးချင်သေးပဲ ဒီလို ထိုင်အသားယူနေတာ ကြည်.မကောင်းပါ။   အ ခြေခံကျကျ ပြောင်းလဲမှု ကြီး ၁ခု ၂ခု လောက်ကောင်းမွန်စွာ ဖြစ်ခဲ.တယ် ဆိုရင်၊ သူတို.ကို ကြိုးစား ယုံကြည်ပေးဖို. သိပ်ခက်ခဲမယ် မထင်ပါ။ လက်တွေ.မှာ တော..--ပြည်သူလူထု နစ်နာဆုံးရှုံးခဲ. သမျှအတွက် ဘာတခုမှ လုပ်ပေးချင်စိတ် ကို သူတို.ဖက်က  အရိပ်အယောင်တောင်မပြသေးပါ။

ဒီလိုအခြေအနေမျိုးမှာ လူတွေ ကို တဖက် က reform reform ပြောပြီး ဆွယ်- တဖက်ကလဲ- အားလုံးနဲ.သက်ဆိုင် တဲ. နိုင်ငံတော်ကို ငါပဲ ပိုင် ငါပဲဆိုင်- ငါသာတံခါးမှုး- ငါပြောချင်ရာ ငါပြောမယ် မင်းတို. လူငယ်တွေ ဆက်ခံရမယ်ဆိုတဲ. အချိုးက  ထောင်လွှားလွန်းတယ်။ တော်ပြီပေါ.။ နှစ်၅၀ အမှားတွေ အများကြီးလုပ်ခဲ.ပြီးပြီ။ လက်ကလဲရက်စက်တယ်။ ပါးစပ်ကလဲတင်စီးတယ်။ (နှစ်၅၀မှာ  သက်သေ တွေ အများကြီးကျန်ခဲ.တယ်) ။ လူသစ်စိတ်သစ်နဲ.စချင်ရင် အကျင်.ဟောင်းတွေကို စွန်.နိုင်ပယ်နိုင်ရမယ်။ ခုတော.--

 လို ချင်တော. တိုင်းပြုပြည်ပြု လူသားအရင်း အမြစ်တဲ.၊ လုပ်နေကြတာကတော.--- သူတို.နဲ. မတိမ်းမယိမ်း အမြီးရ အမြီးစား ခေါင်းရ ခေါင်းရခေါင်းစားတွေနဲ.လုံးထွေးနေကြတယ်။    ငွေ ၁၀၀ပေး အသားယူတဲ.၀န်ကြီးမျိုးစီကို မရှက်မကြောက် အောက်ဈေးနဲ. ၀င်တဲ. အခွင်.အရေးသမားတွေ တစုကြောင်.--နေပြည်တော် က အကြီးစားတွေ၏ မြေခွေးတပည်.တွေ  ပိုရောင်.တက် လာတယ်လို. မှတ်လိုက်ပါတယ်။

မြန်မာပြည် ဟာ ငါဗိုလ်ချုပ်တွေ ပဲပိုင် ငါတို.နဲ.ပဲဆိုင်-ငါတို.လုပ်ချင်  ရာလုပ်လို.ရတယ်။ငါတို.သဘောအတိုင်း   ပိတ်လို.ရ ဖွင်.လိုရ ငါတို.လုပ်ချင်တာငါတို.လုပ်မယ်၊ ပြောချင်တာပြောမယ်ဆိုတာ --ဒီမိုကရေစီ စိတ်ထားနဲ.လားလားမှမဆိုင်တဲ. ဘုရားမကြိုက် နတ်မကြိုက် လူဆိုးလူမိုက်  thug mentality သာဖြစ်ပါကြောင်း။

မြန်မာပြည် ဟာ--
အားလုံးနဲ.ဆိုင်တယ်။ အားလုံးပိုင်တယ်။
တိုင်းပြည် အတွက် တိုက်ပွဲဝင်ခဲ.၀င်ဆဲ မျိုးဆက်သစ်တွေကို အမြဲချိုးနှိမ်ချင်တဲ. ကြောင်သူတော် လူကြီးမင်းတို.ဖက်က   အပေါစား ၀ါဒဖြန်.ချီရေးပြန်ကြားရေးတွေကို ရပ်သင်.ပြီ။
တခုထပ်ပြောမယ်။ မြန်မာပြည်ဟာ မြန်မာနိုင်ငံသားတွေ အားလုံးနဲ.ဆိုင်တယ်။ မြန်မာနိုင်ငံကိုလူတိုင်း တံခါးမရှိ ဒါးမရှိဝင်ခွင်.ရှိတယ်။ (ခေါင်းဖြတ်ထား၊လူသတ်ထား၊ ခိုးထား၊ ဘင်ဂါလီ ပွဲစားလုပ် ပြီး ငွေလိမ်ယူထားတဲ.သူတွေကလွဲရင် ဆိုပါတော.။)

ကလေး၊ကျောင်းသား၊ရဟန်း အားလုံးကို သတ်ခဲ.၊ မတောင်းပန်ခဲ.။ တိုင်းပြည်ကို အခွံပဲ ကျန်အောင် ခိုးခဲ. လုယူခဲ.မတရားပြုခဲ.တဲ.  နှစ်၅၀ စစ်ကားကြီးထဲက အဓိကဇတ်ကောင် တွေထက် နှလုံးသား  ပိုညစ်ညမ်းတဲ. black list ဆိုတာများ ဤ ကမ္ဘာမြေပေါ်မှာ  ရှိများရှိခဲ.ရင်--------


aye aye soe win
august 29 2012

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ