မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, August 29, 2012

ကမြောကင်းတံတားအနီးတွင် ဆောက်လုပ်မည့် လုံးချင်းအိမ်ရာ(၁၅ဝ)နှင့် ကွန်ဒိုတစ်လုံးပါ Shopping Mall စီမံကိန်း

မြတ်မိုးကျော်(မြစ်မခ)
by Myit Makha Mediagroup on 30 Aug, 2012


ရေနက်ဆိပ်ကမ်းတည်ရှိရာ ထားဝယ်မြို့သည် မြန်မာနိုင်ငံ၏ အရေးပါသော မြို့တစ်ခုဖြစ်လာနိုင်သော အခြေအနေရှိသည့် မြို့ဖြစ်သည်နှင့်အညီ ထားဝယ် ကမျောကင်းတံတားအနီးတွင် ကျပ်သိန်းပေါင်း ၃ သောင်းမှ ၅ သောင်းကြား  ရင်းနှီးမြှုပ်နှံမည့် Shopping Mall စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။
 
အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ သြဂုတ်(၂၉) ရက်နေ့၊ မနက်(၉)နာရီအချိန်တွင် ထားဝယ်မြိုတော်ခန်းမ၌ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
ထားဝယ်ကနေပြီးတော့ မောင်းမကန်၊ လောင်းလုံမြိုတွေကို ဆက်သွယ်ထားတဲ့  ကမျောကင်းတံတားအနီးမှာ ကုမ္ပဏီက တည်ဆောက်တဲ့ စီမံကိန်းအတွက် ကျပ်သိန်းပေါင်း ၃ သောင်းမှ ၅ သောင်းအထိ သုံးစွဲဖို့ ရှိတယ်။ စီမံကိန်းမှာ လုံးချင်းအိမ်ရာ ၁၅ဝ ခန့် အပြင် ကွန်ဒိုမီနီယံတစ်လုံးပါ ထည့်ဆောက်သွားဖို့ ရှိပါတယ်'ဟု ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးခင်စိုးက ပြောကြားခဲ့သည်။
 
ထို့အပြင် အဆိုပါစီမံကိန်းတွင် မူကြိုကျောင်း၊ မူလတန်းကျောင်းနှင့် ဆေးပေးခန်းအပြင် ဆိုင်ခန်း ၁၂ဝ ခန်းပါရှိသည့် ဆိုင်တန်းနှင့် ကလေးကစားကွင်းပါ ထည့်သွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရှိသည်။ ထိုစီမံကိန်း၏ အကျိုးဆက်သည် ဒေသခံလူငယ် ၃ဝဝ ခန်ကို အလုပ်အကိုင်ရရှိစေမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
 
ထို့အပြင် ရဟတ်ယာဉ်ကွင်းပါထားရှိပြီး ထိုမှတဆင့် လောင်းလုံးဘုတ်ကျွန်းသိုပါ သွားရောက်လည်ပတ်စေနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။
 
အဆိုပါအခမ်းအနားသိုထားဝယ်ဖွံဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီ၏ ရှယ်ယာရှင်များအပြင် မြိုမိမြို့ဖ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
 
'ကျွန်တော်အပါအဝင် အစိုးရအဖွဲဝင်အားလုံး၊ လွှတ်တော် ဥက္ကဌ၊ဒု ဥက္ကဌအားလုံးဟာ ပြည်သူတွေဆန္ဒအရ သူတွေကြီးပါပဲ၊ ကျွန်တော်တိုလုပ်ကိုင်တာနဲ ပတ်သက်ပြီး အမှားတွေရင် အချိန်မရွေး ကျွန်တော်တို့ကို တင်ပြပါ။ ကျွန်တော်တိုကတော့ စေတနာနဲ့ ဒီဒေသကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စေတနာနဲလုပ်ကိုင်ဆောင်ရွက်တာဖြစ်ကြောင်း၊ အမှားအယွင်းလည်း ရှိကောင်း ရှိနိုင်ကြောင်း၊ အမှားကို ကျွန်တော်တိုပြင်လိုရရင် ချက်ချင်းပြင်ပါ့မယ်' ဟု တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က အမှာစကားပြောကြားခဲ့သည်။
 
ဒေသဖွံ့ဖြိုးမှုစီမံကိန်းများနှင့်ပတ်သက်၍သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ခြေများကိုလည်း ထည့်သွင်းစဉ်းစားစေလိုကြောင်း   ဒေသခံများက ဆိုသည်။
 
'အခုလိုမျိုး စီမံကိန်းတွေရှိလာတာ ဒေသတိုးတက်ရေးအတွက် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အစက အဲ့မှာ နေနေတဲ့ လူတွေအတွက်ရော သူတို့ ဘာလုပ်ပေးနိုင်မလဲ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာတွေရော ဘာတွေရောရှိမ လား ။ ပြီးတော့ ဒေသခံလူငယ်တွေအတွက် အလုပ်ရမယ်ဆိုတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လက်တွေမှာ တကယ်ဖြစ်လာမဖြစ်လာတော့ ဦးတို့လည်း မသိနိုင်ဘူး 'ဟု အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ဇင်က ပြောကြားခဲ့သည်။
 

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ