
တွင်တည်ရှိ သည့် တာမခန်ရွာသို့သွားရာ
ဖားကန့်-တာမခန်လမ်းပေါ်တွင် စက်တင်
ဘာ ၂၁ရက် နေ့လယ် ၁၁နာရီခန့်မှ စ၍
KIA နှင့် မြန်မာတပ်မတော်ကြား ပစ်ခက်တိုက်ခိုက်မှုအချို့ရှိခဲ့ရာ အဆိုပါလမ်း
တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဖားကန့်မြို့နှင့် ဆက်လျက်ရှိသည့်
ဆိုင်းတောင်ရွာနှင့် တာမခန်ရွာများသို့ ပြောင်းရွှေ့တိမ်းရှောင် နေကြကြောင်း
ဖားကန့်မြို့နှင့် ဆိုင်းတောင်ရွာ ဒေသခံများထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၂၂ရက် နံနက် ၁၁နာရီဝန်းကျင်ခန့်က ဆိုင်းတောင်ရွာနှင့် ဆယ်မိုင်ခန့်အကွာ၊
ဖားကန့် တာမခန်လမ်းအလယ်ဗဟိုတွင်ရှိသည့် ကသိုဏ်းတောင်တွင် လက်နက်ကြီးလက်နက်ငယ်ပစ်ခက်တိုက်ခိုက်သံ များ ကြားခဲ့ရပြီး ညပိုင်းတွင်
တစ်ကြိမ်၊ ၂၃ရက် နံနက်ပိုင်းနှင့် ညပိုင်းအထိတိုက်ခိုက်သံများ ဆက်လက်ကြားခဲ့
ကြောင်း၊
စက်တင်ဘာ ၂၄ရက်နေ့လယ် ၂နာရီအချိန်ခန့်တွင်လည်း ဆိုင်းတောင်ရွာမှ နှစ်မိုင်
ခန့်ဝေးသည့် မှော်ရကင်တွင်လည်း တောင်ယာသွားသည့် ဒေသခံ ၃ဦး မိုင်းနင်းမိပြီး
ဖားကန့်ဆေးရုံသို့ တင်ပို့ထားရကြောင်း၊ လွန်ခဲ့သည့် ၄ရက်ခန့်မှစ၍ ဖားကန့်
-တာမခန်လမ်းကို ပိတ်ဆို့ထားကြောင်း၊ ဆိုင်းတောင်ရွာမှဒေသခံ တစ်ဦးက
ပြောသည်။
စက်တင်ဘာ ၂၂မှ ၂၄ရက် နံနက်အစောပိုင်းအထိ ကသိုဏ်းတောင်ကုန်းမှ ထွက်ပေါ်
လာသော လက်နက် ကြီးလက်နက်ငယ် ပစ်ခက်သံ၊ တိုက်ပွဲသံများကြောင့် အနီးအနား
ပတ်ဝန်းကျင်ရှိ မှော်ရွာများမှ ဒေသခံများမှာ တိုက်ပွဲဖြစ်ပွားရာ နေရာ၏ တစ်ဖက်ဆီတွင်
ရှိသည့် တာမခန်နှင့် ဆိုင်းတောင်သို့ ပြောင်းရွှေ့သွားကြကြောင်း ဖားကန့်ဒေသခံ
တစ်ဦးက ပြောသည်။
“မော်မောင်းလယန်မှာ အလှူရှိလို့သွားကြတာ။ ပစ်ခက်တိုက်ခိုက်သံတွေကြားလို့ ပြန်ပြေး
လာကြ တယ်” ဟု စက်တင်ဘာ ၂၂ရက်နေ့က ကသိုဏ်းတောင်အနီးရှိ မော်မောင်း
လယန်ရွာသို့ အလှူပွဲသွားရောက်ခဲ့ သည့် ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။
ဆိုင်းတောင်ရွာအနီး မှော်ရကင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းကွဲမှုနှင့် တိုက်ခိုက်သံများ ကြား
ခဲ့ရခြင်းကြောင့် မှော်ရကင်နှင့် သုံးဖာလုံခန့်ဝေးသည့် နန့်မှော်ရွာမှ ဒေသခံများ
ဆိုင်းတောင်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာ ကြောင်း ဆိုင်းတောင်ရွာခံများ
ထံမှ သိရသည်။
“စက်တင်ဘာ ၂၄ရက် ညနေ ၆နာရီမှာ ဆိုင်းတောင် ဆုတောင်းကုန်း ချက်ကျောင်းကို
လူ၈၀နဲ့ ဆိုင် ကယ်အစီး၅၀ရောက်လာတယ်။ မော်ရကင်မှာ မိုင်းကွဲပြီး ကြောက်လို့
ပြောင်းလာကြတာတဲ့” ဟု ဆိုင်းတောင် ရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲများဖြစ်ပွားရခြင်းမှာ ၄င်းဒေသတွင် အမြင်ဆုံးတောင်ဖြစ်သည့် က
သိုဏ်းတောင်တွင် တပ်ဆွဲထားသည့် မြန်မာတပ်မတော်ကို KIA တပ်များမှ
နှစ်ဖက် ညှပ်တိုက်၍ ဖြစ်နိုင်ကြောင်း၊ လမ်းကြောင်း ပိတ်ထား၍အပျက်အဆီးအကျ
အဆုံး မသိရကြောင်း ဖားကန့်နှင့် ဆိုင်းတောင်မှ ဒေသခံများမှ ပြောသည်။
7day news
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ