
ပြုလုပ်မည့် ပုဂံမြို့ဟောင်းနန်းတော်
ရာအထဲတွင် စားသောက်ဆိုင်နှင့် ရိုးရာ
အနှိပ်ခန်းများထည့်သွင်းရန် ဆောက်လုပ်
မည့်ကုမ္ပဏီက စီစဉ်နေသည့်အပေါ်တွင် ဒေသခံများနှင့် လူမှုအရေး အဖွဲ့
အစည်းများက လက်ခံနိုင်ခြင်းမရှိကြောင်း သိရသည်။
ပုဂံနန်းတော်ရာတွင် နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ လအလိုက် ပျော်ပွဲရွင်ပွဲများပြုလုပ်ပေးမည်ဖြစ်ပြီး စားသောက်ဆိုင်နှင့် အနှိပ်ခန်း
ထားရှိမှုကို ဒေသခံများက လက်ခံနိုင်မှုမရှိကြောင်း သိရသည်။
“ ဒီနေရာအတွက် ကျွန်တော်တို့ နေအိမ်တွေ စားသောက်ဆိုင်တွေ ဖယ်ပေးထား
ရတာပါ၊ ဒါကိုသူတို့က ဒီမှာ စားသောက်ဆိုင်ဖွင့်မယ် ဆိုရင် လက်ခံလို့မရဘူး၊
ရိုးရာအနှိပ်ခန်းဆိုရင်တောင် ယဉ်ကျေးမှုအရကို ကန့်ကွက်ရမှာပါ”ဟု
အဆိုပါမြေနေရာ အတွက် ပြောင်းရွေ့ပေးခဲ့ရသည့် ဒေသခံ
ကိုအောင်ရွှေက ပြောသည်။
အနော်ရထာမင်းလက်ထက်ကတည်ထားခဲ့သော နန်းတော်နှင့်ပုံစံတူပြုလုပ်
ထားသော နန်းတော်ရာထဲ တွင် စားသောက်ဆိုင်များအနှိပ်ခန်းများထည့်သွင်း
ရန်စီစဉ်နေကြောင်းကို ပုဂံမြို့ပွင့်လင်းလူ့အဖွဲ့အစည်းထံက သိရှိရသည်။
အထက်ပါကိစ္စမှာယဉ်ကျေးမှုနယ်မြေဖြစ်သည့်အလျောက်ပုဂံပွင့်လင်းလူ့အဖွဲ့အစည်းမှ
နိုင်ငံတော်သမ္မတနှင့် (၈၈)မျိုးဆက်ကျောင်းသားများထံ စာတင်ခဲ့ကြောင်းကိုလည်း
သိရှိရသည်။
“ကျွန်တော်တို့ ပုဂံညောင်ဦးမြို့မှာ စည်ဘီယာတောင် ရောင်းခွင့်မပေးပါဘူး။
ဒါကိုသူတို့က နန်းတော်ရာထဲကို စားသောက်ဆိုင်တို့ အနှိပ်ခန်းတို့ထည့်မယ်ဆို
တာကိုတော့ လုံးဝ ပိတ်ပင်သွားမှာပါ ကျွန်တော်တို့ ပုဂံညောင်ဦး မြို့ကို စော်ကား
သလိုပဲ``ဟု ပုဂံမြို့ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းညွန့်က ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေး
မှုအမွေအနှစ် စာရင်းဝင်ရန် ထည့်သွင်းထား ခြင်းကြောင့် ပုဂံမြို့ဟောင်းအတွင်းရှိ
နန်းတော်ရာထဲတွင် စားသောက်ဆိုင်များ၊ ကာရာအိုကေ နှင့် အနှိပ်ခန်းများအား ထည့်သွင်းခွင့်မပြုကြောင်းကိုလည်း ယဉ်ကျေးမှု့ဝန်ကြီးဌာန၊ ရှေးဟောင်း
သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်
ဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ဆိုသည်။
“နန်းတော်ရာထဲမှာ အနှိပ်ခန်းတို့ ကာရာအိုကေတို့ကို ဖွင့်ဖို့ရာ ခွင့်မပြုပါဘူး” ဟု
ညွန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ပြောသည်။
ပုဂံရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေနယ်ကို ကမ္ဘာလှည့်ခရီးသွားများမှ အထူးစိတ်ဝင်စားလျက်ရှိပြီး ယခုအခါမြန်မာ့ နိုင်ငံရေးအပြောင်းအလဲများကြောင့်
ပုဂံမြို့သို့ ကမ္ဘာလှည့်ခရီးသွားများ စံချိန်တင်ဝင်ရောက် နေကြောင်းကိုလည်း
သိရှိရသည်။
ပုဂံရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေအတွင်းတွင် ဟိုတယ်များအသစ် တည်ဆောက်ခွင့်မပြု ကြောင်းကိုလည်း သိရှိရသည်။
တူရင်းတောင်ခြေရှိ မြကန်သာကန်အနီးတွင် ဟိုတယ်ဇုံအသစ်ဆောက်လုပ်ခွင့်
မခွင့်မပြုကြောင်း၊ ဟိုတယ်အသစ်တည်ဆောက်ပါက ပုဂံမြို့သစ်တောင်ဘက်ရှိ
ဟိုတယ်ဇုံ(၄)တွင်သာ တည်ဆောက် ခွင့်ပြုထားခြင်းဖြစ်သည်။
ထိုနန်းတော်ရာကို တည်ဆောက်မည့် ကုမ္ပဏီမှာ ထူးကုမ္မဏီမှ အဋ္ဌားစာချုပ်နှင့်
လုပ်ကိုင်နေခြင်းဖြစ်ပြီး ၄င်းကုမ္ပဏီမှ ပိုင်ဆိုင်သည့် ဟိုတယ်များ ပုဂံတွင် များစွာရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
မြစ်မခမီဒီယာ
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ