မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, September 2, 2012

ကျွန်တော်တို့လို ပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် ”

  (မိုးသီးဇွန်)

ပြည်ပ အတိုက် အခံများ အစိုးရပေါ် ယုံကြည်မှု တိုးလာ ဟုဆို -
သြဂုတ်လ ၂ရက် ၂၀၁၂ တနင်္ဂနွေနေ့ 
မြန်မာ နိုင်ငံရေး အပြာင်းအလဲ များနှင့် ပြည် တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း စဉ်များ၊ နိုင်ငံသား
အားလုံး ပါဝင်နိုင် မည့် နိုင် ငံရေး လုပ်ငန်းစဉ် တစ် ရပ် ဖော်ဆောင် နေ မှုကြောင့် ပြည်ပအတိုက်အ ခံများကြား နိုင် ငံတော် သမ္မတကြီးဦးသိန်းစိန် ဦးဆောင် သောအစိုးရအဖွဲ့ ပေါ်ယုံကြည် မှုတိုးလာကြောင်း  ဇွန် လ၁ ရက် နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန် က ပြောကြားသည်။


အဆိုပါ ပြောကြားချက်ကို စက်တင်ဘာ လ ၂ ရက်နေ့ ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ ငြိမ်းချမ်းရေး စင်တာ တွင်ကျင်းပ ပြုလုပ်သောအစိုးရငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဌဦးအောင်မင်း နှင့် တွေ့ ဆုံ သည့် ပွဲတွင် သတင်းထောက်များအား ဦးမိုးသီးဇွန် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဒီနေ့ ဆွေးနွေးမှုရလဒ်အရအစိုးရနဲ့ ယုံကြည်မှု တော်တော် တည်ဆောက် နိုင် ခဲ့ တယ် ပြည် ပ အတိုက်အခံတွေလည်း ယုံကြည်မှု တော်တော်လေး ရလာကြပြီ၊ ကျွန်တော်တို့လို ပဲ ပြည်ပက လူတွေ အများကြီး ပြန်လာ ကြဦးမယ် ” ဟု ဦးမိုးသီးဇွန်က ဆိုသည်။

ငြိမ်းချမ်း ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ကလည်း “ကျွန်တော်တို့ ငြိမ်းချမ်းရေး ကိစ္စ တွေ ၊ All Inclucive လူတွေ အားလုံး ပါဝင်နိုင် မယ့် နိုင်ငံရေး လုပ်ငန်း စဉ်တွေမှာ ခုလိုမျိုး ပဲ ပွင့်လင်း မြင်သာမှု ရှိရှိ ဆက်လက် လုပ်ဆောင်သွားပါမယ် ၊ ဘယ်သူ့မှ ချန်မသွားဘူး ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ABSDFဥက္ကဋ္ဌဟောင်းဒေါက်တာနိုင်အောင်၊ဒေါက်တာသောင်းထွန်း၊ဦးညိုအုန်းမြင့်၊ABSDFဥက္ကဋ္ဌ ဟောင်းနှင့် လူ့ဘောင်သစ် ဒီမိုကရေစီ ပါတီခေါင်းဆောင် ဦးမိုးသီးဇွန် အပါအ၀င် ၊လူ့ဘောင်သစ် ဒီမို ကရေစီ ပါတီဝင် များသည်သြဂုတ်လ၃၁ရက်နေ့ နှင့်စက်တင်ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ဆက် တိုက် ပြည်တော် ဝင်ခဲ့ ကြသည်။


The Voice Weekly

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ