မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, September 25, 2012

ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေအကြောင်းကို သမ္မတ ဦးသိန်းစိန်က အမေရိကန်မှာ နိုင်ငံတကာသိအောင်ပြောကြားမည်

ခိုးဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေအကြောင်းကို သမ္မတ ဦးသိန်းစိန်က အမေရိကန်မှာ နိုင်ငံတကာသိအောင်ပြောကြားမည်
................................................................................................
DVB TV News
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးမှာ သမ္မတရဲ့  ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်တွေကို နိုင်ငံတကာ သိ အောင် ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပြီး ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လဲ ရှင်းလင်း ပြော ကြားသွားဖိ

ု့ ရှိတယ် လို့ သမ္မတရုံးက ပြောပါတယ်။

စက်တင်ဘာ ၂၄ရက်က စတင်လိုက်တဲ့ သမ္မတရဲ့ အမေ၇ိကန် တစ်ပတ်ကြာခရီးစဉ်ထဲ အဓိက ဘာတွေ လုပ်ဆောင်သွားဖို့ ရှိလဲလို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ခုလိုထုတ် ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

အထူးသဖြင့်တော့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘာတွေလုပ်နေတယ်။ ဘာတွေ ဆက်လုပ် သွားမယ်၊ အခက်အခဲတွေ စိမ်ခေါ်မှုတွေက ဘာတွေရှိနေတယ်၊ အဲ့ဒီအတွက် နိုင်ငံတကာက ထောက်ပံ့ကူညီမှု ဘာတွေ လိုအပ်နေတယ် ဆိုတာတွေ သမ္မတအနေနဲ့  ထုတ်ဖော်ပြောကြားသွားဖို့ရှိတယ်လို့လဲ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အမေရိ ကား ခရီးစဉ်မှာ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ တွေ့ဖို့ရှိ မရှိကတော့ မသိရသေးပါဘူး။ ဒါပေမယ့် ကုလသမဂ အထွေထွေအတွင်း ရေး မှုးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင် နာဝပ်၊ အမေရိကန်နိုင်ငံခြားရေး မူဝါပိုင်းက ဟင်နရီကစ်ဆင်းဂျား၊ တခါ ဥရောပသမဂ အီးယူထိပ်တန်းေ ခါင်း ဆောင်တွေနဲ့ အမေရိကန်ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ ဖို့ ရှိတယ်လို့ သမ္မတရုံးကပြော ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၀၉ခုနှစ်တုန်းက နအဖ ၀န်ကြီးချုပ်အနေနဲ့ ကုလသမဂအထွေထွေညီလာခံမှာ တက် ရောက် မိန့်ခွန်းပြောကြားခဲ့ဖူးပြီး၊ သမ္မတအနေနဲ့တော့ ဒါပထမဆုံးအကြိမ် ညီလာခံ တက်ရောက်တာ ဖြစ် ပါ တယ်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ