မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, September 25, 2012

မြန်မာ့ဒီမိုကရေစီအရေး ပြည်ပအကူအညီ လိုအပ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2012-09-25
လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံဒီမိုကရေစီရေးမှာ ပြည်ပအကူအညီနဲ့ အထောက်အပံ့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က အမေရိကန် ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ် လူးဝစ္စဗီးလ်တက္ကသိုလ် “မက္ကော်နယ် ဗဟိုလေ့လာရေးဌာန”တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်ခေါင်းဆောင် မစ္စတာ မစ်ခ်ျမက္ကောနယ်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ် လူးဝစ္စဗီးလ်တက္ကသိုလ် “မက္ကော်နယ် ဗဟိုလေ့လာရေးဌာန” မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
အတိတ်ကလို အဆိုးအကောင်း အလွယ်တကူ ခွဲခြားလို့ရတဲ့အချိန် မဟုတ်တဲ့အတွက် ဒီအခြေအနေမျိုးမှာ အဆိုးအကောင်း ခွဲခြားသိမြင် လုပ်ကိုင်နိုင်ဖို့ ဥာဏ်ပညာအားဖြင့် မြန်မာနိုင်ငံကို ၀ိုင်းဝန်း အကူအညီပေးကြဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ဘယ်အရာက အမှန်တရားလဲ၊ ဘယ်ဟာက အပေါ်ယံလဲ ဆိုတာကို ခွဲခြားသိနိုင်ဖို့ အရေးကြီးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါဟာ အလွန်တရာခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။
ဒီအခမ်းအနားကို အထက်လွှတ်တော် အမတ် မစ္စတာ မက္ကောနယ်လည်း တက်ရောက်ပြီး မြန်မာ့အရေး လေ့လာသူတွေ၊ ကင်တပ်ကီပြည်နယ်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး ဦးကျော်မင်းထွန်းရဲ့တင်ပြချက်ကို နားဆင်ပါ။
တင်ပြချက်။
အသံဖိုင်ယူရန်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ