ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ
စစ်တွေ၊အောက်တိုဘာ-၃၀
လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှု များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများ က ပြောသည်။
အထူးသဖြင့် ကလေးသူ ငယ်များနှင့် အမျိုးသမီးများအ တွက် အကူအညီများ လိုအပ် လျက်ရှိကြောင်း ၎င်းင်းတို့ကပြော သည်။ ပဋိပက္ခဖြစ်စဉ်များအ တွင်း နေအိမ်များ မီးလောင်ဆုံး ရှုံးမှုများကြောင့် မည်သည့်ပစ္စည်း မှ မကျန်အောင် ဆုံးရှုံးမှုများ ဖြစ် ပွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်လာခဲ့သူများကပြောသည်။
''အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုနဲ့ ပြေးလာရတာဆိုတော့ လိုတာကအားလုံးပဲ။ လောလော ဆယ်တော့ ဆန်လှူတဲ့သူရှိပေ မယ့် ဟင်းစားအတွက် အခက်အ ခဲရှိတယ်။ အ၀တ်အစားလည်း လို တယ်"ဟု မြောက်ဦးမြို့ အလို တော်ပြည့်ကျောင်းဆရာတော်က မိန့်ကြားသည်။
မြောက်ဦးမြို့တွင် မတည် ငြိမ်မှုများကြောင့် အောက်တိုဘာ၂၂ ရက်က ထွက်ပြေးတိမ်းရှောင် လာသည့် ရခိုင်တိုင်းရင်းသား ၈၀၀ခန့်ကို အလိုတော်ပြည့် ကျောင်းအတွင်း စောင့်ရှောက်ထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် ပြောင်း ရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ အားလည်း ပြန်လည်နေရာချထား မှုများ မပြုလုပ်နိုင်သေးဘဲ ဒုက္ခသည်စခန်းများအတွင်းတွင် သာ နေထိုင်လျက်ရှိသည်။ အဆိုပါ ဒုက္ခသည်စခန်းများတွင်လည်း အစိုးရအစီအစဉ် အကူအညီဖြင့် ထောက်ပံ့မှုများကို အဓိကထားပြီး ရပ်တည်နေရသည်။
''အခုက စပါးရိတ်ချိန်လေ။ စိုက်တဲ့အချိန်မှာလည်း ပြဿနာ ဖြစ်လို့ ဒုက္ခရောက်တယ်။ ရိတ်တဲ့ အချိန်ကျတော့လည်း ပြဿနာ ဖြစ်တယ်။ ၀မ်းစာတောင်စိုးရိမ် နေရတယ်"ဟု ကျောက်တော်မြို့ နယ်အတွင်းမှ ဒေသခံတောင်သူ ကပြောသည်။
ဒုက္ခသည်များက လတ်တ လောတွင် စေတနာရှင်များနှင့် အ စိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့မှု များဖြင့် ရပ်တည်နေရသော်လည်း ရေရှည်တွင် အခက်အခဲကြုံတွေ့ နိုင်ကြောင်းပြောသည်။
''သောက်ရေသန့်တွေ အဓိ ကလိုတယ်။ စားဖို့အတွက် ဝေ ပေမယ့် ခြိုးခြံပြီးစားရတယ်"ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဦးမောင်အေးမောင်ကပြောသည်။
ဒုက္ခသည်စခန်းများအတွင်း အညစ်အကြေးစွန့်ရန်အတွက် အိမ်သာများ ထားရှိပေးထားသော် လည်း အိမ်သာဖြင့် အညစ်အ ကြေးစွန့်ပစ်လေ့မရှိသည့် ဓလေ့ များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ် လျက်ရှိကြသည်။
ဒုက္ခသည်များအား အကူ အညီပေးနေသော ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ၏အဆိုအရ နေရာပေါင်းစုံမှ ဒုက္ခသည်များထံ အကူအညီများ ရောက်ရန် အခက်အခဲများစွာရှိ ကြောင်းလည်း သတင်းရရှိသည်။
မတည်ငြိမ်မှုများကြောင့် မီး လောင်မှုများအတွင်း ဆုံးရှုံးခဲ့ရာ တွင် ပစ္စည်းဥစ္စာအားလုံးနီးပါး ဆုံးရှုံးခဲ့ရကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် နေအိမ်အဆောက် အအုံများအပြင် အားလုံးလိုအပ် လျက်ရှိကြောင်း ဒုက္ခသည်များက ပြောသည်။
စစ်တွေ၊အောက်တိုဘာ-၃၀
လတ်တလောဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်း မတည်ငြိမ်မှု များကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း ဒုက္ခသည်များနှင့် အကူအညီပေးရေးအဖွဲ့အစည်းများ
အထူးသဖြင့် ကလေးသူ ငယ်များနှင့် အမျိုးသမီးများအ တွက် အကူအညီများ လိုအပ် လျက်ရှိကြောင်း ၎င်းင်းတို့ကပြော သည်။ ပဋိပက္ခဖြစ်စဉ်များအ တွင်း နေအိမ်များ မီးလောင်ဆုံး ရှုံးမှုများကြောင့် မည်သည့်ပစ္စည်း မှ မကျန်အောင် ဆုံးရှုံးမှုများ ဖြစ် ပွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်လာခဲ့သူများကပြောသည်။
''အ၀တ်တစ်ထည်၊ ကိုယ် တစ်ခုနဲ့ ပြေးလာရတာဆိုတော့ လိုတာကအားလုံးပဲ။ လောလော ဆယ်တော့ ဆန်လှူတဲ့သူရှိပေ မယ့် ဟင်းစားအတွက် အခက်အ ခဲရှိတယ်။ အ၀တ်အစားလည်း လို တယ်"ဟု မြောက်ဦးမြို့ အလို တော်ပြည့်ကျောင်းဆရာတော်က မိန့်ကြားသည်။
မြောက်ဦးမြို့တွင် မတည် ငြိမ်မှုများကြောင့် အောက်တိုဘာ၂၂ ရက်က ထွက်ပြေးတိမ်းရှောင် လာသည့် ရခိုင်တိုင်းရင်းသား ၈၀၀ခန့်ကို အလိုတော်ပြည့် ကျောင်းအတွင်း စောင့်ရှောက်ထားသည်။ ၎င်းတို့ထဲမှ အများစုမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြောင်း စာရင်းများအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လများအတွင်း ပထမတစ်ကြိမ် ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကြောင့် ပြောင်း ရွှေ့နေထိုင်ရသည့် ဒုက္ခသည်များ အားလည်း ပြန်လည်နေရာချထား မှုများ မပြုလုပ်နိုင်သေးဘဲ ဒုက္ခသည်စခန်းများအတွင်းတွင်
''အခုက စပါးရိတ်ချိန်လေ။ စိုက်တဲ့အချိန်မှာလည်း ပြဿနာ ဖြစ်လို့ ဒုက္ခရောက်တယ်။ ရိတ်တဲ့ အချိန်ကျတော့လည်း ပြဿနာ ဖြစ်တယ်။ ၀မ်းစာတောင်စိုးရိမ် နေရတယ်"ဟု ကျောက်တော်မြို့ နယ်အတွင်းမှ ဒေသခံတောင်သူ ကပြောသည်။
ဒုက္ခသည်များက လတ်တ လောတွင် စေတနာရှင်များနှင့် အ စိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့မှု များဖြင့် ရပ်တည်နေရသော်လည်း ရေရှည်တွင် အခက်အခဲကြုံတွေ့ နိုင်ကြောင်းပြောသည်။
''သောက်ရေသန့်တွေ အဓိ ကလိုတယ်။ စားဖို့အတွက် ဝေ ပေမယ့် ခြိုးခြံပြီးစားရတယ်"ဟု ဘောဒူဗဒုက္ခသည်စခန်းမှ ဦးမောင်အေးမောင်ကပြောသည်။
ဒုက္ခသည်စခန်းများအတွင်း အညစ်အကြေးစွန့်ရန်အတွက် အိမ်သာများ ထားရှိပေးထားသော် လည်း အိမ်သာဖြင့် အညစ်အ ကြေးစွန့်ပစ်လေ့မရှိသည့် ဓလေ့ များကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ
ဒုက္ခသည်များအား အကူ အညီပေးနေသော ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ ၏အဆိုအရ နေရာပေါင်းစုံမှ ဒုက္ခသည်များထံ အကူအညီများ ရောက်ရန် အခက်အခဲများစွာရှိ ကြောင်းလည်း သတင်းရရှိသည်။
မတည်ငြိမ်မှုများကြောင့် မီး လောင်မှုများအတွင်း ဆုံးရှုံးခဲ့ရာ တွင် ပစ္စည်းဥစ္စာအားလုံးနီးပါး ဆုံးရှုံးခဲ့ရကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် နေအိမ်အဆောက် အအုံများအပြင် အားလုံးလိုအပ် လျက်ရှိကြောင်း ဒုက္ခသည်များက ပြောသည်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ