မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, October 28, 2012

အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန် ကြိုးစားသူအား နွားသတ်၍သေဆုံး


ပလစ္စတိုင်းနိုင်ငံ မြို့တော် ဂါဇာမြို့တွင်
 အောက်တိုဘာ ၂၇ရက်နေ့(စနေနေ့)က
ကျရောက်သော အစ္စလာမ်ဘာသာတို့၏ အိဒ်ပွဲတော်အတွင်း နွားလည်လှီးရန်

 ကြိုးစားသူ ပါလစ္စတိုင်းအမျိုးသား တစ်ဦးအား နွားသတ်၍ သေဆုံးသွားကြောင်း ယင်းအစိုးရမှ တရားဝင်
သတင်းထုတ်ပြန်သည်။

 ကမ္ဘာတ၀ှမ်း၌ အစ္စလာမ်တို့၏ အိဒ်ပွဲတော် ၄ရက်အတွင်း နွားနှင့် ဆိတ်ကို သောကြာနေ့က စတင်လည်လှီးသတ်ဖြတ်မှု စ တင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဂါဇာမြို့အတွင်း တိရစ္ဆာန်များကို သတ်ဖြတ်ရန်ကြိုးစားသူ လူပေါင်း ၁၅၀ ဦးမှာလည်း ဆေးကုသရန် ဆေးရုံသို့ရော က်ရှိနေကြောင်း ဂါဇာမြို့ရှိ ကျန်းမာရေးဝန်ကြီး

ဌာနမှ Ashraf al-Kidra ကဆိုသည်။


ပါကစ္စတန်နိုင်ငံ ပါရှာဝါမြောက်ဘက်တွင် လည်းနွားလှီရန် ပြုလုပ်စဉ် နွားတစ်ကောင်

လွတ်မြောက်ပြီး ကလေးတဦးပါဝင် လူကြီး ၂ဦးဒဏ်ရာရခဲ့ပြီး အဆိုပါလွတ်မြောက်နွား
အား လူ ဒါစင်ခန့်ပြန်လည် ဖမ်းဆီးပြီး လည်လှီးသတ်ဖြတ်ခဲ့ရသည်ဟု ဆိုသည်။


ရွှေမြန်မာမီဒီယာဂရု

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ