မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Tuesday, October 2, 2012

မြန်မာ-တရုတ် “ရွှေ” သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း အပေါ် မြန်မာပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်


မြန်မာ-တရုတ် “ရွှေ”သဘာဝဓာတ်ငွေ့နှင့်
 ရေနံပိုက်လိုင်းစီမံကိန်းအပေါ်
 မြန်မာပြည်သူလူထု၏ သဘောထား
ထုတ်ပြန်ချက်





                                               ရက်စွဲ။၁အောက်တိုဘာ ၂၀၁၂ 
               
 မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ
ယူနန်ပြည်နယ်သိုသွယ်တန်းမည့်  ရွှေသဘာဓာတ်ငွေ့ နှင့်ရေနံပိုက်လိုင်းစီမံကိန်း
သည်မြန်မာနိုင်ငံ၏မြို့နယ်(၂၁)မြို့နယ်ကိုဖြတ်သန်းသွားပါသည်။ ထိုစီမံကိန်းတွင်

(၁) စာချုပ်ပါစီမံကိန်းအခြေခံအချက်အလက်များကိုလည်းကောင်း  ၊ နိုင်ငံရေးနှင့်
ရေးနှင့်ပါတ်သက်သည့် သဘောတူ ညီချက်များကိုလည်းကောင်း ၊ပိုက်လိုင်းလုံခြုံ
ဘေးကင်းရေး စံနှုန်းများကိုလည်းကောင်း၊ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ
အချက်အလက်များကိုလည်းကောင်း၊ နောက်ဆက်တွဲအကောင်အထည်ဖော်မည့် 
အစီစဉ်များကိုလည်းကောင်း ပြည်သူလူထုအနေဖြင့်သိရှိခွင့်မရရှိခဲ့ပါ။

(၂)  စီမံကိန်းမစတင်မီကပင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ်တမ်းနှင့်လူမှုဘဝ
သက်ရောက်ထိခိုက်မှုစစ်တမ်းများ (EIA,SIA) ကောက်ယူစီစစ်ခြင်းမရှိခဲ့ပေ။ အ
မှန်အားဖြင့် EIA, SIAစစ်တမ်းအရသာစီမံကိန်းကို အကောင်အထည်ဖော်ရန်သင့်
မသင့် ဆုံးဖြတ်ရမည်ဖြစ်သည်။
 
(၃) လယ်ယာမြေနှင့်စိုက်ခင်းများကိုပျက်စီးစေခြင်း၊ အများပိုင်ကျေးရွာသုံးရေကန်
သာသနိက နယ်မြေများ၊ လမ်းများကိုပျက်စီးစေခြင်း၊ သဘာဝရေထွက်များနှင့်ရေ
ရေထိန်းတောများပျက်စီးစေခြင်း ၊ရှားပါးရေနေ ၊ကုန်းနေသတ္တဝါများ၊ဇီဝမျိုးစုံမျိုးကွဲ
များ ထိခိုက်ပျက်စီးစေခြင်း၊ အများပိုင်သစ်တောနှင့်ဒေသခံအစုအဖွဲ့ပိုင်သစ်တော
များကို ပျက်စီးစေခြင်းများ၊ကမ်းရိုးတန်းနှင့်သန္တာကျောက်တန်းများ ထိခိုက်ပျက်စီး
ခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် နှင့်ဂေဟစံနစ်ကို အကြီးအကျယ်ထိခိုက်စေ
ကြောင်း တွေ့ရှိရသည်။
(၄) လူ့အခွင့်အရေးချိုး ဖောက်မှုများ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ 
ကလေးအခွင့်အရေး ချိုးဖောက်မှုများ နှင့်  အမျိုးသမီးများ၏  ဘ၀အပေါ်ထိခိုက်
သက်ရောက်မှုများဖြစ်ပေါ်စေပြီး  မြန်မာနိုင်ငံအတွင်း  ပြည်တွင်းစစ်  ပိုမိုကြီးထွား
အောင်အားပေးနေသော အကြောင်းလည်း ဖြစ်နေသည်။
(၅)     ပိုက်လိုင်းဖြတ်သန်းရာဒေသတလျှောက်  မြေယာသုံးစွဲရာ၌လည်း ပိုင်ရှင်
များကို အသိပေးထားသည့် မှုလမြေပမာထက်ပိုမိုသုံးစွဲခြင်း၊ မြေယာလျော်ကြေး
များကိုထိုက်တန်စွာပေးလျော်မှုမရှိခြင်း၊ဒေသခံများ၏ဘ၀  ရပ်တည်ရေးနှင့်လူမှု
ဘ၀ဖွံ့ဖြိုးရေး ကဏ္ဍမျိုးစုံကိုလည်း အနှောက်အယှက်ဖြစ်စေခြင်းများ  တွေ့ရှိရ 
သည်။
(၆)    ဒေသခံ ဌာနေတိုင်းရင်းသားများ သိရှိခွင့်ရမည့်  မူလအခွင့် အရေးများကို 
လေးစားလိုက်နာမှုမရှိခြင်း၊ စီမံကိန်း အကောင်အထည်ဖေါ်မည့်အဆင့်တိုင်းတွင်
ဒေသခံများပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့် လုံးဝ မရရှိခဲ့ခြင်း  တို့ကိုလည်း  တွေ့ရှိရ
သည်။
(၇) မိမိနိုင်ငံအတွက်  မဟာဗျူဟာကျသော  စီးပွားရေးစီမံကိန်းကြီးများကို တိုင်း
တစ်ပါးလက် ပုံအပ်ခြင်းမှာ နိုင်ငံအချုပ်အခြာ အာဏာနှင့်လုံခြုံရေးအတွက်စိုးရိမ်
ဖွယ်ဖြစ်သည်။ မြန်မာ့မြေပေါ်မှ ဖြတ်သန်းတည်ဆောက် ထားသော ပိုက်လိုင်း၏
ပိုင်ဆိုင်ခွင့် နှင့်  စီမံခန့်ခွဲပိုင်ခွင့်သည်  မြန်မာနိုင်ငံ၏ လက်တွင်  ရှိသင့်သော်
လည်း မြန်မာတွင် အဆိုပါအခွင့်အရေး မရှိပေ။
 ထို့ကြောင့်နိုင်ငံတော်အစိုးရ သက်ဆိုင်ရာကုမ္ပဏီများ၊ တာဝန်ရှိသူများအနေဖြင့်
အထက်ပါ အခြေအနေများ ကို ဖြေရှင်းပေးရန်လိုအပ်သည်။အထက်ပါအချက်များ
မဖြေရှင်းနိုင်ခင် ပိုက်လိုင်းစီမံကိန်းကို  လုံးဝရပ်ဆိုင်း  ထားစေလိုကြောင်း  မြန်မာ
ပြည်သူများမှ လက်မှတ်ရေးထိုး၍ တောင်းဆိုလိုက်သည်။
  
                      မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ 
                          Myanmar-China Pipeline Watch Committee                                                                                             
 အောက်ပါ အဖွဲ့(၁၂) ဖွဲ့ ပါဝင်အတည်ပြုသည်။
(၁)Thazin Development Foundation (ရခိုင်ပြည်နယ်)(၂)Arakan Ray Youth 
(ရခိုင်ပြည်နယ်), (၃) Ayarwady West Development Organization  (မင်းဘူး၊
စကု၊ပွင့်ဖြူ၊ ငဖဲ) , (၄)  Green Network  (Sustainable Development Group)
(မကွေး)(၅) Green Future (ရေနံချောင်း)(၆)ပုပ္ပါးတောင်ထိန်းသိမ်းစောင့်ရှောက်
ရေးအဖွဲ့ (ကျောက်ပန်းတောင်း) (၇) Green for All (တောင်သာ၊မြင်းခြံ၊  နွားထိုး
ကြီး) (၈) စိမ်းရောင်စို (တံတားဦး) (၉) စိမ်းရောင်စို Activities (မန္တလေး)၊   (၁၀) 
စိမ်းလန်းပြင်ဦးလွင် (ပြင်ဦးလွင်)၊ (၁၁) စိမ်းရောင်စို (ကျောက်မဲ)၊ (၁၂) ရှမ်းပြည်
နယ်မြေက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (လားရှိုး၊သီပေါ ၊ နမ္မတူ၊ နောင်ချို ၊ နမ့်
ခမ်း)။
ဆက်သွယ်ရန်။           ။မောင်တင်သစ် -0991021020
                             ။ ကိုအောင်ကျော်စိုး- 09450005209

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ