မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, October 27, 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၃ မေလကုန်တွင် ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်

Saturday, 27 October 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၃မေလကုန်တွင် ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏
ပြောကြားချက်အရ သိရပါသည်။

ယခုကဲ့သို့ ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခြင်းမှာ ရန်ကုန်အပြည်ပြည်
ဆိုင်ရာလေဆိပ်သို့ ယခုနှစ် နှစ်ကုန်ပိုင်းတွင်ခရီးသည်ဝင်ရောက်မှုပမာဏမှာ
လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားမည်ဖြစ်သည့်အတွက် မဖြစ်မနေတိုးချဲ့တည်ဆောက်ရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် အကြိုအရည်ချင်းစစ်ဆေးမှု အောင်မြင်သည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကိုသာ တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍ ပါဝင်
ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ရှင်းလင်းပွဲအား အောက်တိုဘာလ ၂၅ရက်နေ့က
လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပံ္ပ၌ ပြုလုပ်ခဲ့ပြီး၊ ပြည်တွင်း ပြည်ပကုမ္ပဏီများအား အကြိုအရည်အချင်းစစ်ဆေး
သည့်လျောက်လွှာများကို အောက်တိုဘာလ ၂၅နှင့် ၂၆ရက် နေ့များတွင်
ခေါ်ယူခဲ့ပြီးဖြစ်သည်။

ယင်းသို့အကြိုအရည်အချင်းစစ်ဆေးသည့် လျောက်လွှာခေါ်ယူရာတွင် ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝမှု၊ ငွေကြေးခိုင်မာ
တောင့်တင်းမှု၊ ပညာရှင်များ၏ အရည်အချင်းပြည့်ဝမှုနှင့် ဆောက်လုပ်ရေး
ပစ္စည်း ပြည့်ဝ ကောင်းမွန်မှု စသည့်အချက်များအား အမှတ်ပေးစနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။

''ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တာဝန်ယူလုပ်ကိုင်လိုတဲ့
ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ နိုင်ငံတကာမှာ လေဆိပ်လုပ်ငန်း
လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးလျောက်ထားရမှာ
ဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ကို တိုးချဲ့ တည်ဆောက်ဖို့ အရေးတကြီးလို အပ်နေတဲ့အတွက် မေလကုန်တာနဲ့ အပြီးလွှဲပြောင်းပေးအပ်ပြီး လုပ်ကိုင်ခွင့်ပြုသွားမှာပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါသည်။

ယခုကဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် လုပ်ကိုင် ခွင့်ရရှိသော ကုမ္ပဏီသည် လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆောင်ရွက်လျက်ရှိသည့် လေဆိပ်လုပ်ငန်းများအား ကြန့်ကြာ နှောင့်နှေးမှုမရှိစေရဘဲ တည်ဆောက်ရေး
လုပ်ငန်းများအား ဆောင်ရွက်သွားရမည်ဟု သိရပါသည်။

Eleven Media Group

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ