မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Saturday, October 27, 2012

ပုသိမ်မြို့NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦး အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်မည်''

Saturday, 27 October 2012

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် အမျိုးသားဒီမိုကရေစီ
ကွန်ယက်အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်သွားမည်
ဖြစ်ကြောင်းနှုတ်ထွက် NLD ပါတီဝင် ဒေါက်တာသန်းထိုက်က ပြောသည်။

'' ကျွန်တော်တို့ဆီက ပါတီဝင်အဖြစ်က နှုတ်ထွက်သူတွေကို အခြားပါတီတွေက သူတို့ပါတီဝင်ဖို့ စည်းရုံးတာတွေရှိတယ်။ တကွဲတပြားမဖြစ်အောင်လို့ နှုတ်ထွက်တွေစုပေါင်းလက်မှတ်ထိုးပြီး
ကွန်ယက်ဖွဲ့ဖို့ ကြေညာ လိုက်တာပါ။ အမျိုးသားရေးနဲ့ဒီမိုကရေစီရေးရှေ့ရှုလုပ်ဆောင်သွားမှာပါ'' ဟု ဒေါက်တာသန်းထိုက်က ပေါ်ပြူလာနယူစ်သို့ပြောသည်။

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် ပါတီမှနှုတ်ထွက်ပွဲကို ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်က ပြုလုပ်ခဲ့ပြီး ပါတီဗဟို၏ ဒီမိုကရေစီနည်းလမ်းမကျစွာ ဆောင်ရွက်မှုများကို သဘောမကျခြင်း
ကြောင့်နှုတ်ထွက်ခြင်းဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal
ဓာတ်ပုံ - YPI

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ