မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Thursday, November 1, 2012

သံတွဲမြို့ ဂျာမဲ့ဗလီမှ လက်နက်များ ဖမ်းဆီးရမိ

Written by အာရ်ကန်တိုင်းမ်စ်    Thursday, 01 November 2012 16:46    PDF Print E-mail
Ngapali-Thandwe-1-11-12နိုဝင်ဘာလ(၁)ရက်နေ့ နံနက်(၁၀)နာရီတွင် သံတွဲမြို့ရှိ ဗလီများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများအား စစ်တပ်နှင့်ရဲပေါင်းပြီး ရှောင်တခွင် ဝင်ရောက်စစ်ဆေးခဲ့ရာ သံတွဲမြို့ရှိ ဂျာမဲ့ဗလီအတွင်း သိမ်းဆည်းဝှက်ထားသည့် လက်နက်များ ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော လက်နက်များမှာ ဓါး၊ လှံချွန်၊ သံတို သံစ၊ ဂျင်ကလီ၊ လေးခွများနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်တစ်ချို့အား ဖမ်းဆီးရမိပြီး လက်နက်စုဆောင်းထားသော မော်လဝီများမှ လေးဦးကို ဖမ်းဆီးရမိထားကြောင်းသိရသည်။
ဒေသခံတစ်ဦးက " မနက်ပိုင်း(၈)နာရီလောက်က စပြီးတော့ ရခိုင်ဘုန်းကြီးကျောင်းတွေနဲ့ ဘင်္ဂလီဗလီတွေကို ရဲနဲ့စစ်တပ်ပေါင်းပြီးတော့ ရှောင်တခွင် စစ်ဆေးတယ်။ စစ်ဆေးတဲ့အချိန်မှာ သံတွဲမြို့ အလယ်မှာရှိတဲ့ ဂျာမဲ့ဗလီမှာ လက်နက်တွေ ဝှက်ထားတာတွေ့တယ်။ အဲဒီလက်နက်တွေထဲမှာ ပေါက်ကွဲစေတဲ့ လက်နက်တစ်မျိုးပါတယ်။ အဲဒီပစ္စည်းကို လေးခွတို့နဲ့ပစ်လိုက်ရင် ကျတဲ့နေရာမှာ ပေါက်ကွဲတယ်။" ဟု Arakantimes သို့ ပြောကြားသည်။
ထို့အပြင် ဗလီအတွင်း အက်ဆစ်များ သိုလှောင်ထားလျှက်ရှိသည့် အိမ်သာ(၉)လုံးအား တွေ့ရှိခဲ့ကြောင်းနှင့် သံတွဲမြို့ ဒေသခံများမှာ ဘင်္ဂလီများ တိုက်ခိုက်လာမည်ကို အထူးစိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ