မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Wednesday, November 28, 2012

လက်ပံတောင်းအရေးပေါ်သတင်း


မီးလောင်ပျက်စီးသွားသော သပိတ်စခန်းတစ်ခု

 

 မျက်ရည်ယိုဗုံးခွဲအပြီး သံဃာတော်များ ထွက်ပြေးနေရပုံ
 သံဃာတော်(၁၀ပါးလောက်ဒဏ်ရာရတယ်...
Jar Gyi 6:18pm Nov 28
သံဃာတော်(၁၀ပါးလောက်ဒဏ်ရာရတယ်
လက်ပံတောင်းအရေးပေါ်သတင်း ၁

ယနေ့ (၂၉.၁၁.၂၀၁၂) နံနက် (၃)နာရီမှ စတင်ကာ သပိတ်စခန်းများကို အကြမ်းဖက် စတင်ဖြိုခွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ လုံထိန်း ရဲများသည် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲကာ မီးသတ်ကားမှ ရေပိုက်ဖြင့် လူစုခွဲခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် နံပါတ်တုတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနှင့် သံဃာတော်များကို ရိုက်နှက်ခဲ့သည်။ "ကျန်တဲ့သပိတ်စခန်းတွေတော့ မသိဘူး၊ အခု မြင်နေရတာကတော့ သပိတ်စခန်း (၂)ခုကို စပြီး အကြမ်းဖက်နေပြီ၊ အခု ကျွန်တော်မြင်ခဲ့ရသလောက် သံဃာတော် (၁၀)ပါးလောက်တော့ ဒဏ်ရာရသွားပြီ" ဟု သပိတ်စခန်းသို့ ရောက်ရှိနေသူတစ်ဦးက ပြေးလွှားရင်းဖြင့် တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၂

ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၃

ကျော်ရွာဂိတ်သပိတ်စခန်းတွင် သံဃာတော်တစ်ပါး မီးလောင်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ထားခဲ့ရကြောင်း၊ နောက်ထပ် သံဃာတော် တစ်ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၎

လက်ပံတောင်းတောင်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ်(၁) တွင် ဆန္ဒပြနေသော သံဃာတော်များနှင့် လူအားလုံး ဆိုင်ကယ်များကိုပဲ မယူနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်။

မဖြူဖြူဝင်းမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သပိတ်စခန်းအားလုံးမှာလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြော
င်း သတင်းရရှိပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၅

ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ပါဝင်သော ဦးသုမနနှင့် သံဃာတော် ခြောက်ပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြော
င်း သတင်းရရှိပါသည်။

လက်ပံတောင်းအရေးပေါ်သတင်း ၆

ဒဏ်ရာရစာရင်း

၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ
၎။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ



လက်ပံတောင်းအရေးပေါ်သတင်း ၇
လက်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော ကျောင်းတော်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ် ၃ အား စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈

နောက်ဆက်တွဲဒဏ်ရာရစာရင်း
၁။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ကိုရင်ပညာနန္ဒ အပြင်းအထန် မီးလောင်ဒဏ်ရာရ

၂။ ပခုက္ကူအလယ်တိုက်မှ ဦးစန္ဒောဘာသ အပြင်းအထန် မီးလောင်ဒဏ်ရာရ
မီးလောင်ဒဏ်ရာ အနည်းငယ်စီ ရရှိသော သံဃာတော်အပါး (၄၀)ကျော် ရှိပြီး လူပုဂ္ဂိုလ်အနေဖြင့် ၀က်မှေးရွာမှ ကိုကျော်စွာ အနည်းငယ် ဒဏ်ရရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်း အရေးပေါ်သတင်း ၉
သပိတ်စခန်း (၆)ခုစလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ပုသိမ်-မုံရွာလမ်းကိုလည်း အာဏာပိုင်များက ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈ (နောက်ဆက်)
ကျော်ရွာသပိတ်စခန်းမှ သံဃာတော်များသည် ကျော်ရွာထဲသို့ ထွက်ပြေးရကြောင်း၊ ၀မ်ပေါင်သပိတ်စခန်းမှ သံဃာတော်များသည်လည်း ဖောင်းကားဘက်သို့ ထွက်ပြေးသွားရကြောင်း သတင်းရရှိပါသည်။
အရေးပေါ် လူနာတင်ယာဉ်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မုံရွာ-ပုသိမ်လမ်း ပိတ်ဆို့လိုက်သည့်အတွက် လူနာတင်ယာဉ်များ ကံကုန်းဘက်မှ လာရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၀
သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။
ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်က ၀ိုင်းထားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၁
ဝမ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်းအတိအကျ ရရှိပါသည်။
ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေအတွက်မှာ (၅)ပါး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၂
ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းနှင့် ကျောင်းသားသမဂ္ဂမှ ကားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။ မုံရွာဆေးရုံသို့ လက်ပံတောင်းမှ လူနာတင်ယာဉ် တစ်စီး ဆိုက်ရောက်လာကြောင်း တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြုပြောကြားသည်။
သို့သော်လည်း ဒဏ်ရာရရှိသူများစွာ ကျန်ရှိနေပြီး လူနာတင်ယာဉ် လောက်ငမှု မရှိသေးကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၃
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းအနီးတွင် ရပ်ထားသော AP သတင်းဌာနမှ သတင်းထောက်၏ ကားတစ်စီးနှင့် တောင်ကြားတွင်ရပ်ထားသော ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။
အများပြည်သူများ၏ ဆိုင်ကယ်များစွာလည်း ပျက်စီးမီးလောင်ခဲ့ရပြီး အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
လက်ပံတောင်းအရေးပေါ်သတင်း ၁၄ (နောက်ဆုံး သတင်းရေးသည့်အချိန် မနက် ၆ နာရီခန့်)
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများ သပိတ်စခန်းမှ ထွက်ပြေးလာရပြီးနောက် ရွာသို့မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။
 
နိုဝင်ဘာ(၂၉)ရက်နေ့ နံနက် ၃ နာရီခန့်တွင် လက်ပံတောင်းတာင် သပိတ်စခန်းများကို တာဝန်ရှိသူများက စတင်ရှင်းလင်းနေပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ရှင်းလင်းရာတွင် မီးသတ်ပိုက်ဖြင့်ရေဖြန်းခြင်းများပြုလုပ်ကြောင်းလည်းသိရသည်။(မုံရွာ ပွင့်လင်းလူ့အဖွဲ့အစည်း facebook မှ)
 
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများသည် သပိတ်စခန်းမှ ထွက်ခွာလာပြီးနောက် ၎င်းတို့၏ ရွာသို့ မရောက်ရှိဘဲ သပိတ်စခန်းမှ ရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၂၉ ရက် နံနက် ၆နာရီတွင် EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
 
 
ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်း ၆ခုအနက်မှ ၃ခုမှာ မီးရှို့ဖျက်စီးခံရပြီး စခန်း၂ခုတွင် ရှိနေသူများအား ခြိမ်းခြောက် ပြန်ခိုင်းသဖြင့် ပြန်ခဲ့ရကြောင်း၊လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာလည်း ပိတ်မိနေရာမှ ပြန်ခိုင်းသဖြင့် စခန်းတွင်ရှိနေသူများ ပြန်သွားရပြီဖြစ်ကြောင်း ထို့ကြောင့် စခန်း ၆ ခုလုံးအား ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူထားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
 
 မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၉၊ ရန်ကုန်မြို့။

လက်ပန်းတောင်းတောင်ခြေက မြေစာပုံ သပိတ်စခန်းကိ နံနက်  ၃နာ၇ီ ၁၅ မိနစ်မှာ ရဲတပ်ဖွဲ့
က လာပြီးတော့ နောက်ဆုံး အကြိမ် ဖယ်ရှားပေးဖို့ လာပြောကြောင်း၊  ၅ မိနစ် စဉ်းစားချိန်ပေးမည်ဟုဆိုကြောင်း၊ ငါးမိနစ် ၄ မိနစ် ၃ မိနစ် ၂ မိနစ် စဖြင့် ရေတွက်ပြီး နောက်ဆုံး စက္ကန့်မှာ မီးသတ်ပိုက်ဖြင့် စထိုးပြီး သပိတ်စခန်းကို ဖြိုခွဲကြောင်း သပိတ်စခန်းတွင် ပါဝင်ခဲ့သူ တဦးထံမှ သိရှိရသည်။

`မီးသတ်ပိုက်နဲ့ စပက်တော့ ရှေ့ဆုံးက သံင်္ယာတွေက ရေလုံးရဲ့ ဒဏ်ကို မခံနိုင်လို့ နောက်ကို လဲပြိုသွားတယ်။ အဲဒီအချိန်မှာ မျက်ရည်ယို ဗုံးနဲ့ ပစ်တယ်ံ။ပြီးတော့ မီးလောင်ဗုံးနဲ့ ပစ်တယ် သံင်္ယာနှစ်ပါး မီးလောင်ဒဏ်ရာ ရတယ်၊ သွဲ့သွဲ့ဝင်းရဲ့ ညီမ  ဖြူဖြူဝင်း မှာ မျက်နှာ၊ ပေါင်မှာ မီးလောင်ဒဏ်ရာ ရထားတယ်၊ မီးလောင်ဒဏ်ရာ ရတဲ့ သူတွေရှိတယ်` ဟု သပိတ်တွင်ပါဝင်ခဲ့သူက ပြောသည်။

ထို မြေစာပုံ  စခန်းကို ရဲတပ်ဖွဲ့မှ မီးရှို့လိုက်ကြောင်း သိရှိရပြီး၊ သပိတ်စခန်းမှ လူများမှာ ယခု ဖောင်းကားတောင် ကျေးရွာ၊ ဒက္ခိရာမ ကျောင်းတွင် သပိတ်စခန်းဖွင့်ထားကြောင်း သိရှိရသည်။

 

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ