ရန်ကုန်၊ နိုဝင်ဘာ ၁
ရန်ကုန် တက္ကသိုလ်တွင် ပြည်တွင်းပြည်ပ တက္ကသိုလ် များနှင့် အချက်အလက် များ ဖြန့်ဖြူး နိုင်ရန် အတွက် အွန်လိုင်း စာကြည့်တိုက် တည်ထောင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းက The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ အွန်လိုင်း စာကြည့်တိုက် တည်ထောင်ရန် အတွက် Open Society Foundations က ကူညီ ပေးပြီး၊ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ရှိ Cornell University မှ စာကြည့်တိုက် ပညာ ကျွမ်းကျင်သူ တစ်ဦး ရန်ကုန် တက္ကသိုလ် တွင် လာရောက် လေ့လာလျက် ရှိကြောင်း ၄င်းက ထပ်လောင်း ပြောဆိုသည်။
"အွန်လိုင်း ကဆိုတော့ အချိန်နဲ့ငွေကုန် သက်သာ တာပေါ့။ သုတေသန လုပ်သူတွေ အတွက် လည်း တစ်နေရာ တည်းမှာ ရနိုင်တယ်။ မြန်မာနိုင်ငံ က အင်တာနက် လိုင်းက မကောင်းတော့ သိပ် အကျိုး မရှိ မှာလည်း စိုးတယ်" ဟု ဖိလစ်ပိုင် နိုင်ငံတွင် အွန်လိုင်း တက္ကသိုလ် တစ်ခုကို မြန်မာနိုင်ငံ မှ သင်ကြား နေသူ အသက် ၂၅ နှစ်အရွယ် လူငယ် တစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် ရန်ကုန် တက္ကသိုလ် အနေနှင့် အကြီးစား ပြင်ဆင်မှုများ ပြန်လည် ပြင်ဆင် နေသည့် အပြင် နိုင်ငံခြား တက္ကသိုလ်များ ၊ အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ သုတေသန လုပ်ငန်းများ ၊ ဧည့် ပါမောက္ခများ လာရောက် သင်ကြားရေး အစီအစဉ် များ ပြန်လည် စတင် နေကြောင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ထံမှ သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် အွန်လိုင်းစာကြည့်တိုက် တည်ထောင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁ ရန်ကုန် တက္ကသိုလ်တွင် ပြ... |
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ