27/Nov/2012 |
||||
နိုဝင်ဘာ
၂၅ ရက် မွန်းလွဲ ၁ နာရီခန့်က သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာနေ
ဦးအောင်ဆန်း၏ ရော်ဘာခြံ၌ အမျိုးအမည်မသိ သတ္တုအလုံးတစ်လုံးကို တွေ့ရှိ၍
အနီးဆုံးရှိ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့သို့ သတင်းပို့ခဲ့သဖြင့်
တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ အဆိုပါပစ္စည်းသည် လုံးပတ် ၄၂ လက်မ၊
အချင်း ၁၅ လက်မ အရွယ်ရှိ သတ္တုလုံး တစ်လုံးဖြစ်ပြီး အလုံး၏ ဘေးတစ်ဖက်တစ်ချက်
ဝင်ရိုးကဲ့သို့ နေရာတွင် မူလီခေါင်း လေးလုံးစီ တပ်ဆင်လျက် ပါရှိကြောင်း၊
နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သံဖြူဇရပ်မြို့နယ် ဘုရားလေးဆူ
ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ကျုံကန်ချောင်းစပ်တွင် တွေ့ရှိခဲ့သည့်
သတ္တုလုံးနှင့် အရွယ်အစား၊ ပုံသဏ္ဌာန်ပါ တူညီကြောင်း၊ ကောင်းကင်ပေါ်က
ကျရောက်ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။ အဆိုပါ ကောင်းကင်ထက်မှ
ကျရောက်လာသည့် အရာဝတ္ထုနှင့် ပတ်သက်၍ တာဝန်ရှိသူများက လိုအပ်သော
စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇
ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
တနင်္လာနေ့၊ နိုဝင်ဘာလ 26 ရက် 2012 ခုနှစ် မွန်အေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ မီးရှူးမီးပန်းကဲ့သို့ပေါက်
ထိုနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က ကျဆင်းလာခြင်း ဖြစ်ပြီး တွေ့ရှိသည့်
သတ္ထုအစိတ်အပိုင်းအချို့ကို သံဖြူဇရပ်မြို့ စစ်ဖက်လုံခြုံရေးအဖွဲ့ စရဖ ထံ
အပ်နှံလိုက်ကြသည်။
သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝင်းချိုက “မျက်မြင်တွေ့ရှိသူ ဦးပန်းက ကျနော့်ကို လာပြောပြတာတော့ မိုးခြုန်းသံလိုလို၊ မီးပန်းဖောက်သံလိုလို ကြားရပီး အဲဒီအပိုင်းအစကျလာတယ်တဲ့၊ ကျနော်က မြို့နယ်လုံခြုံရေးတွေကို အကြောင်းကြားလိုက်တယ်၊ စစ်ဆေးကြည့်တော့ သံကြွပ်နဲ့ခပ်ဆင်ဆင်ပဲ” ဟု ပြောသည်။ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ၄င်းပငရွာမှရရှိခဲ့သော သတ္ထုထည်မှာ အရှည် ၂.၈ ပေ၊ လုံးပတ်(ဗျက်) ၈ လက်မရှိပြီး အလေးချိန် ၄ ပေါင်ခန့်ရှိသည်ဟု ဖေါ်ပြထားသည်။ အလားတူ ပငရွာ၏အရှေ့ဖက် ၅ မိုင်(ကောင်းကင်မြေပုံ)ခန့် “သံဖြူဇရပ်အရှေ့တောင်ဖက် ကျုံခွန်၊ ဖားပြတို့မှာလည်း ဒီလိုအသံတွေကြားခဲ့ရတယ်လို့ တချိန်တည်းတွင် ပငကျေးရွာ၏တောင်ဖက် ၄ မိုင်(ကောင်းကင်မြေပုံ)ခန့် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကိုသက်ဆိုင်ရာမ ပငရွာတွင်တွေ့ရသော သတ္ထုအပိုင်းအစ (သံဖြူဇရပ် Facebook) |
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ