၁၁-၂၀၁၂ ၊ မနက်၎နာရီခန့်တွင်
ကျောက်ဖြူမြို့၊ ခြေမြန်တပ်ရင်းအမှတ်
၅၄၂ အနီးရှိ အုန်းတောကျေးရွာ
ပင်လယ်ကမ်းခြေတွင် စက်လှေဝင်ရိုး ချွတ်ယင်းမှုကြောင့် ဘင်္ဂလီစက်လှေတစီး တစီးကို ရေတပ်က ဖမ်းဆီး နိုင်ခဲ့သည်။
အဆိုပါ စက်လှေတွင် ဘင်္ဂလီမူဆလင် ၄၆ ယောက် စီးနှင်းလိုက်ပါလာကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလီကုလားများမှာ အသက် ၂၀ ကျော် နှင့် ၅၀ နီးပါးရှိ လူရွယ်လူငယ်များဖြစ်ပြီး မြန်မာ စကားနှင့် ရခိုင်စကား ကို တတ်ကျွမ်းမှု မရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
အဆိုပါ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂလီများကို အမှတ် ၅၄၂ ခြေမြန် တပ်ရင်းက ထိန်း သိမ်း ဖမ်းဆီး ထားသည်။
ကျောက်ဖြူဒေသခံတဦးက မနက်က ရဲစခန်းကနေ ကြားခဲ့တယ်။ ကုလား ၄၆ ယောက် ဖမ်းမိထားတယ်။ အဲကုလားတွေက စစ်တွေ သဲချောင်းကနေလာပြီး ကျောက်ဖြူမြို့ကို မီးရှို့ရန် လာတယ်ဆိုပြီး ကောလဟာလ သတင်းထွက်တော့ ဒေသခံတွေက အတော် စိုးရိမ်ထိတ်လန့်သွားတာပေါ့၊ နောက်မှ ဘင်္ဂလီတွေ၊ တဖက်နိုင်ငံကနေ စက်လှေစီးပြီး ထွက်လာတာ။
လမ်းခုလတ်မှာ စက်လှေပျက်လို့ ခုလို ကျောက်ဖြူကမ်းကို ရောက်လာတယ်။ ရခိုင်စကားလည်းမတတ်ဘူးလေ။ ဘင်္ဂလားဒေ့ရှ်ကနေ လာကြတာဖြစ်တယ်။ ခု ၅၄၂ စစ်တပ်က သူတို့ ကို ဖမ်းဆီး ထိန်းသိမ်းထားတယ်" ဟု ဆိုသည်။
ယမန် တနေ့ကလည်း ကျောက်ဖြူမြို့ သို့ စစ်တွေ သဲချောင်း စခန်းမှ ကျောက်ဖြူအကြမ်းဖက် မီးရှို့မှုတွင် အဓိက ပါဝင် ကြိုးကိုင်ခဲ့သူ ကျောက်ဖြူမြို့ပိုက်ဆိုက်ရပ်ကွက်မှ ဘင်္ဂလီ မူဆလင်ကုလား ၆ ယောက်ကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး ကျောက်ဖြူ အကျဉ်းထောင်တွင် ထိန်းသိမ်းထားလျက်ရှိကြောင်း ကျောက်ဖြူမှ လာသော သတင်းအရ သိရသည်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ