22/Nov/2012 |
||||
|
||||
နိုင်ငံခြားသား
အမြဲတမ်း နေထိုင်ခွင့် Permanent System (PR) စနစ်ကို မြန်မာနိုင်ငံတွင်
ကျင့်သုံးနိုင်ရန်အတွက် PR စနစ် ကျင့်သုံးသည့် နိုင်ငံပေါင်း ၇၀ ကျော်ကို
လေ့လာသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားခဲ့သည်။
“အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူတွေထဲမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ
ပါမယ်။ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ ပါမယ်။ ပြည်ပနိုင်ငံတွေမှာ
နိုင်ငံသား ခံယူထားတဲ့ မြန်မာတွေပါမယ်။ သူတို့ကို PR စနစ်နဲ့
အမြဲတမ်းနေထိုင်ခွင့်ပြုဖို့ ကနဦး လိုအပ်ချက်တွေက ဘာတွေလိုမလဲ။
နိုင်ငံတော်ကို ပေးရတဲ့အခကြေးငွေ ဘယ်လိုကောက်သလဲ။ PR ခွင့်ပြုမှုသက်တမ်း
ဘယ်လောက်ပေးလဲ။ PR ရရှိသူတွေရဲ့ အခွင့်အရေးနဲ့ PR ရုပ်သိမ်းနိုင်တဲ့
အချက်တွေ စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်သန်းက
ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven
ဂျာနယ်တွင် ဖော်ပြထားပါသည်။
|
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
▼
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ