(၈၈)မျိုးဆက်က ABSDFနှင့် ပေါင်း၍ ညီလာခံတစ်ရပ် ကျင်းပရန် စီစဉ်
ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 19 Dec, 2012
by Myit Makha Mediagroup on 19 Dec, 2012
ABSDF အဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် ၎င်းတို့နှစ်ဖွဲ့အပြင်
ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား အင်အားစုအားလုံးပါဝင်သည့် ညီလာခံ
တစ်ရပ်ကျင်းပရန်အတွက် ဒီဇင်ဘာ(၁၉)ရက်နေ့က ၈၈
မျိုးဆက်ကျောင်းသားများရုံးခန်း၌ တွေ့ဆုံ နွေးနွေးခဲ့ကြသည်။
“၈၈
ကျောင်းသားတွေနဲ့ တွေဆုံပြီးတော့ လွတ်လွတ်လပ်လပ်ပဲ စကားတွေပြောတယ်။
အမြင်တွေ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ABSDF နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ
ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသား အင်အားစုတွေ
အားလုံးပူးပေါင်းပါဝင်တဲ့ ညီလာခံတစ်ခု တွေ့ဆုံပွဲတစ်ခု ဖြစ်ဖို့
ဆက်လက်ပြီးတော့ ဖော်ဆောင်သွားဖို့ရှိပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဋ္ဌေးကြွယ်က ပြောသည်။
ABSDF
ကျောင်းသားအဖွဲ့အနေဖြင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင်
ထိထိရောက်ရောက် ပါဝင်နိုင်ရန်အတွက်
လိုအပ်သည့်အချက်အလက်များရှာဖွေသွားမည်ဖြစ်ပြီး NLD ကဲ့သို့ ပါတီ အဖွဲ့
အစည်းများ၊ တိုင်းရင်းသား အင်အားစုများ၊ ဗ.က.သ၊
ကျောင်းသားလူငယ်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းကိုလည်း
သိရှိရသည်။
“ကျွန်တော်တို့
တကယ်သွားချင်တာက ငြိမ်းချမ်းရေးအစစ်အမှန်ကို သွားချင်တာပါ။ ငြိမ်းချမ်းရေး
မပါပဲနဲ့ ဘယ်ဒီမိုကရေစီမှ ဘယ်ပြူပြင်ပြောင်းလဲရေးမှ
တည်ဆောက်လို့မရဘူးဆိုတဲ့ အပေါ်မှာ အခြေခံပြီးတော့ တွေ့ဆုံခြင်း ဖြစ်တယ်။
ပြည်တွင်းပြည်ပ အင်အားစုအားလုံးပါဝင်တဲ့ တွေ့ဆုံပွဲကြီး
တစ်ခုလုပ်နိုင်ဖို့ဆိုတာ နိုင်ငံရေးအခြေနေအပေါ်မှုတည်သလို
ပြင်ဆင်ဖို့အချိန်လည်း လိုပါသေးတယ်” ဟု ကိုဋ္ဌေးကြွယ်က ဆက်ပြောသည်။
အဆိုပါတွေ့ဆုံပွဲပြုလုပ်နိုင်ရန်
နိုင်ငံရေးအခြေအနေအပေါ်တွင် မူတည်ကြောင်း၊ အစိုးရငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များလည်း ရှိကြောင်း၊ ငြိမ်းချမ်းရေးအစစ်အမှန်လမ်းကြောင်းသို့
သွားလိုကြောင်း ပြည်တွင်း ပြည်ပ အင်အားစုအားလုံးပါဝင်သည့်
တွေ့ဆုံပွဲကြီးတစ်ခုလုပ်ဆောင်ရန်မှာ နိုင်ငံရေးအခြေနေပေါ်တွင် မှုတည်သကဲ့သို့
ပြင်ဆင်ရန်အချိန်လည်း လိုအပ်ကြောင်း ၄င်းက ဆက်သိရှိရသည်။
“တွေ့ဆုံမှုမှာ
နှစ်ဖက်ကြားထဲမှာ ရင်းရင်းနှီးနှီးအမြင်တွေဖလှယ်ခဲ့ကြတယ်။ မ.ဂ.ဒ
ရဲ့ဒီခရီးစဉ်ကို ရှေ့ဆက် ခရီးလမ်းမှာ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မလဲဆိုတဲ့
အခြေခံအောက်မှာ သဘောထားတွေ စုစည်းဖို့ ပြည်တွင်း အင်အားစုတွေရဲ့
အကြံတွေအမြင်တွေနားထောင်ပြီးတော့ ရှေ့ဆက်လုပ်ဆောင်သွားမယ်။ တိုင်းပြည်မှာ
ဖြစ်နေတဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ပေါ်ပေါက်လာဖို့ကြိုးစားမယ်” ဟု ABSDF အဖွဲ့မှ ကိုကျော်ကိုကိုက ပြောသည်။
ABSDF
အဖွဲ့ဝင်များအနေဖြင့် ဒီဇင်ဘာ(၁၆)ရက်နေ့ကတည်းက
စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး၊ ထိပ်ပိုင်းခေါင်းဆောင်(၁၀)ဦးမှာ
ဒီဇင်ဘာ(၁၈)ရက်နေ့၌ မြ၀တီလမ်းကြောင်းမှတဆင့် ၀င်ရောက်လာခြင်းဖြစ်သည်။
ABSDFအဖွဲ့ဝင်များအနေဖြင့်
ခရီးစဉ်တစ်လျှောက် အခြေနေများ ရှေ့ဆက်လုပ်ဆောင်မည့်
နိုင်ငံရေးအခြေနေများကို ဇန်န၀ါရီလ (၃)ရက်နေ့တွင် ရန်ကုန်၌
သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ