မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။

Sunday, December 2, 2012

လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှု အင်အားသုံးဖြိုခွင်းမှုအပေါ် စစ်တွေ အမျိုးသမီးတစ်ဦး တစ်ကိုယ်တော် ကန့်ကွက်ဆန္ဒပြ

By Coral Arakan News

ယနေ့ ဒီဇင်ဘာ နှစ်ရက်နေ့ မွန်းလွဲ သုံးနာရီခန့်တွင် ရခိုင်အမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်မညိုအေးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြခဲ့သည်။

၎င်းကိုင်ဆောင်လာသော လက်ကိုင် ဆိုင်းဘုတ်ပြားတွင် “လက်ပံတောင်းတောင် လူထုဆန္ဒဖော်ထုတ်မှုအား အင်အားသုံးဖြေရှင်းမှုကို ကန့်ကွက်” ဟု ရေးသားထား သည်။

မေယုလမ်း မေယုဈေးအနီးမှ စတင်ထွက်ခွာလာသော ဒေါ်မညိုအေး မြို့ထဲ တစ်နေရာ အရောက်တွင် ရဲဝန်ထမ်းအချို့က ၄င်းကိုင်ဆောင်လာသောကဒ်ပြားအား ဆွဲယူ သိမ်းဆည်း သွားသည်။

Coral Arakan News

No comments:

Post a Comment

ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ