MOETHIHAAUNG
မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
(Move to ...)
မည်သူမဆိုလွတ်လပ့်စွာကူးယူနှိင်သည်။
Members of the Burmese community protest outside the Toronto Star office
Fear, loathing and lies in Rakhine state
This is racism, not Buddhism
Shedding light on Myanmar’s sectarian strife
▼
Sunday, December 2, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်ကျောင်းသားများနေပြည်တော်တွင်တွေ့ ဆုံ
88 Generation Students
လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်
သို့ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာ တွင် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် ကော်မရှင်တွင် ပါဝင်ရန် ဆန္ဒမရှိကြသော်လည်း ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် လက်ပံတောင်းတောင် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက် ပေးသွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် ညနေ ၅း၃၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ခဲ့ကြပြီး တစ်နာ ရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် လက်ပံတောင်းတောင် အရေးကိစ္စများ အပါ အ၀င် နိုင် ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာများနှင့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့သည် ၆း၅၀ နာရီ တွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာခဲ့ကြသည်။
Sun Ny
၂-၁၂-၂၀၁၂ နေ့ ညနေ ၅း၀၀ မှ ၆း၀၀ နာရီအထိ တစ်နာရီကြာ ၈၈ မျိုးဆက်ကျောင်းသားများ (ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် နှင့် ကိုမြအေး ) တို့သည် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ကြပါတယ်..
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ
‹
›
Home
View web version
No comments:
Post a Comment
ပေးလာသော ကော့မင်း (Comment) များကို စီစစ်ပြီးမှပြန်တင်ပေးမှာဖြစ်ပါတယ်။
ကျေးဇူတင်ပါတယ်
ဘလော့ဂါ